ဩဂုတ်လ ၂၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းနိုင်ငံကိုလျှို့ဝှက်ဝင်ရောက်လာပြီးနောက် တရားမဝင် မြန်မာလုပ်သား ၁၀၀ ခန့်ကို တောထဲမှ ဖမ်းဆီးရမိခဲ့တယ်လို့ Khaosod သတင်းကသြဂုတ် ၂၆ရက်မှာဖော်ပြပါတယ်။မော်တော်ကား၊ စက်လှေနဲ့ သဘာဝလမ်းကြောင်းတွေကို ဖြတ်သန်းပြီး ၄ ရက်ကျော်ကြာ လာရောက်ခဲ့ရပေမယ့် နောက်ဆုံးမှာတော့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်က ကန်ချနပူရီခရိုင် အုပ်ချုပ်ရေးမှူး Mr. Athissan Intrathra၊ အမှတ် ၉ ခြေမြန်တပ်မဌာနချုပ် တိုင်းမှူးနဲ့ ကန်ချနပူရီခရိုင် ရဲတပ်ဖွဲ့မှူး ဗိုလ်ချုပ် Pornchai Chalaodech က ၎င်းတို့ရဲ့ အရာရှိတွေကိုတရားမ၀င် သွားလာလှုပ်ရှားမှုတွေအထူးသဖြင့် ထိုင်း-မြန်မာနယ်စပ် ဆန်ခလာဘူရီခရိုင်အတွင်း တရားမဝင် မြန်မာ အလုပ်သမားတွေနဲ့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအတွက်တပ်ဖွဲ့ဝင်တွေကိုတင်းတင်းကျပ်ကျပ် ကင်းလှည့်ဖို့ညွှန်ကြားခဲ့ပါတယ်။ ဒိနောက် ခေါင်လမ်အမျိုးသားဥယျာဉ်က တာဝန်ရှိသူတွေက လှည့်ကင်းဆောင်ရွက်စဉ် တောထဲသို့ ခိုးဝင်သွားတဲ့ခြေရာများစွာကို တွေ့ရှိခဲ့ကြောင်း၊ ပုန်းအောင်းဖို့မကြာသေးခင်က လှေနဲ့ဝင်ရောက်လာတဲ့ရွှေ့ပြောင်းလုပ်သားအုပ်စုတစ်စုကဖြစ်တယ်လို့ ယူဆရပါတယ်။ အရာရှိတွေက ခြေရာတွေကို ခြေရာခံရှာဖွေခဲ့ရာ မှာ ပွန်ပီရှုထောင့်၊ ခေါင်လမ်အမျိုးသားဥယျာဉ်၊ မူး ၄၊ Sangkhla Buri ခရိုင်အနီးရှိ Vajiralongkorn ရေလှောင်ကန်အစွန်းရှိ တောင်စောင်းမှာ ပုန်းအောင်းနေတဲ့ အမျိုးသားနဲ့အမျိုးသမီးတစ်စုကို တွေ့ရှိခဲ့ပါတယ်။ တည်နေရာကတော့ Chong-Aua ပူးပေါင်းစစ်ဆေးရေးဂိတ်က ၅- ၆ကီလိုမီတာခန့်အကွာမှာဖြစ်ပါတယ်။
အာဏာပိုင်တွေက လူပေါင်း ၁၀၀ ကိုတွေ့ရှိခဲ့ပြီး ယောက်ျား ၆၂ ဦးနဲ့ အမျိုးသမီး ၃၈ ဦးကို ခရီးဆောင်အိတ်တွေနဲ့အတူ ဖမ်းဆီးခဲ့ပါတယ်။ ၎င်းတို့ကို သစ်တောကးထဲကနေချုံအော ပူးပေါင်းစစ်ဆေးရေးဂိတ်ကို စစ်ဆေးဖို့ ခေါ်ဆောင်ခဲ့ပါတယ်။ တရားမဝင် ပစ္စည်တွေတော့မတွေ့ရဘူးလို့ဆိုပါတယ်။ စကားပြန်ကတဆင့် ပဏာမ စစ်ဆေးမေးမြန်းမှုမှာ မြန်မာအလုပ်သမားတွေဟာ မြို့အသီးသီးက လာခဲ့ကြတာပါ။ မြန်မာလမ်းပြက နယ်စပ်ဖြတ်ကျော်ပြီးတောလမ်းကြောင်းကတဆင့် ထိုင်းနိုင်ငံက်ုပို့ဆောင်ပေးမယ့် Payathonzu ခရိုင်မှာစုဝေးခဲ့ကြတယ်လို့သိရပါတယ်။ ထိုင်းကိုရောက်တာနဲ့ လမ်းပြက သူတို့ကို စစ်ဆေးရေးဂိတ်တွေကို ရှောင်ဖို့ တောတောင်အစွန်းတလျှောက် ခေါ်သွားတယ်။ သူတို့ရဲ့ ခရီးစဉ်မှာ မော်တော်ကားနဲ့ လှေစီးခရီး နှစ်ခုစလုံး ပါဝင်ပါတယ်။ ဒီအနားယူရာနေရာကိုရောက်ဖို့ ၎င်းတို့ဟာ၄ ရက်အထိ အချိန်ယူခဲ့ရတယ်လို့လည်းဆိုပါတယ်။ ဖမ်းဆီးခံရချိန်မှာ ၎င်းတို့ကို ထိုင်းနိုင်ငံအတွင်းကလုပ်ငန်းခွင်တွေဆီကို ပို့ဆောင်ဖို့ယာဉ်မောင်းတစ်ဦးကို စောင့်ဆိုင်းနေခဲ့ကြတာဖြစ်ပါတယ်။ ၎င်းတို့ကို လူကုန်ကူးမှု ကျူးလွန်ကြောင်း သက်သေ အထောက်အထားတွေစုဆောင်း ဖော်ထုတ်နိုင်ရေးအတွက် ဆန်ခလာဘူရီ ရဲစခန်းကိုပို့ဆောင်ထားကြောင်း သိရပါတယ်။ ၎င်းတို့ဟာ ၎င်းတို့ရဲ့ မိခင်နိုင်ငံဆီကို မပြန်မီမှာ “ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေထိုင်” မှုနဲ့တရားစွဲဆိုခံရမှာဖြစ်တယ်လို့သတင်းကဆက်လက်ဖော်ပြပါတယ်။