တရုတ်မိန်းကလေးက ရည်းစားဖြစ်သူကို ထိုင်းနိုင်ငံကနေတဆင့်မြန်မာဘက်ကို လူကုန်ကူးခဲ့

ဩဂုတ်လ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

အသက် ၁၉ နှစ်အရွယ် တရုတ်အမျိုးသားတစ်ဦးကို ၎င်းရဲ့ အသက် ၁၇နှစ်အရွယ် ချစ်သူရည်းစားက သစ္စာဖောက်ပြီး မြန်မာဘက်ကို ယွမ်ငွေ ၁၀၀,၀၀၀ (ထိုင်းဘတ် ၅၀၀၀,၀၀ ဝန်းကျင်) နဲ့ရောင်းစားခံခဲ့တဲ့ဆယ်ကျော်သက်အချစ်ဇာတ်လမ်းတစ်ခု ဖြစ်လာခဲ့တယ်လို့ The Thaiger သတင်းက​​ သြဂုတ် ၂၁ ရက်ကဖော်ပြပါတယ်။ ရောင်းစားခံရသူဟာ Guangdong ပြည်နယ် Zhanjiang ကဖြစ်ပြီး လေးလကြာ ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ငတ်မွတ်ခေါင်းပါးမှုတို့ကို ခံစားခဲ့ရပြီး ၎င်းရဲ့မိသားစုက ယွမ် ၃၅၀,၀၀၀ ပေးချေပြီးမှ လွတ်မြောက်လာခဲ့ပါတယ်။ လူငယ်လေးက ရေကူးကန်မှာ ကောင်မလေးကို ပထမဆုံးတွေ့ခဲ့ပါတယ်။ သူ့ညီမက ကောင်မလေးရဲ့ခေတ်မီတဲ့အဝတ်အစားတွေနဲ့ဒီဇိုင်နာအိတ်အတုတွေကို ညွှန်ပြခဲ့ပါတယ်။ ဟော့ကင်းလို့ဆိုတဲ့ ဆယ်ကျော်သက်မိန်းကလေးက သူ့ မိဘတွေဟာ ရင်းနှီးမြှုပ်နှံမှု မန်နေဂျာတွေဖြစ်ကြောင်း ကြွားလုံးထုတ်ပြီး မြန်မာနိုင်ငံက မိသားစုစီးပွားရေး လုပ်ငန်းတွေအကြောင်းကို မကြာခဏ ပြောဆိုလေ့ရှိတယ်လို့ဆိုပါတယ်။ “သူက ကျမအစ်ကိုကို အလုပ်ပေးမယ်ဆိုတဲ့ ကတိတွေနဲ့ မြန်မာနိုင်ငံကို ဆွဲဆောင်ဖို့ ကြိုးစားပါတယ်” လို့ ရောင်းစားခံရသူရဲ့ ညီမဖြစ်သူ က Xiaoxiang Morning Post ကို ပြောကြားခဲ့ပါတယ်။

“အစ်ကိုက လုံးဝကို ချစ်ဖို့ကောင်းတယ်”လို့ပြောပါတယ်။ အခုနှစ် ဖေဖော်ဝါရီလမှာ ရောင်းစားခဲ့ရတဲ့အသက် ၁၉ နှစ်အရွယ် အမျိုးသားသည် ၎င်းရဲ့ ချစ်သူနဲ့အတူ ဘန်ကောက်ကိုတိတ်တဆိတ် ခရီးထွက်ခဲ့ပါတယ်။မကြာခင်မှာ သူငယ်ချင်းတွေက ထိုင်း-မြန်မာနယ်စပ်အနီးမှာ WeChat updates တွေကို လွှင့်တင်တဲ့အခါ ဆွေမျိုးတွေက သံသယဖြစ်ခဲ့ကြပါတယ်။
သူ နယ်စပ်မှာ ရှိနေတယ်ဆိုတာ ကျမတို့ သိလိုက်ရတော့ ခံစားချက်တွေ စပြီး ခံစားလာရတယ်” လို့ သူ့အစ်မက ပြန်ပြောပါတယ်။ အဲ့ဒီမှာ သူ့ကောင်မလေးက တစ်စုံတစ်ယောက်ကို ခေါ်ယူရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ကို ထားခဲ့ပါတယ်။ လက်နက်ကိုင်တွေက ခဏအကြာမှာသူ့နိုင်ငံကူးလက်မှတ်နဲ့ ဖုန်းကို သိမ်းသွားပါတယ်။ နောက်လေးလကြာတော့ ဆယ်ကျော်သက်လူငယ်ကိုလိမ်လည်မှုတစ်ခု အတင်းအကျပ် ခိုင်းစေခဲ့တယ်။ အစောင့်တွေက ခေါင်းရိတ်ပြီး ခါးကို သတ္တုချောင်းတွေနဲ့ ရိုက်ပြီး နားရွက်ကို ကိုက်တယ်လို့ဆိုပါတယ်။အွန်လိုင်းလိမ်လည်မှု” ရဲ့နေ့စဥ်ခွဲတမ်းတွေကို မပြည့်မီရင်နောက်ထပ်ပြစ်ဒဏ်တွေလည်းခံရနိုင်တယ်လို့ဆိုပါတယ်။ “သေနတ်ကိုင်တဲ့လူတွေက သူ့ကို ခေါ်သွားတယ်လို့ ပြောတယ်” လို့ ၎င်းရဲ့ညီမဖြစ်သူကဖုန်းခေါ်ဆိုပြီးနောက် ပြောခဲ့ပါတယ်။

Goody Feed ၏ရဲ့အစီရင်ခံစာမှာ လူငယ်လေးဟာတစ်နေ့ ၁၆ နာရီကနေနာရီ ၂၀ အထိ အလုပ်လုပ်ရပြီး ဆာလောင်ငတ်မွတ်မှုကြောင့် ၁၀ ကီလိုဂရမ်ကျော် ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။ ခေါင်းကို ထပ်ခါထပ်ခါ ထိုးကြိတ်ခြင်းက အမြဲတမ်း အကြားအာရုံ ဆုံးရှုံးသွားစေတယ်လို့လည်းဆိုပါတယ်။ လပေါင်းများစွာ မအောင်မြင်တဲ့ ကယ်တင်ရေး ကြိုးပမ်းမှုအပြီးမှာ သူ့မိသားစုဟာ နောက်ဆုံးမှာသူ့ကိုရွေးယူခဲ့ရပါတယ်။ ဇွန်လမှာ ပြန်ပေးဆွဲခံရတဲ့အတွက် တုန်လှုပ်ချောက်ချားပြီး ကြောက်ရွံ့ထိတ်လန့်စွာနဲ့လွတ်မြောက်လာခဲ့တယ်လို့ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံကနေအားလပ်ရက် အပန်းဖြေခရီးမှ တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာတဲ့ ချစ်သူကောင်မလေးကို အာဏာပိုင်တွေကဖမ်းဆီးခဲ့ပါတယ်။ လိမ်လည်မှုနဲ့လူကုန်ကူးမှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရပြီး သူ့ရုံးချိန်းဟာနှောင့်နှေးခဲ့ပေမယ့်လည်း မကြာမီ ဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်ထားတယ်လို့သတင်းကဆိုပါတယ်။ “သူက အသက် ၁၇ နှစ်ပဲရှိသေးတာ။ ဒီလောက်ဆိုးတဲ့ တစ်ခုခုကို သူလုပ်နိုင်မယ်လို့ ဘယ်သူထင်မှာလဲ” လို့ ရောင်းစားခံရသူရဲ့ညီမ က ပြောပါတယ်။ “သူဟာ ဒီလို စက်ဆုပ်ဖွယ်ကောင်းတဲ့ လုပ်ရပ်တွေကို လုပ်နိုင်တယ်ဆိုတာ မယုံနိုင်စရာပါပဲ”လို့လည်းသူကဆိုပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *