တယ်လီနောရဲ့ တာဝန်မဲ့စွာနဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာမှု

ဩဂုတ်လ ၂၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

တယ်လီနောမြန်မာဟာ ၂၀၁၄ ခုနှစ်မှာ စတင်လည်ပတ်ခဲ့ပြီး တိုင်ကြားချက်တင်သွင်းချိန်မှာ သုံးစွဲသူပေါင်း ၁၈.၂ သန်းကျော်ကို ဝန်ဆောင်မှုပေးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာစစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေဆိုးရွားလာခဲ့ပြီး အီလက်ထရွန်းနစ် စောင့်ကြည့်မှု၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့ပါတယ်။ စစ်အစိုးရက တယ်လီနောမြန်မာအပါအဝင် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူတွေကို တောင်းဆိုချက်အရ သုံးစွဲသူတစ်ဦးချင်းစီအတွက် အရေးကြီးတဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ပေးဖို့ အတင်းအကြပ် ဖိအားပေးခဲ့ပါတယ်။ ဒီနောက် စစ်အစိုးရဟာ လူ့အခွင့်အရေးကာကွယ်သူတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ စစ်အစိုးရရဲ့ အခြားအတိုက်အခံတွေနဲ့ ၎င်းတို့ရဲ့မိသားစုဝင်တွေကို ခြေရာခံရန်၊ ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနဲ့ သတ်ဖြတ်ဖို့အတွက် ဒီလို အရေးကြီးတဲ့ အချက်အလက်တွေကို အသုံးပြုနိုင်ပါတယ်။ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ တယ်လီနောက M1 Group ကို တယ်လီနောမြန်မာရဲ့၁၀၀ ရာခိုင်နှုန်းကို ရောင်းချဖို့သဘောတူညီခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ M1 Group ဟာ ဘီလျံနာ Mikati မိသားစုက ချုပ်ကိုင်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်ပြီး အာဏာရှင်အစိုးရ ထိန်းချုပ်ထားတဲ့နိုင်ငံတွေမှာ စီးပွားရေးလုပ်ကိုင်တဲ့ မှတ်တမ်းတွေရှိပြီး မြန်မာစစ်တပ်နဲ့ ရင်းနှီးတဲ့ ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံမှုတွေ အပါအဝင် ဖြစ်ပါတယ်။ M1 Group နဲ့ SBP တို့ကြားမှာ ကုမ္ပဏီ၏ ထိန်းချုပ်မှုကို M1 Group ဆီကိုရောင်းချပြီးနောက် စစ်တပ်နဲ့ချိတ်ဆက်ထားတဲ့ SBP ကို ချက်ချင်းလွှဲပြောင်းပေးဖို့စစ်အစိုးရက အတည်ပြုထားတဲ့ သဘောတူညီချက်ကို ရရှိတဲ့အချိန်မှာ ထင်ရှားပါတယ်။ နော်ဝေနိုင်ငံနဲ့ချိတ်ဆက်မှုအပေါ် အားထားပြီး တယ်လီနောဟာ မြန်မာနိုင်ငံမှာတစ်ဦးတည်းသော “တာဝန်ယူမှု” မိုဘိုင်းအော်ပရေတာအဖြစ် မြှင့်တင်ခဲ့ပါတယ်။

