ဘုရင်မင်းကိုစော်ကားမှုကြားနာဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း ရာဇဝတ်တရားရုံကိုရောက်လာ

ဩဂုတ်လ ၂၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာအား ဘုရင် ကို၎င်း၏ စော်ကားတဲ့အမှု ကြားနာဖို့ရာဇ၀တ်တရားရုံးကိုလာရောက်ခဲ့တယ်လို့ Khaosod သတင်းက သြဂုတ် ၂၂ရက်မှာဖော်ပြပါတယ်။ ၎င်းရဲ့ညီမ ၀န်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာကိုရာထူးက ဖြုတ်ချခဲ့တဲ့ စစ်အစိုးရက တိုင်ကြားခဲ့တာဖြစ်ပါတယ်။ ယင်းတိုင်ကြားချက်ဟာ၂၀၁၅ ခုနှစ် တောင်ကိုရီးယားသတင်းစာ Chosun Ilbo နဲ့အင်တာဗျူးတစ်ခုမှာ သက်ဆင်က ယင်လပ်ဆီကနေ အာဏာသိမ်းဖို့ အထူးကောင်စီဝင်တွေက ထောက်ခံတယ်လို့စွပ်စွဲခဲ့ပါတယ်။


အဆိုပါ အင်တာဗျူးကို အွန်လိုင်းမှာဖြန့်ချီခဲ့ပြီး အစိုးရရှေ့နေတွေက ကွန်ပျူတာ ရာဇ၀တ်မှု အက်ဥပဒေနဲ့တရားစွဲဆိုခဲ့ပါတယ်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၁၂ အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရရင် အနည်းဆုံးထောင်ဒဏ် ၃ နှစ်ကနေအများဆုံး ၁၅ နှစ်အထိ ချမှတ်နိုင်ပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *