ဩဂုတ်လ ၂၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်အတွင်း နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံအတွင်းကိုတရားမဝင်အလုပ်သမားတွေ မှောင်ခိုကူးသွားမယ်လို့ ထိုင်းထောက်လှမ်းရေးတပ်ဖွဲ့က အကြောင်းကြားခဲ့တာကြောင့် ရဲတွေက ဖော်ပြချက်နဲ့ ကိုက်ညီတဲ့ သံသယဖြစ်ဖွယ် ယာဉ်နှစ်စီးကို တွေ့ရှိပြီး ရပ်တန့်စစ်ဆေးခဲ့တယ်လို့ Khaosod သတင်းက သြဂုတ် ၂၇ရက်မှာဖော်ပြပါတယ်။
ဆက်လက်စစ်ဆေးရာ မှာ မြန်မာနိုင်ငံသား အထောက်အထားမဲ့ ၃၈ ဦး (အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၁၃ ဦး) တွေ့ရှိခဲ့ပါတယ်။ ၎င်းတို့အားလုံးဟာ၎င်းတို့ မွေးရပ်မြေမှာ အလုပ်မရှိတာကြောင့် ထိုင်းနိုင်ငံမှာ အလုပ်ရှာနေကြောင်း ဝန်ခံခဲ့ပါတယ်။
ပွဲစားတစ်ဦးကို ဘတ်ငွေ ၁၅၀၀၀ ပေးဆောင်ဖို့ အသီးသီး သဘောတူညီခဲ့ကြပေမယ့်လည်း နောက်ဆုံးခရီးကို မရောက်မီ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့သတင်းကဆိုပါတယ်။