————————————————————————————————————————————————-

နော်ဝေဆက်သွယ်ရေးကုမ္ပဏီဟာ မိုဘိုင်းလ်အသုံးပြုသူ သန်းပေါင်းများစွာကို အန္တရာယ်ဖြစ်စေပါတယ်။ ၂၀၂၁ ခုနှစ်မှာ SOMOကနော်ဝေ တယ်လီကွန်းကုမ္ပဏီ Telenor ကိုမြန်မာနိုင်ငံ အရပ်ဘက် လူမှုအဖွဲ့အစည်း၄၇၄ဖွဲ့ကိုယ်စား OECDဆီ တိုင်ကြားခဲ့ပါတယ်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလကအာဏာသိမ်းပြီးနောက် စစ်အစိုးရနဲ့တယ်လီနောကအကဲဆတ်တဲ့သုံးစွဲသူဒေတာတွေကို မျှဝေခြင်းနဲ့တယ်လီနောမြန်မာကို စစ်အစိုးရနဲ့ နီးစပ်တဲ့ကုမ္ပဏီတစ်ခုဆီကိုရောင်းချခြင်းကိစ္စနဲ့ပတ်သက်ပါတယ်။ Norwegian National Contact Point (NCP) ကို တင်သွင်းတဲ့ တိုင်ကြားချက်ဟာမြန်မာနိုင်ငံရှိ မိုဘိုင်းလ်အသုံးပြုသူ သန်းပေါင်းများစွာအပေါ် အလားအလာရှိတဲ့လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းပေးထားပြီး ၎င်းတို့ရဲ့ကိုယ်ရေးကိုယ်တာဒေတာကို မျှဝေပြီး ရောင်းချတာကြောင့် အခွင့်အရေးတွေချိုးဖောက်ခံရတာဖြစ်ပါတယ်။ 2021 ခုနှစ် ဇူလိုင်လမှာ SOMO ကမြန်မာနိုင်ငံအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၄၇၄ဖွဲ့ရဲ့ ကိုယ်စား OECD Guidelines for Norwegian National Contact Point (NCP) ဆီကို တရားဝင်တိုင်ကြားချက်တစ်ခုတင်သွင်းခဲ့ပါတယ်။ အစိုးရပိုင် နော်ဝေဆက်သွယ်ရေးကုမ္ပဏီ အများစုဖြစ်တဲ့ Telenor ASA ဟာ OECD လမ်းညွှန်ချက်တွေမှာ ဖော်ပြထားတဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှုဆိုင်ရာ စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ တိုင်ကြားချက်မှာ ၎င်းရဲ့ မြန်မာနိုင်ငံခွဲ တယ်လီနောမြန်မာ လီမိတက်ကို မရောင်းချမီ၊ကာလအတွင်း၊ တယ်လီနောမြန်မာကို လက်ဘနွန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ M1 Group SAL နဲ့ ရွှေ ဗျိုင်းဖြူ (SBP) တို့လိုမြန်မာနိုင်ငံရဲ့ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးခါစ စစ်အစိုးရနဲ့ နီးစပ်တဲ့မြန်မာလုပ်ငန်းစုတွေပါဝင်တဲ့လုပ်ငန်းစုထံ ရောင်းချခဲ့ပါတယ်။ တိုင်ကြားချက်မှာ တယ်လီနောမြန်မာက သုံးစွဲသူ ၁၈ သန်းကျော်ရဲ့ ဒေတာလုံခြုံရေးနဲ့၎င်းတို့ရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို အန္တရာယ်ဖြစ်စေတဲ့ ၎င်းရဲ့လုပ်ငန်းဆောင်ရွက်မှုအတွင်း အဓိပ္ပာယ်ပြည့်ဝတဲ့ စုပေါင်းပါဝင်ပတ်သက်မှု မရှိခြင်းနဲ့တယ်လီနောရဲ့ အန္တရာယ်ကင်းစင်ရေးကိုအခြေခံတဲ့ လုံလောက်တဲ့လုံ့လစိုက်ထုတ်ဖို့ပျက်ကွက်ခြင်းနဲ့ သက်ဆိုင်တယ်လို့ဖော်ပြပါတယ်။


တယ်လီနောမြန်မာဟာ ၂၀၁၄ ခုနှစ်မှာ စတင်လည်ပတ်ခဲ့ပြီး တိုင်ကြားချက်တင်သွင်းချိန်မှာ သုံးစွဲသူပေါင်း ၁၈.၂ သန်းကျော်ကို ဝန်ဆောင်မှုပေးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာစစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေဆိုးရွားလာခဲ့ပြီး အီလက်ထရွန်းနစ် စောင့်ကြည့်မှု၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့ပါတယ်။ စစ်အစိုးရက တယ်လီနောမြန်မာအပါအဝင် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူတွေကို တောင်းဆိုချက်အရ သုံးစွဲသူတစ်ဦးချင်းစီအတွက် အရေးကြီးတဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ပေးဖို့ အတင်းအကြပ် ဖိအားပေးခဲ့ပါတယ်။ ဒီနောက် စစ်အစိုးရဟာ လူ့အခွင့်အရေးကာကွယ်သူတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ စစ်အစိုးရရဲ့ အခြားအတိုက်အခံတွေနဲ့ ၎င်းတို့ရဲ့မိသားစုဝင်တွေကို ခြေရာခံရန်၊ ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနဲ့ သတ်ဖြတ်ဖို့အတွက် ဒီလို အရေးကြီးတဲ့ အချက်အလက်တွေကို အသုံးပြုနိုင်ပါတယ်။ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ တယ်လီနောက M1 Group ကို တယ်လီနောမြန်မာရဲ့၁၀၀ ရာခိုင်နှုန်းကို ရောင်းချဖို့သဘောတူညီခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ M1 Group ဟာ ဘီလျံနာ Mikati မိသားစုက ချုပ်ကိုင်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်ပြီး အာဏာရှင်အစိုးရ ထိန်းချုပ်ထားတဲ့နိုင်ငံတွေမှာ စီးပွားရေးလုပ်ကိုင်တဲ့ မှတ်တမ်းတွေရှိပြီး မြန်မာစစ်တပ်နဲ့ ရင်းနှီးတဲ့ ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံမှုတွေ အပါအဝင် ဖြစ်ပါတယ်။ M1 Group နဲ့ SBP တို့ကြားမှာ ကုမ္ပဏီ၏ ထိန်းချုပ်မှုကို M1 Group ဆီကိုရောင်းချပြီးနောက် စစ်တပ်နဲ့ချိတ်ဆက်ထားတဲ့ SBP ကို ချက်ချင်းလွှဲပြောင်းပေးဖို့စစ်အစိုးရက အတည်ပြုထားတဲ့ သဘောတူညီချက်ကို ရရှိတဲ့အချိန်မှာ ထင်ရှားပါတယ်။ နော်ဝေနိုင်ငံနဲ့ချိတ်ဆက်မှုအပေါ် အားထားပြီး တယ်လီနောဟာ မြန်မာနိုင်ငံမှာတစ်ဦးတည်းသော “တာဝန်ယူမှု” မိုဘိုင်းအော်ပရေတာအဖြစ် မြှင့်တင်ခဲ့ပါတယ်။

တယ်လီနောဟာ မြန်မာနိုင်ငံရှိ မိုဘိုင်းလ်ဝန်ဆောင်မှုတွေ ပြန်လည်ထူထောင်ရေးအတွက် လူသိရှင်ကြား ထောက်ခံအားပေးခဲ့ပြီး နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့ မိုဘိုင်းလ်အသုံးပြုသူတွေလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ထင်မြင်ချက်နဲ့ ပေါင်းသင်းမှုတို့ကို လိုက်နာဖို့ တယ်လီနောက အဆိုပြုထားတဲ့ မြန်မာ့ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြုပြင်ပြောင်းလဲဖို့စစ်အစိုးရရဲ့ ညွှန်ကြားချက်ကို ဆန့်ကျင်ခဲ့ပါတယ်။ တယ်လီနောမြန်မာကို M1 Group နဲ့ SBP ဆီကိုရောင်းချခြင်းဟာ M1 Group နဲ့ SBP တို့ရဲ့ ပိုင်ဆိုင်ခွင့်နဲ့ တယ်လီနောမြန်မာရဲ့ သုံးစွဲသူတွေရဲ့ကိုယ်ရေးကိုယ်တာအခွင့်အရေးနဲ့ အခြားလူ့အခွင့်အရေးတွေကို အန္တရာယ်ဖြစ်စေမှာကို စိုးရိမ်မှုတွေမြင့်တက်လာခဲ့ပါတယ်။ တယ်လီနောဟာ သင့်လျော်တဲ့ အန္တရာယ်အခြေခံလူ့အခွင့်အရေးကို လုံ့လစိုက်ထုတ်လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ပြီး ပြင်းထန်တဲ့စစ်အစိုးရနဲ့ဒေတာမျှဝေခြင်းကနေ ဖြစ်ပေါ်လာတဲ့ ဆိုးရွားတဲ့လူ့အခွင့်အရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေကို တားဆီးရန် သို့မဟုတ် လျော့ပါးသက်သာစေရန် ပျက်ကွက်ခဲ့တယ်လို့တိုင်ကြားသူတွေက စောဒကတက်ကြပါတယ်​။တယ်လီနောဟာ မြန်မာနိုင်ငံအရပ်ဘက်လူမှုအဖွဲ့အစည်းတွေအပါအဝင်သက်ဆိုင်သူတွေနဲ့ အဓိပ္ပာယ်ပြည့်ဝစွာ ထိတွေ့ဆက်ဆံခြင်းမရှိကြောင်းနဲ့တယ်လီနောမြန်မာရဲ့ရောင်းချမှုနဲ့ပတ်သက်တဲ့လုံလောက်တဲ့အချက်အလက်တွေကို ထုတ်ဖော်ပြောကြားရန် ပျက်ကွက်ခဲ့တယ်လို့ ၎င်းတို့က ထပ်မံစွပ်စွဲထားပါတယ်။ မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်း ၄၇၄ ဖွဲ့ဟာမြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အန္တရာယ်တွေကို ဆက်လက်ရင်ဆိုင်နေကြရပြီး လက်တုံ့ပြန်မှာကို စိုးရိမ်တာကြောင့် တိုင်ကြားစာတင်ရာမှာ အမည်မသိကလွဲပီး ကျန်ရွေးချယ်စရာမရှိပါဘူး။ တက်ကြွလှုပ်ရှားသူ ကိုရဲ က ဘယ်လိုပင်ပင် ဆိုစေကာမူ ပြောဆိုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ “မြန်မာပြည်မှာ စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်မှုနဲ့ စောင့်ကြည့်မှုတွေ တိုးလာနေတဲ့အတွက် ကျနော်တို့ရဲ့ အသက်အန္တရာယ်ကို ကြုံနေရပြီ… စစ်အစိုးရနဲ့ တလိုတလား ပူးပေါင်းနေတာထက် ပြန်တွန်းလှန်နိုင်တဲ့ တာဝန်ရှိတဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေ လိုအပ်နေပါတယ်။ M1 Group က သူတို့ရဲ့ လူ့အခွင့်အရေးတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်မယ် ဒါမှမဟုတ် ဂုဏ်သိက္ခာရှိစွာ စီးပွားရေးလုပ်မယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်”လို့သူကပြောပါတယ်။

အဲမောင်း
SOMO စာမျက်နှာမှာဖော်ပြတဲ့Telenor’s irresponsible disengagement from Myanmar ကိုပြန်ဆိုပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *