မြန်မာနိုင်ငံမြေရှားသတ္ထုသိုက်ထဲက လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကို တရုတ်က ဖိအားပေးနေ

ဇူလိုင်လ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

မြန်မာနိုင်ငံ မြောက်ပိုင်း တောင်ကုန်းများတွင် KIA တပ်ဖွဲ့နှင့် တရုတ် ကျောထောက်နောက်ခံ ပြုထားသော စစ်အာဏာရှင်တို့ အကြား လအတန်ကြာ တိုက်ပွဲ ဖြစ်ပွားမှု၏ ရလဒ်မှာ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် မြေရှားပါးသတ္ထုရောင်းလိုအားသည် တစ်စိတ်တစ်ပိုင်း ပေါ်ထွက်နေသည်။ KIA ကချင်လွတ်လပ်ရေး တပ်မတော်သည် ဒီဇင်ဘာလမှ စတင်ကာ စစ်အစိုးရ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်၏ တစိတ်တပိုင်းအဖြစ် တရုတ်နယ်စပ်မှ ကီလိုမီတာ ၁၀၀ အောက်ရှိသော ဗန်းမော်မြို့ပေါ်တွင် စစ်အစိုးရနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။ ကမ္ဘာပေါ်ရှိမြေရှားပါးသတ္ထုများ၏ ထက်ဝက်နီးပါးကို ဗျူဟာမြောက် အရေးပါသော မြို့စောင့်တပ်မြို့ဖြစ်သည့် ဗန်းမော်မြောက်ဘက် အပါအဝင် ကချင်ပြည်နယ်ရှိ မိုင်းတွင်းများမှ ထုတ်ယူသည်။ ထို့နောက် အီလက်ထရွန်းနစ်ယာဉ်များနှင့် လေအား တာဘိုင်များကို လျှပ်စစ်ဓာတ်အားပေးသည့် သံလိုက်များအဖြစ် ပြုလုပ်ရန်အတွက် ၎င်းတို့အား တရုတ်နိုင်ငံသို့ တင်ပို့သည်။ မြေရှားသတ္ထုများကို စီမံဆောင်ရွက်ရာတွင် လက်ဝါးကြီးအုပ်လုနီးပါးဖြစ်သော တရုတ်နိုင်ငံသည် KIA ထိန်းချုပ်နယ်မြေတွင် တူးဖော်နေသည့်မြေရှား သတ္တုများဝယ်ယူခြင်းကို ရပ်တန့်မည်ဟုဆိုကာဗန်းမော်မြို့ကို KIA ကအပြည့်အ၀ သိမ်းပိုက်ရန် ကြိုးစားနေခြင်းကို ရပ်တန့်ရန် ခြိမ်းခြောက်ခဲ့ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူ သုံးဦးထံမှ သိရသည်။ ယခုနှစ်အစောပိုင်း အစည်းအဝေးတွင် တရုတ်အရာရှိများက KIA သို့ ထုတ်ပြန်ခဲ့သော ရာဇသံတွင် ပေကျင်းသည် ၎င်း၏ ပထဝီနိုင်ငံရေး ရည်မှန်းချက်များ အကောင်အထည်ဖော်ရန်အတွက် တွင်းထွက်သတ္တုများကို ဘေဂျင်းက ထိန်းချုပ်ထားပုံကို အလေးပေးဖော်ပြသည်။

KIA အရာရှိတစ်ဦးမှ ပြောကြားရာတွင် တရုတ်ဘက်မှ တောင်းဆိုမှုသည် မေလအတွင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မည်သည့်နေရာတွင် ဆွေးနွေးခဲ့သည်ကို အသေးစိတ်ဖော်ပြခြင်းမရှိပေ။ ဆွေးနွေးပွဲတွင် တရုတ်အစိုးရကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကိုယ်စားပြုထားကြောင်း အခြားKIA တပ်မှူးတစ်ဦးက ပြောသည်။ တရုတ်နိုင်ငံက ခြိမ်းခြောက်ခဲ့ခြင်း ရှိ၊ မရှိကို Reuters က မဆုံးဖြတ်နိုင်ပေ။ ဒေသတွင်း တိုက်ပွဲများကြောင့် သတ္တုတူးဖော်ရေး လုပ်ငန်းများအကန့်အသတ်ရှိနေပြီး မြန်မာနိုင်ငံမှ မြေရှားသတ္ထုတင်ပို့မှုမှာ ယခုနှစ်အတွင်း ထိုးကျသွားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အခွန်စည်းကြပ်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံသည် ယခုနှစ်နွေဦးတွင် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များကို ထိတ်လန့်စေခဲ့သည်။ တရုတ်နိုင်ငံသည် ၎င်း၏ နောက်ဖေးတွင် ၎င်း၏ စီးပွားရေး အကျိုးစီးပွားကို အာမခံပေးသူအဖြစ်ဟု မြင်သည့် လက်အောက်ခံမြန်မာစစ်အစိုးရကို လွှမ်းမိုးရန် ၎င်း၏ ကြီးစိုးမှုကို အသုံးပြုနေပြီဖြစ်သည်။ KIA နှင့် စေ့စပ်ဆွေးနွေးခြင်းဆိုင်ရာ အသေးစိတ်အချက်များအား သတိမပြုမိကြောင်း Reuters ၏မေးခွန်းများကို တုံ့ပြန်ရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ “မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်တို့ကြား အစောပိုင်း အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ တရုတ်၊မြန်မာနဲ့ သူတို့ရဲ့ ပြည်သူတွေရဲ့ ဘုံအကျိုးစီးပွားအတွက်ပါ” ဟု ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို KIA အကြီးတန်း ဗိုလ်ချုပ်ကြီးတဦးက တုံ့ပြန်ခြင်း မရှိပေ။ အကဲဆတ်သည့်ကိစ္စရပ်များကို ဆွေးနွေးရန် အမည်မဖော်လိုသော KIA အရာရှိက ဘေဂျင်းသည် ဆုလာဘ်ကို ကမ်းလှမ်းခဲ့သည်ဟုဆိုသည်။

KIA ထိန်းချုပ်နယ်မြေများနှင့် နယ်စပ်ဖြတ်ကျော် ကူးသန်းရောင်းဝယ်ရေး ကြိုးပမ်းမှုများကို စစ်အစိုးရက စွန့်လွှတ်ပြီး လူပေါင်း ၁၆၆,၀၀၀ ခန့် နေထိုင်သည့် ဗန်းမော်မြို့ကိုKIA က သိမ်းယူရန် ကြိုးပမ်းမှုအား စွန့်လွှတ်လိုက်ရကြောင်း သိရသည်။တကယ်လို့ ကျနော်တို့ကလက်မခံဘူးဆိုရင် မြေရှားသတ္တုတွေ အပါအဝင် ကချင်ပြည်နယ်က တင်ပို့တာတွေကို ပိတ်ဆို့မယ်” ဟု စီးပွားရေး ပိတ်ဆို့ခြင်း၏ အကျိုးဆက်ကို အသေးစိတ် မဖော်ပြထားသော တာဝန်ရှိသူက ပြောသည်။ ဘေဂျင်းသည် ပိုမိုကျယ်ပြန့်သော ပြည်တွင်းစစ်ကို ဖြေရှင်းရန် ကြိုးပမ်းနေသော်လည်း ၎င်း၏ စီးပွားရေး၊ အကျိုးစီးပွားများ တိုးတက်စေရန်အတွက် တိုက်ပွဲများ ငြိမ်သက်သွားစေရန် လိုလားကြောင်းမြန်မာကို အဓိကထားသည့်လွတ်လပ်သော လေ့လာသူ David Mathieson က ပြောကြားခဲ့သည်။ “တရုတ်ရဲ့ဖိအားပေးမှုက ပဋိပက္ခကို ငြိမ်းချမ်းစေဖို့အတွက် ပိုပြီးယေဘုယျကျတဲ့ချဥ်းကပ်မှုနည်းလမ်းတစ်ခုပါပဲ။” (ဇာတ်လမ်းကို အောက်တွင် ဆက်လက်ဖော်ပြထားသည်)ဟုသူကပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ကချင်ဒေသရှိ မြေရှားသတ္ထုသိုက်များကို KIA က သိမ်းပိုက်ပြီးနောက် မကြာမီ ဗန်းမော်တိုက်ပွဲ စတင်ခဲ့သည်။ သတ္ထုသိုက်များအားသိမ်းယူပြီးနောက် KIA သည် မိုင်းတွင်းလုပ်သားများအပေါ် အခွန်တိုးကောက်ကာ dysprosium နှင့် terbium ထုတ်လုပ်မှုကို ထိန်းချုပ်ခဲ့သဖြင့်နောက်ပိုင်းတွင် ဈေးနှုန်းများ တဟုန်ထိုးတက်လာခဲ့သည်။ တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမငါးလအတွင်း မြန်မာနိုင်ငံမှမြေရှားအောက်ဆိုဒ်နှင့် သတ္တု ၁၂,၉၄၄ တန် တင်သွင်းခဲ့ပြီး ရောင်းလိုအားမှာ အခက်ကြုံနေရသည်ဟု တရုတ်အကောက်ခွန်အချက်အလက်များအရ သိရသည်။ ပို့ကုန်တင်ပို့မှုသည် ဧပြီလမှ မေလအတွင်း ၂၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သော်လည်း ယမန်နှစ် အလားတူကာလထက် ထက်ဝက်ကျဆင်းခဲ့သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO သည် ကချင်လူနည်းစုများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်ရန် တပ်ဖွဲ့ဝင် ၁၅,၀၀၀ ကျော်ရှိနေသည်ဟု အကဲဖြတ်တို့ကဆိုကြပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ဆယ်စုနှစ်များစွာကြာ တိုက်ပွဲများတစ်လျှောက် ပြင်းထန်စွာ တိုက်ပွဲဝင်ခဲ့ပြီး ပြည်တွင်းအခွန်အကောက်နှင့် သဘာဝအရင်းအမြစ်များ ပေါင်းစပ်မှုဖြင့် ရန်ပုံငွေပံ့ပိုးပေးထားသည့် KIA သည် မြန်မာနိုင်ငံရှိ သူပုန်အဖွဲ့များအနက် အင်အားအကောင်းဆုံးအဖွဲ့တစ်ဖွဲ့ဖြစ်သည်။ KIA သည် ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်မှုအပေါ် ယုံကြည်မှုရှိပြီး တွင်းထွက်သတ္တုများ ပြတ်လတ်မှုကြောင့် ပို့ကုန်များ ရပ်ဆိုင်းရန် ဘေဂျင်းက ၎င်း၏ ခြိမ်းခြောက်မှုကို အဆုံးစွန်ထိ လုပ်ဆောင်မည်မဟုတ်ဟု ယုံကြည်ကြောင်း လူနှစ်ဦးက ပြောသည်။ မြန်မာနိုင်ငံသည်၂၀၂၁ ခုနှစ်တွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချပြီးကတည်းက ဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွင်းကာ တစ်နိုင်ငံလုံး လက်နက်ကိုင်ပုန်ကန်မှု ဖြစ်ပွားလာချိန်မှစ၍ အကျပ်အတည်းဖြစ်နေသည်။ နယ်မြေပိုင်နက်များကို နောက်ပိုင်းတွင် စစ်အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့များက သိမ်းယူခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များသည် စစ်တပ်ကို လိုက်လျောမှုများ ပြုလုပ်ရန်အတွက် တရုတ်၏ ဖိအားပေးမှုအောက်တွင် ရှိလာခဲ့သည်။ ဘေဂျင်းသည် လေကြောင်းစွမ်းအင်အပေါ် ပိုမိုမှီခိုအားထားနေရသည့် စစ်အစိုးရထံ ဂျက်လေယာဉ်များနှင့် ဒရုန်းများကို ပို့ပေးခဲ့ကြောင်း အမေရိကန်အခြေစိုက် Stimson Center Think-Tank ၏အချက်အလက်များအရသိရသည်။ မြန်မာနိုင်ငံတွင် အဓိက ရင်းနှီးမြှုပ်နှံမှုများ ရှိသည့် တရုတ်နိုင်ငံသည် လွန်ခဲ့သည့်နှစ်တွင် စစ်အစိုးရထံမှ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိရန်ဆောင်ရွက်ခဲ့ကာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့အားစစ်အစိုးရထံပြန်လည် ရရှိစေခဲ့သည်။ လားရှိုးမြို့မြောက်ဘက် ကီလိုမီတာ ၂၀၀ ကျော်အကွာတွင် ကေအိုင်အေနှင့် မဟာမိတ်တပ်ဖွဲ့ဝင် ၅,၀၀၀ ခန့်သည် ဗန်းမော်ထိုးစစ်တွင် ပါဝင်ခဲ့ကြောင်း တိုက်ပွဲနှင့် ပတ်သက်၍ တိုက်ရိုက်သိရှိသူ KIA တပ်မှူးတဦးက ပြောသည်။

ဗန်းမော် ဆုံးရှုံးခြင်းသည် ကချင်နှင့် အနီးနား ဒေသများသို့ မြန်မာစစ်တပ်၏ နယ်မြေဒေသများဝင်ရောက်ခွင့်ကို ဖြတ်တောက်ပြီး ထိုနေရာတွင် စစ်အခြေစိုက် စခန်းများ ပိတ်မိကာ မြောက်ပိုင်း ကုန်သွယ်ရေးလမ်းကြောင်းအား ထိန်းချုပ်မှု အားနည်းသွားနိုင်ကြောင်း အာဏာသိမ်းပြီးနောက် စစ်တပ်မှဘက်ပြောင်း တိမ်းရှောင်လာသော ဗိုလ်မှူးနောင်ရိုးက ပြောသည်။ တရုတ်နိုင်ငံသည် KIA နှင့် တွေ့ဆုံဆွေးနွေးဖွယ်ရှိကြောင်း စစ်အစိုးရပြောရေးဆိုခွင့်ရှိသူရုံးမှ ရိုက်တာသတင်းဌာနသို့ ပြောကြားသော်လည်း KIA ကို ပိတ်ဆို့တားဆီးမှုပြုလုပ်ရန်နှင့် ခြိမ်းခြောက်ရန် မြန်မာစစ်အစိုးရက ဘေကျင်းအားတောင်းဆိုထားခြင်းရှိမရှိ မေးခွန်းကို တုံ့ပြန်ခြင်းမရှိပေ။ “တရုတ်က KIA ကို ဖိအားပေးပြီး မက်လုံးတွေ ပေးခဲ့တာ ဖြစ်နိုင်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဒီဇင်ဘာလဆန်းပိုင်းက စေ့စပ်ညှိနှိုင်းမှုအတွင်း ဗန်းမော်မြို့မှ KUA နှင့်မဟာမိတ်များကို ပြန်လည်ဆုတ်ခွာရန် ဘေဂျင်းက ပထမဆုံး အကြံပြုခဲ့ကြောင်း KIA အရာရှိတစ်ဦးမှ သိရသည်။ ဆွေးနွေးပွဲအပြီးတွင် ဗန်းမော်မှ ဆုတ်ခွာမည့်အစား KIA ကအင်အား နှစ်ဆတိုးမြှင့်ခဲ့ကြောင်း တပ်မှူးနှင့် အရာရှိများထံမှ သိရသည်။ ဗန်းမော်တိုက်ပွဲကြောင့် KIA ၏ အရေးပါသော အရင်းအမြစ်များ ဆုံးရှုံးခဲ့ရပြီး ရာနှင့်ချီ၍ ကျဆုံးခဲ့ရကြောင်း မေလတွင် လေ့လာခဲ့သည့် မဟာဗျူဟာ လေ့လာရေး အင်စတီကျုမှ ပြောကြားခဲ့ပါသည်။ ပေကျင်းသည် မြေရှားသတ္ထုဝယ်ယူမှုများကို ရပ်တန့်ရန် ကိုယ်စားလှယ်များက ခြိမ်းခြောက်ခဲ့ပြီး နောက်ထပ်ဆွေးနွေးမှုများအတွင်း ဘေဂျင်းသည် KIA ကို ပို၍ ထိပ်တိုက်ရင်ဆိုင်လာခဲ့သည်ဟု ထိုအရာရှိက ပြောကြားခဲ့သည်။ ကချင်မှ မြေရှာသတ္ထုများ ရွေ့လျားမှု ရပ်တန့်သွားပါက ယခုနှစ်ကုန်တွင် ကမ္ဘာ့ဈေးကွက်တွင် လိုငွေပြသွားနိုင်ကြောင်း ဗြိတိန်အခြေစိုက် အတိုင်ပင်ခံကုမ္ပဏီ Benchmark Mineral Intelligence မှ Neha Mukherjee က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံပြင်ပတွင် အရေးကြီးသော ဓာတ်သတ္တုများ ရောင်းလိုအားမှာ အတားအဆီးဖြစ်နေပြီဟု သူကပြောသည် “ရေတိုပြတ်တောက်မှုကာလအတွင်း၊ တရုတ်နိုင်ငံပြင်ပမှာ စျေးနှုန်းတွေ မြင့်တက်လာနိုင်တယ်” ဟု သူက ဆိုသည်။

KIA သည် စစ်အစိုးရတပ်များကို သီးခြားစီအဆက်ပြတ်သွားအောင်လုပ်နိုင်ခဲ့ကြောင်း တပ်မှူးက ဆိုသည်။ သို့သော်လည်း စစ်အစိုးရက လေကြောင်း သာလွန်ကောင်းမွန်မှုကို ဆက်လက်ထိန်းသိမ်းထားပြီး ဗန်းမော်မြို့၏ နေရာအနှံ့အပြားကို လေကြောင်းမှ မဆုတ်မနစ် တိုက်ခိုက်မှုများဖြင့် ဖျက်ဆီးခဲ့ကြောင်း KIA အရာရှိ၊ တပ်မှူးနှင့် မြို့ခံဟောင်းတဦးလည်း ဖြစ်သည့်သူကပြောသည်။ အထောက်အထားမပြနိုင်သော်လည်း KIA က ၎င်းတို့အား စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုနေခြင်းကြောင့် အဆိုပါနေရာများကို တိုက်ခိုက်ရန် ခွင့်ပြုထားကြောင်း စစ်အစိုးရပြောရေးဆိုခွင့်ရှိသူရုံးက ပြောသည်။ ဗန်းမော်မြို့၏ ဂြိုလ်တုပုံရိပ်များကို ပြန်လည်သုံးသပ်ခဲ့သည့် သြစတြေးလျ မဟာဗျူဟာ မူဝါဒ အင်စတီကျုမှ လေ့လာဆန်းစစ်သူ Nathan Ruser က မြို့အနှံ့ ပျက်စီးဆုံးရှုံးမှုအများစုသည်လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ပုံရသည်ဟုဆိုသည်။ လေကြောင်းမှတိုက်ခိုက်မှုများကြောင့်ကလေးငယ်များ အပါအဝင် အရပ်သားများ သေဆုံးကာ စာသင်ကျောင်းများနှင့် ဝတ်ပြုရာနေရာများကို ပျက်ဆီးခဲ့ကြောင်း ဗန်းမော်မြို့မှ ကချင်တက်ကြွလှုပ်ရှားသူ ဒေါ်ခွန်ဂျာက ပြောသည်။ “တော်လှန်ရေးအဖွဲ့တွေက တရုတ်ရဲ့ဖိအားကို ဘယ်လောက်ကြာကြာ ခံနိုင်ရည်ရှိမယ်ဆိုတာ ကျမမသိပါဘူး” ဟုသူကဆိုပြီး လက်ရှိနယ်စပ် ကန့်သတ်ချက်များကြောင့် ကချင်ပြည်နယ်တွင် ဓာတ်ဆီနှင့် ဆေးဝါးပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း၎င်းက ပြောကြားခဲ့သည်။ အတားအဆီးများကြားမှ KIA ခေါင်းဆောင်များက ဗန်းမော်ကို သိမ်းပိုက်ခြင်းသည် ၎င်းတို့၏ လိုလားချက် အရှိန်အဟုန်ကို ပြောင်းလဲစေပြီး လူထုထောက်ခံမှုကို အားကောင်းစေမည်ဟု ယုံကြည်ကြသည်။ အကယ်၍ KIA တိုင်းရင်းသားစစ်တပ်က တပြည်နယ်လုံးကို ချုပ်ကိုင်နိုင်မည်ဆိုပါက ဘေဂျင်းက စစ်အစိုးရကို စေ့စပ်ညှိနှိုင်းဖို့ကလွဲပြီး ရွေးစရာလမ်းမရှိတော့ဘူးဟုဆိုတော့မည်ဖြစ်သည်ဟုတပ်မှူးနှင့်အရာရှိတဦးက ပြောပါသည်။ “မြေရှားသတ္ထုတွေ လိုအပ်နေတဲ့ တရုတ်နိုင်ငံဟာ ဒါကို အကန့်အသတ်နဲ့သာ ခံနိုင်ရည်ရှိပါတယ်” ဟု တပ်မှူးက ပြောကြားခဲ့သည်။

အဲမောင်း
ဘန်ကောက်ပို့စ်တွင်ဖော်ပြသော China pressures rebels in Myanmar rare-earth belt ကိုပြန်ဆိုပါသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *