သဘောထားမှတ်ချက်- မြန်မာနိုင်ငံ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်ခြင်းဟာ တိုင်းပြည်အတွက် ဘာကို ဆိုလိုသလဲ

၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ရှမ်းပြည်မြောက်ပိုင်းမှာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အံ့အားသင့်ဖွယ်ရာ ထိုးစစ်စစ်ဆင်ရေး ၁၀၂၇ အပြီး တိုင်းပြည်ပြိုကွဲမှာကို စိုးရိမ်တယ်လို့ ၎င်းရဲ့ထုတ်ပြန်ချက်အပေါ် နိုင်ငံတကာကအာရုံစိုက်မှုအချို့ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ သူသည် ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ ဆေးခွင့်နဲ့ အနားယူခဲ့ပါတယ်။ ဒိနောက် SAC အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့ပါတယ်။ ၁၉၅၁ ခုနှစ် ဇူလိုင်လမှာ မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမှာ မွေးဖွားခဲ့ပြီး မြန်မာ့ဆိုရှယ်လစ်နှစ်များအတွင်း မြင့်ဆွေဟာစစ်တပ်ကိုအသက်မွေးဝမ်းကျောင်းအဖြစ် ရွေးချယ်ခဲ့ပါတယ်။ မွန်တိုင်းရင်းသားနောက်ခံနဲ့အထက်တန်းကျောင်းတက်ပြီးနောက် စစ်တက္ကသိုလ် (DSA) ကို ဝင်ရောက်ခဲ့ပြီး ၁၉၇၃ ခုနှစ်မှာ DSA အပတ်စဥ် ၁၅ ကနေဘွဲ့ရရှိခဲ့ပါတယ်။ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကအပတ်စဥ် ၁၉ က ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြင့်ဆွေရဲ့ဒုတိယသမ္မတရာထူးကို တပ်မတော်က အမည်စာရင်းတင်သွင်းခြင်းဟာအခြေခံဥပဒေအရ တရားဝင်တယ်လို့ယူဆနိုင်ပါတယ်။ ၂၀၂ ခုနှစ် အာဏာသိမ်းပြီးနောက်၊ သူဟာ ဒီတရားဝင်မှုကို SAC ကိုအငြင်းပွားဖွယ်ရာပေးအပ်ခဲ့ပါတယ် သူကယာယီသမ္မတအဖြစ် တာဝန်ယူခဲ့ပါတယ်။ အခုအခါတွင် ၎င်း ကွယ်လွန်မှုကဖွဲ့စည်းပုံအခြေခံဥပဒေတရားဝင်မှုရဲ့ သင်္ကေတအချိတ်အဆက်ကို ဖြတ်တောက်ခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကNLD နှစ်တွေဆီကအဖွဲ့အစည်းဆိုင်ရာ လက်ကျန်တစ်ဦးအဖြစ်သာ ကျန်ရစ်ခဲ့ပါတယ်။ NLD အစိုးရအဖွဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ၂၀၂၄ ခုနှစ်က နုတ်ထွက်ခဲ့ပါတယ်။ SSPC က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အချို့သောအခွင့်အရေးတွေကို ဆိုင်းငံ့ထားလိုက်ပြီးအာဏာပိုင်တွေကို ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ပြုပြီးနောက် ရက်ပိုင်းအကြာမှာဦးမြင့်ဆွေ ကွယ်လွန်သွားခြင်း ဖြစ်ပါတယ်။

ဩဂုတ်လ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

စစ်အုပ်စုရဲ့နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင် (SSPC) ကဩဂုတ်လ ၇ ရက်နေ့မှာ အသက် ၇၄ နှစ်ရှိ မင်းအောင်လှိုင်ရုပ်သေး ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်ကြောင်း ကြေညာခဲ့ပြီး နိုင်ငံတော် ဈာပနကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ SSPC ရဲ့ ဆုံးဖြတ်ချက်ဟာနိုင်ငံတော် အကြီးအကဲ ကွယ်လွန် ခြင်းဆိုင်ရာ ပရိုတိုကောအရ ဖြစ်ပေမယ့်လည်း စစ်အုပ်စုဦးမြင့်ဆွေရဲ့ ဘဝ၊ လုပ်ဆောင်ချက်နဲ့ မြန်မာ့ နိုင်ငံရေး လမ်းကြောင်းမှာ အခန်းကဏ္ဍ အချို့ကို ဆက်စပ်စဉ်းစားဖို့လိုအပ်ပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) လက်ထက် ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ရန်ကုန်တိုင်း ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေဟာတာဝန်ယူခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လက်ထက် ၂၀၁၆ ခုနှစ်မှာ စတင်တာဝန်ယူမယ့် အခါမှာစစ်တပ်ရဲ့သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခံခဲ့ရပါတယ်။ NLD အစိုးရလက်ထက်မှာ ဒုသမ္မတနှစ်ဦးထဲက တစ်ဦးဖြစ်လာပြီး အကြီးတန်းဒုတိယသမ္မတအဖြစ် လူသိများခဲ့ပါတယ်။ဦးမြင့်ဆွေဟာ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်တပ်ကအာဏာသိမ်းပြီးနောက် ယာယီသမ္မတဖြစ်လာခဲ့ပါတယ် ၎င်းရဲ့ရာထူးတိုးမြှင့်မှုဟာ အရေးပေါ်ကာလမှာ နိုင်ငံတော်အာဏာကို ရယူဖို့“ပုံမှန်မဟုတ်တဲ့အခြေအနေတွေ” မှာ စစ်တပ်ကသမ္မတကိုအရေးဏော်အခြအနေကြေငြာဖို့နဲ့အာဏာသုံးရပ်ကိုလွှဲအပ်ဖို့တောင်းဆိုနိုင်မှုအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လိုအပ်ချက်နှင့် ဆက်စပ်နေပါတယ်။ ဒါပေမယ့်လည်းဒီအချိန်မှစပြီး သူဟာ မီဒီယာလောကမှာ အထင်အရှားမရှိသလောက်ပါဘဲ။ အရေးပေါ်အခြေအနေ သက်တမ်းတိုးမှုကို အတည်ပြုနိုင်ဖို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့အချိန်အခါအလိုက် အစည်းအဝေးများတွေမှာသူအများစု ပါဝင်ခဲ့ပါတယ်။


၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ရှမ်းပြည်မြောက်ပိုင်းမှာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အံ့အားသင့်ဖွယ်ရာ ထိုးစစ်စစ်ဆင်ရေး ၁၀၂၇ အပြီး တိုင်းပြည်ပြိုကွဲမှာကို စိုးရိမ်တယ်လို့ ၎င်းရဲ့ထုတ်ပြန်ချက်အပေါ် နိုင်ငံတကာကအာရုံစိုက်မှုအချို့ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ သူသည် ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ ဆေးခွင့်နဲ့ အနားယူခဲ့ပါတယ်။ ဒိနောက် SAC အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့ပါတယ်။ ၁၉၅၁ ခုနှစ် ဇူလိုင်လမှာ မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမှာ မွေးဖွားခဲ့ပြီး မြန်မာ့ဆိုရှယ်လစ်နှစ်များအတွင်း မြင့်ဆွေဟာစစ်တပ်ကိုအသက်မွေးဝမ်းကျောင်းအဖြစ် ရွေးချယ်ခဲ့ပါတယ်။ မွန်တိုင်းရင်းသားနောက်ခံနဲ့အထက်တန်းကျောင်းတက်ပြီးနောက် စစ်တက္ကသိုလ် (DSA) ကို ဝင်ရောက်ခဲ့ပြီး ၁၉၇၃ ခုနှစ်မှာ DSA အပတ်စဥ် ၁၅ ကနေဘွဲ့ရရှိခဲ့ပါတယ်။ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကအပတ်စဥ် ၁၉ က ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြင့်ဆွေရဲ့ဒုတိယသမ္မတရာထူးကို တပ်မတော်က အမည်စာရင်းတင်သွင်းခြင်းဟာအခြေခံဥပဒေအရ တရားဝင်တယ်လို့ယူဆနိုင်ပါတယ်။ ၂၀၂ ခုနှစ် အာဏာသိမ်းပြီးနောက်၊ သူဟာ ဒီတရားဝင်မှုကို SAC ကိုအငြင်းပွားဖွယ်ရာပေးအပ်ခဲ့ပါတယ် သူကယာယီသမ္မတအဖြစ် တာဝန်ယူခဲ့ပါတယ်။ အခုအခါတွင် ၎င်း ကွယ်လွန်မှုကဖွဲ့စည်းပုံအခြေခံဥပဒေတရားဝင်မှုရဲ့ သင်္ကေတအချိတ်အဆက်ကို ဖြတ်တောက်ခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကNLD နှစ်တွေဆီကအဖွဲ့အစည်းဆိုင်ရာ လက်ကျန်တစ်ဦးအဖြစ်သာ ကျန်ရစ်ခဲ့ပါတယ်။ NLD အစိုးရအဖွဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ၂၀၂၄ ခုနှစ်က နုတ်ထွက်ခဲ့ပါတယ်။ SSPC က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အချို့သောအခွင့်အရေးတွေကို ဆိုင်းငံ့ထားလိုက်ပြီးအာဏာပိုင်တွေကို ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ပြုပြီးနောက် ရက်ပိုင်းအကြာမှာဦးမြင့်ဆွေ ကွယ်လွန်သွားခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပွားနေတဲ့ပဋိပက္ခများကြားမှာ လုံခြုံရေးအစီအမံတွေနဲ့လာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ရှိပြီး ဒီလို ဖမ်းဆီးခြင်းတွေဟာ ဤညွှန်ကြားချက်မတိုင်မီ ကတည်းကလုပ်ဆောင်နေတာဖြစ်ပါတယ်။ အရင်ကလည်း ဦးမြင့်ဆွေဟာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ နှစ်နှစ်ကြာ တာဝန်ယူစဉ်အတွင်း အလားတူ ဆောင်ရွက်မှုမျိုး ပြုလုပ်ခဲ့ဖူးပါတယ်။ ၂၀၀၄ ခုနှစ် အောက်တိုဘာလမှာ ထိုစဉ်က ထောက်လှမ်းရေး အကြီးအကဲ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ၎င်းရဲ့ စစ်ထောက်လှမ်းရေးတပ်တွေကို နိုင်ငံတော်အပေါ် သစ္စာမဲ့မှုနဲ့ ဖမ်းဆီးခြင်းတွေကို ဦးဆောင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်အစောပိုင်းမှာမြင့်ဆွေဟာ ရန်ကုန် ကိုကွပ်ကဲရတဲ့စစ်ဆင်ရေးအထူးအဖွဲ့ ၅ ဗျူရို(ကစထ၅)ရဲ့ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ ရွှေဝါရောင် တော်လှန်ရေး ဆန္ဒပြပွဲတွေကို စစ်တပ်က နှိမ်နင်းခဲ့ပါတယ်။မြင့်ဆွေက”ကျနော့်တာဝန်ကိုထမ်းဆောဂ်ခဲ့တာဖြစ်တယ်၊ကျနော့်လုပ်ရပ်တွေမှားယွင်းတယ်လို့ယူဆရင်ကြိုးပေးခံနိုင်ပါတယ်”လို့ဆိုခဲ့ပါတယ်။ မြင့်ဆွေရဲ့မိုက်ရူးရဲလုပ်ဆောင်မှုဟာ နအဖကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဇနီးဖြစ်သူတို့နဲ့နီးစပ်မှုရှိတာကြောင့်လို့သတင်းထွက်ပေါ်နေတာဖြစ်ပါတယ်။

သစ္စာစောင့်သိမှုနဲ့ဆက်နွှယ်မှုကမြန်မာ့စစ်တပ်မှာရာထူးအဆင့်တွေတိုးမြင့်လာဖို့အတွက် အရေးကြီးပါသတယ်။ ရန်ကုန်တိုင်းမှူးနဲ့ ကစထ ၅အကြီးအကဲအဖြစ် ဦးမြင့်ဆွေရဲ့ လုပ်ဆောင်ချက်တွေဟာဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရရဲ့ လုံခြုံရေးနဲ့အကျိုးစီးပွားကို အတိုင်းအတာတစ်ခုအထိ ထင်ဟပ်စေပါတယ်။ ဒီနောက် မြင့်ဆွေဟာ စစ်အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ USDP မှာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ၎င်းစစ်ဝတ်စုံကို ချွတ်ပြီး၂၀၁၀ ခုနှစ် ဇူလိုင်လမှာအခြားဗိုလ်ချုပ်ကြီးတွေလိုပဲနအဖကလုပ်ပေးတဲ့ရွေးကောက်ပွဲဝင်ခဲ့ပါတယ် ဒီရွေးကောက်ပွဲဟာ“မလွတ်လပ်သလို တရားမျှတမှု လည်းမရှိဘူး” လို့လေ့လာသူတွေက ပြောကြပါတယ်။ SSPC က အခု နေပြည်တော်မှာ နိုင်ငံရေး ဇာတ်ဆောင်အသစ်တွေရွေးချယ်မယ့်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေပါတယ်။ ဦးမြင့်ဆွေ ထွန်းကားလာခြင်းနဲ့ထင်ပေါ်ကျော်ကြားခြင်းဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပေါ် သစ္စာခံမှုအတွက် ဆုလာဘ်တစ်ခုလိုပဲ၊ ၎င်းကွယ်လွန်မှုဟာလည်းရွေးကောက်ပွဲအောင်နိုင်သူအဖြစ် စစ်အစိုးရ သစ္စာခံတွေရဲ့နောက်ဆက်တွဲမှာ ဘယ်သူ ဖြစ်နိုင်သလဲ၊ အဓိပ္ပာယ်ပြည့်ဝတဲ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေစတင်မယ်၊ လက်ရှိပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးမှုမှာ ပါဝင်မှာလားလို့မှန်းဆကောက်ချက်ချမှုတွေထွက်ပေါ်နေပါတယ်။

အဲမောင်း
Channel Asia News စာမျက်နှာကဖော်ပြတဲ့ဆောင်းပါးရှင် ဝေမိုးနဲ့ကြည်စင်တို့ရေးသားတဲ့Commentary: What does Myanmar Acting President Myint Swe’s death mean for the country?ကိုပြန်ဆိုပါတယ်။

ဝေမိုးဟာ မြန်မာ့နိုင်ငံရေး အကျဉ်းသားဟောင်းကနေသတင်းထောက်ဖြစ်လာသူတဦး ဖြစ်ပါတယ်။ သူဟာ ISEAS – Yusof Ishak Institute မှာ မြန်မာလေ့လာရေး အစီအစဉ်နဲ့ဧည့်သည်တော်လည်း ဖြစ်ခဲ့ပါတယ်။ ကြည်စင်က ISEAS – Yusof Ishak Institute ကမြန်မာနဲ့ထိုင်းလေ့လာရေးအစီအစဉ်တွေမှာသုတေသနအရာရှိတစ်ဦးဖြစ်ပါတယ်။ ဒီမှတ်ချက်က Institute ရဲ့ဘလော့ဂ်၊ Fulcrum မှာပထမဆုံးဖော်ပြခဲ့ပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *