ဩဂုတ်လ ၂၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ဩဂုတ် ၂၆ ရက်က ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံမှ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအတွက် ယာယီအမိုးအကာနေရာတွေမှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေရဲ့အလုပ်အကိုင် စီမံခန့်ခွဲရေး လမ်းညွှန်ချက်တွေကို အတည်ပြုခဲ့တယ်လို့ Khaosod သတင်းကသြဂုတ် ၂၇ရက်မှာဖော်ပြပါတယ်။ အလုပ်သမားဝန်ကြီး Phongkwin Chungruangkit က ဒီချဉ်းကပ်မှုဟာ မယ်ဟောင်ဆောင်၊ တက်ခ်၊ ကန်ချနပူရီနဲ့ ရတ်ချဘူရီ ခရိုင် ၄ ခုမှာ မြန်မာနိုင်ငံက ပဋိပက္ခဆိုင်ရာဒုက္ခသည်တွေအတွက် ယာယီခိုလှုံရာနေရာ ၉ ခုလုံးမှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေအတွက် သက်သာရာရစေတယ်လို့ ပြောပါတယ်။ အဆိုပါဒုက္ခသည်တွေကို ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနမှာ မှတ်ပုံတင်ထားပြီး ခွင့်ပြုမိန့်ရရှိတဲ့နေ့ကစပြီး ၁ နှစ်အထိ ထိုင်းနိုင်ငံမှာအလုပ်အကိုင် ရည်ရွယ်ချက်အတွက် အထူးခွင့်ပြုချက် ရရှိပါမယ်။ အဆိုပါနိုင်ငံခြားတွေဟာ ထိန်းချုပ်နယ်မြေကနေထွက်ခွာဖို့ ခွင့်ပြုချက်လျှောက်ထားပြီး အလုပ်လုပ်ခွင့်လျှောက်လွှာတွေတင်သွင်းရမှာဖြစ်ပါတယ်။ နိုင်ငံခြားအလုပ်သမားတွေအတွက် တားမြစ်ပိတ်ပင်ထားတဲ့ကဏ္ဍအားလုံးမှာ နိုင်ငံခြားသားတွေဟာ အလုပ်ရှင်တွေနဲ့ အလုပ်လုပ်ကိုင်နိုင်ပြီး အလုပ်ရှင်၊ အလုပ်သမားနဲ့ လက်လီရောင်းချမှုရာထူးတွေအတွက် အရည်အချင်းပြည့်မီတဲ့နိုင်ငံခြားအလုပ်သမားတွေကို အလုပ်ခန့်ထားရန် အခြေအနေတွေနဲ့ စပ်လျဉ်းပြီး အလုပ်ရှင်ဌာန (DOE) ရဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံက ရွှေ့ပြောင်းဒုက္ခသည်စခန်း ၉ ခုမှာ နိုင်ငံခြားဒုက္ခသည် ၄၂,၀၀၀ ခန့် နေထိုင်လျက်ရှိတယ်လို့ အလုပ်အကိုင် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဆွမ်ချိုင်း မိုရာကော့စရီဝမ်က ပြောပါတယ်။
အလုပ်လုပ်ကိုင်လိုသူတွေဟာထိန်းချုပ်နယ်မြေဆီကနေ ထွက်ခွာခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် လျှောက်လွှာနှစ်စောင် တင်သွင်းရမှာဖြစ်ပါတယ်။ လျှောက်ထားသူတွေဟာ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကိုနိုင်ငံခြားအလုပ်သမားတွေရဲ့ ကျန်းမာရေးအာမခံ အထောက်အထားအပါအဝင် လိုအပ်တဲ့စာရွက်စာတမ်းတွေ ပေးဆောင်ရမှာဖြစ်ပါတယ်။ အလုပ်သမားတွေဟာ ဥပဒေအရ လိုအပ်တဲ့ စံလျှောက်လွှာခနဲ့ အလုပ်ပါမစ်ခတွေကို ပေးဆောင်ရမည်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၎င်းတို့ရဲ့ ပထမဆုံး အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားမှုအတွက် အလုပ်သမားတွေရဲ့ ငွေကြေးဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်အတွက် ၎င်းတို့ကို အလုပ်ပါမစ် အခကြေးငွေကနေ ကင်းလွတ်ခွင့်ပေးမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ကုန်ထုတ်လုပ်ငန်းနဲ့ ဝန်ဆောင်မှုကဏ္ဍတွေကို မောင်းနှင်ရာမှာ လက်ရှိမှာ နိုင်ငံခြားအလုပ်သမားတွေဟာအဓိကအခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ Phongkwin က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း အလုပ်သမားဝန်ကြီးဌာနက စစ်ဆေးထားခြင်းမရှိတဲ့ပြည်ပအလုပ်သမားတွေကိုသုံးစွဲခွင့်မပြုနိုင်တာကြောင့် ပြဿနာအမျိုးမျိုးကို ဖြစ်ပေါ်စေပါတယ်။ တရားမဝင်နိုင်ငံခြားသား လုပ်သားတွေရဲ့လှုပ်ရှားမှုတွေကို သတင်းပို့ရာမှာ ပြည်သူတွေကပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုခဲ့ပါတယ်။ နိုင်ငံသားတွေဟာ တာဝန်ရှိသူတွေထံ သွားရောက်စုံစမ်းနိုင်စေရန်အတွက် 1506 အရေးပေါ်ဖုန်းလိုင်းကတစ်ဆင့် တည်နေရာတွေကို အလုပ်သမားဝန်ကြီးဌာနကို တိုင်ကြားနိုင်ပါသတယ်။ ထိုင်းဥပဒေအရ ခွင့်ပြုမိန့်မရရှိဘဲ လုပ်ကိုင်နေတဲ့နိုင်ငံခြားသားတွေဟာ ၎င်းတို့ရဲ့ လုပ်ပိုင်ခွင့်ဘောင်ထက် ကျော်လွန်လုပ်ကိုင်ရင် ဒဏ်ငွေ ဘတ် ၅၀၀၀ ကနေ ၅၀၀၀၀ နဲ့ ပြည်နှင်ဒဏ် အပေးခံရမှာဖြစ်ပါတယ်။
နိုင်ငံခြားသား အလုပ်သမားတွေကို တရားမဝင် ငှားရမ်းတဲ့ အလုပ်ရှင်တွေဟာလည်း အလုပ်သမားတစ်ဦးအတွက် ဘတ်ငွေ ၁၀,၀၀၀ ကနေ ၁၀၀,၀၀၀ ထိ ဒဏ်ရိုက်ခံရပါမယ်။ ထပ်မံကျူးလွန်သူတွေဟာ ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ၅၀,၀၀၀ ကနေ ၂၀၀,၀၀၀ အထိ ချမှတ်နိုင်တဲ့အပြင် နိုင်ငံခြားသား အလုပ်သမားတွေကို အလုပ်ခန့်ထားခြင်းကိုလည်း ၃ နှစ် ပိတ်ပင်ထားပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ထိုင်းနိုင်ငံမှာတရားဝင်ခွင့်ပြုထားတဲ့ နိုင်ငံခြားအလုပ်သမား ၄,၀၇၁,၆၁၇ ဦး ကျန်ရှိနေသေးတယ်လို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကျွမ်းကျင်လုပ်သား ၁၉၇,၄၆၁ ဦးတိုင်းရင်းသားလူနည်းစု- ၉၉,၄၃၇ဦးနယ်စပ်ဖြတ်ကျော်/ ရာသီအလိုက် အလုပ်သမား ၄၂,၂၇၄ဦး (ကမ္ဘောဒီးယား ၃၇,၀၄၃၊ မြန်မာ ၅,၂၃၁)၊ MoU သဘောတူညီချက်အရ အလုပ်သမား ၆၈၇,၄၀၅ ဦး (ကမ္ဘောဒီးယား ၁၇၈,၂၄၀၊ မြန်မာ ၂၄၈,၃၂၀၊ လာအို ၂၆၀,၈၄၅)၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလ နဲ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွေမှာလုပ်သား ၁၀၁၆၀၄၀ ဦး (ကမ္ဘောဒီးယား ၁၀၈၀၆၄၊ မြန်မာ ၈၇၂၆၁၅၊ လာအို ၊ ၂၈၅၆၁၊ ဗီယက်နမ် 6၆၈၀၀)ဖြစ်ကြပါတယ်။ မကြာသေးခင်က အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေအောက်မှာ အလုပ်သမား ၂,၀၂၉,၀၀၀ ဟာခွင့်ပြုချက်လျှောက်ထားခဲ့ပါတယ်။ ယင်းတို့အနက် ၁၈၀,၂၈၈ ဦး (ကမ္ဘောဒီးယား ၁၇၆,၂၁၆၊ လာအို ၃,၉၆၇၊ ဗီယက်နမ် ၁၀၅)၊ ဆိုင်းငံ့ထားဆဲ ၁၈၄၈,၇၁၂ဦး (ကမ္ဘောဒီးယား ၁၉,၃၃၃၊ မြန်မာ ၁,၈၂၉,၃၇၉)ဖြစ်ပါတယ်။