ဩဂုတ်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
တိုကျိုမြို့ Shinjuku စီရင်စုရှိ နိုက်ကလပ်အပြင်ဘက်မှာ မြန်မာနိုင်ငံသားတစ်ဦးကို သတ်ဖြတ်မှုသံသယနဲ့ မြန်မာနိုင်ငံက အမျိုးသားသုံးဦးကို ဇူလိုင်လက ဖမ်းဆီးခဲ့တယ်လို့မြို့တော်ရဲဌာနက သြဂုတ် ၁၈ ရက်ကပြောကြားခဲ့တယ်လို့ အဆာဟိရှင်ဘွန်းသတင်းကဖော်ပြပါတယ်။ မြို့တော်ရှိ ကုန်သွယ်ရေးကျောင်းက အသက် ၂၂ နှစ်အရွယ် ကျောင်းသူ ချစ်ဖော်ဟာဇူလိုင် ၇ ရက် အစောပိုင်းက လမ်းပေါ်မှာ ရိုက်နှက်သတ်ဖြတ်ခံခဲ့ရနယ်လို့ သိရပါတယ်။ သံသယရှိသူတွေထဲက တဦးဖြစ်တဲ့ ဇော်မျိုးထက် (၂၄)နှစ် က ရိုက်နှက်ခံရသူကို သတ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ရဲတပ်ဖွဲ့ကစုံစမ်းသိရှိရပါတယ်။
အခြားသံသယရှိသူနှစ်ဦးက ၎င်းတို့ဟာ သေဆုံးသူကို ဘယ်တုန်းကမရိုက်နှက်ခဲ့ဘူးလို့ပြောခဲ့တယ်လို့သတင်းရင်းမြစ်တွေက ဆိုပါတယ်။ မြန်မာအမျိုးသား သုံးဦးဟာ ရှင်ဂျုကုရှိ နိုက်ကလပ်တစ်ခုမှာ သေဆုံးသူကျောင်းသားနဲ့ တွေ့ဆုံကာ အချင်းချင်း ရင်းနှီးခဲ့ကြတယ်လို့သိရပါတယ်။ဒါပေမယ့်လည်း ကလပ်ကနေထွက်ခွာသွားတဲ့အခါမှာ ပြဿနာ ပေါ်ပေါက်ခဲ့ပြီး ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်လို့ဆိုပါတယ်။