မြန်မာဘက်က အွန်လိုင်းလိမ်လည်သူတွေက အင်တာနက် ပြတ်တောက်မှုကို ရှောင်ရှားဖို့ Starlink ကို အသုံးပြု

ဇူလိုင်လ ၂၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

မြန်မာနိုင်ငံရှိ အွန်လိုင်းကလိမ်လည်သူတွေဟာ ထိုင်းအာဏာပိုင်တွေချမှတ်ထားတဲ့ အင်တာနက် ပြတ်တောက်မှုကို ကျော်လွှားဖို့ Elon Musk ရဲ့Starlink ဂြိုလ်တု အင်တာနက်ကို အသုံးပြုနေကြပါတယ်။ အဓိက ရာဇ၀တ်ဂိုဏ်းတွေမှာ Starlink ချိတ်ဆက်မှု အရေအတွက်ဟာ ၂၀၂၄ ခုနှစ် ဧပြီလက စတင်ပြီး နှစ်ဆကျော် တိုးလာခဲ့ပါတယ်မြဝတီလို လိမ်လည်မှုဆိုင်ရာ အချက်အချာကျတဲ့အဆောက်အဦး ခေါင်မိုးတွေပေါ်မှာ ဂြိုလ်တုစလောင်းမတွေသိသိသာသာ ပျံ့နှံ့နေပါတယ်။ Starlink စက်ပစ္စည်းတွေရဲ့သယ်ဆောင်ရလွယ်ကူမှုဟာ ခိုးသွင်းဖို့ လွယ်ကူစေပြီး လိမ်လည်လုပ်ကိုင်မှုတွေကို ရပ်တန့်ဖို့ ထိုင်းနိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အားနည်းစေပြီး ဝန်ဆောင်မှုကို ပိတ်ဆို့ရာမှာ Starlink ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အာဏာပိုင်တွေဆီ တောင်းဆိုဖို့လှုံ့ဆော်ပေးပါတယ်။
အင်တာနက် ကေဘယ်ကြိုးတွေဖြတ်တောက်ခြင်းနဲ့၎င်းတို့ရဲ့ လုပ်ငန်းတွေကို ပြတ်တောက်စေဖို့ထိုင်းနိုင်ငံက ပူးပေါင်းကြိုးပမ်းခဲ့ပေမယ့်လည်း မြန်မာနိုင်ငံရဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ခေါ်ဆိုရေးစင်တာ လိမ်လည်သူတွေဟာအခုအခါ Elon Musk ရဲ့ Starlink ဂြိုလ်တု အင်တာနက်ကိုပြောင်းလဲသုံးစွဲလာနေပြီဖြစ်ပါတယ်။ အဆိုပါအပြောင်းအရွှေ့ကြောင့် Starlink ရဲ့ထူးခြားတဲ့ဂြိုဟ်တုစလောင်းတွေဟာ အဆိုပါရာဇ၀တ်လုပ်ငန်းတွေအတွက် အဓိကအချက်အချာဖြစ်တဲ့ မြဝတီမြို့ကအိမ်ခေါင်ခေါင်မိုးတွေအပေါ်မှာထင်ရှားစွာပျံ့နှံ့လာခဲ့ပါတယ်။ လေ့လာသူတွေက Starlink ဟာ၎င်းတို့ရဲ့ဆက်သွယ်ရေးအသုံးပြုမှုရဲ့ အဓိကနည်းလမ်းဖြစ်လာတယ်လို့အကြံပြုထားပါတယ်။

ထိုင်းအာဏာပိုင်တွေက အင်တာနက်လိုင်းတွေကို ဖြတ်တောက်လိုက်ပေမယ့် ပြဿနာက ဆက်လက်ရှိနေပုံပေါ်ပါတယ်။ ဒီအွန်လိုင်းလိမ်လည်ဂိုဏ်းတွေဟာသမားရိုးကျ ဖုန်းနဲ့ကေဘယ်လ်ချိတ်ဆက်မှုတွေကို ထိထိရောက်ရောက် ကျော်ဖြတ်ပြီး Starlink ရဲ့ဂြိုလ်တုအခြေခံဝန်ဆောင်မှုကို ရွေးချယ်ခဲ့ကြပါတယ်။ နိုင်ငံတကာ တရားမျှတမှုမစ်ရှင် (IJM) မှ လူကုန်ကူးမှု တိုက်ဖျက်ရေး အမေရိကန် လူ့အခွင့်အရေးအဖွဲ့ မှ Nikkei Asia နဲ့ မျှဝေထားတဲ့မိုဘိုင်းလ်ဖုန်းတွေဆီကအချက်အလက်တွေဟာအဆိုပါ ရာဇဝတ်မှုလုပ်ဆောင်သူတွေဟာကနဦး ကေဘယ်ကြိုးဖြတ်တောက်ခဲ့ပြီးနောက်ပိုင်း Starlink အသုံးပြုမှု နှစ်ဆကျော် ပိုမိုများပြားလာတယ်လို့ ထုတ်ဖော်ပြသခဲ့ပါတယ်။ IJM မှ ကမ္ဘာလုံးဆိုင်ရာ လေ့လာဆန်းစစ်သူ Eric Heinz က “ဒါက ပေါ်ထွက်လာတဲ့ လမ်းကြောင်းတစ်ခုပဲ” ဟု မှတ်ချက်ပြုခဲ့ပါတယ်။ “အထူးသဖြင့် KK Park နဲ့ ပိုကြီးတဲ့ အဆောက်အဦတချို့မှာ တိုးလာတာကို တွေ့ရမှာပါ” ဟု မြဝတီမြို့ရှိ လိမ်လည်မှုစင်တာများကို ရည်ညွှန်းပြီး သူက ဆက်ပြောပါတယ်။ “ဂူဂဲလ်ဂြိုလ်တုဓာတ်ပုံတွေမှာ ခေါင်မိုးတွေပေါ်ကStarlink အင်တာနာငယ်များစွာကို သင်တွေ့နိုင်ပါတယ်” လို့သူကပြောပါတယ်။ ဒီရာဇ၀တ်ဂိုဏ်းတွေရဲ့Starlinkသုံးစွဲမှုအတိုင်းအတာကို တိုင်းတာဖို့အတွက် IJM က ကြော်ငြာလုပ်ငန်းကိရိယာတွေနဲ့ မိုဘိုင်းကွန်ရက်ပံ့ပိုးပေးသူတွေကတစ်ဆင့် မိုဘိုင်းလ်ဖုန်းဒေတာကို စုဆောင်းခဲ့ပါတယ်။ စုဆောင်းထားတဲ့ဒေတာတွေဟာအမှန်တကယ် Starlink ချိတ်ဆက်မှုတွေကို လျှော့တွက်ဖြစ်နိုင်ပေမယ့်လည်း ပြတ်သားတဲ့ လမ်းကြောင်းကို ညွှန်ပြနေသေးတယ်လို့Heinz က သတိပေးခဲ့ပါတယ်။

မြဝတီနဲ့ အနီးတစ်ဝိုက်ရှိ ရာဇ၀တ်ဂိုဏ်းကြီး ရှစ်ခုကနေIJM ရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ် ဧပြီလမှာ Starlink ချိတ်ဆက်မှု ၂၄၉၂ ခုကို တွေ့ခဲ့ရပါတယ်။ ဒီကိန်းဂဏန်းဟာ ၂၀၂၄ခုနှစ် ဧပြီလကထိုင်းအင်တာနက် ပိတ်ဆို့ခြင်း အပြည့်အဝ အသက်မဝင်မီ တစ်လကာလထက် နှစ်ဆပိုများပါတယ်။ Starlink ရဲ့ထူးခြားချက် က”အဖြူရောင်လေးထောင့်ပန်းကန်ပြားတွေ” ပုံစံနဲ့ရာဇ၀တ်မှုကျူးလွန်တဲ့အဆောက်အဦးတွေရဲ့ခေါင်မိုးတွေမှာတပ်ဆင်ထားတာကိုရှင်းရှင်းလင်းလင်းပြသထားတဲ့ ၂၀၂၅ ခုနှစ်က Google Earth ရုပ်ပုံတွေဆီကနေထွက်ပေါ်လာပါတယ်။မနှစ်တည်ဆောက်ပုံတွေလုံးဝမရှိတော့ပါဘူး။ Elon Muskရဲ့ ကုမ္ပဏီဟာ ကမ္ဘာ့အကြီးဆုံး ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကို ပိုင်ဆိုင်ထားပြီး ဂြိုလ်တု ၈,၀၀၀ နီးပါးဟာ ကမ္ဘာမြေကို အမြင့်ကနေလှည့်ပတ်နေပါတယ်။ “မြန်မာနိုင်ငံမှာ ခွင့်မပြုပေမယ့် Starlink ဟာ ဒီရာဇ၀တ်ဂိုဏ်းတွေအတွက် ဂြိုလ်တုဆက်သွယ်ရေးစနစ်ရဲ့ အဓိကပုံစံဖြစ်လာပါတယ်” ဟု ဟားဗတ်ရဲ့ အာရှစင်တာကအရှေ့တောင်အာရှနိုင်ငံဖြတ်ကျော်မှုခင်းတွေကို သုတေသနပြုတဲ့ဧည့်သည်တော် Jacob Sims က ရှင်းပြပါတယ်။ အဖြူရောင်လေးထောင့်ပန်းကန်ပုံစံအင်တာနာတွေရောက်တာနဲ့ ကေဘယ်တွေပါ၀င်တဲ့ Starlink အစုံဟာစာရင်းသွင်းထားတဲ့ နိုင်ငံတွေဆီကိုပို့လွှတ်တဲ့ဂြိုလ်တုအချက်ပြစနစ်ကိုအလွယ်တကူ ချိတ်ဆက်နိုင်ပါတယ်။ ၎င်းရဲ့ကျစ်လစ်တဲ့အရွယ်အစား၊ ၄၀x ၆၀ စင်တီမီတာအောက်ရှိတဲ့ ပန်းကန်ပြားတွေကို ကျောပိုးအိတ်အတွင်းသယ်သွားနိုင်တဲ့အထိသေးငယ်ပြီး နယ်စပ်ဖြတ်ကျော် အလွယ်တကူ ခိုးထုတ်နိုင်ပါတယ်။

ထိုင်းနယ်စပ် မဲဆောက်အခြေစိုက် အမြတ်အစွန်းမယူတဲ့ Global Alms ရဲ့ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Michelle Moore က ရာဇ၀တ်ဂိုဏ်းတွေ အသုံးပြုတဲ့ အဆောက်အဦတွေမှာ “Starlink အင်တာနာ” တွေကို ထိုင်းဘက်ခြမ်းကနေသူမြင်နိုင်တယ်လို့အတည်ပြုခဲ့ပါတယ်။ ဂိုဏ်းတွေရဲ့ဖုန်းနဲ့အင်တာနက်ဝင်ရောက်မှုကို နှောင့်ယှက်ရန် ထိုင်းကစတင်ခဲ့တဲ့နောက်၂၀၂၃ ခုနှစ်မှာ အဆိုပါအင်တာနာတွေစတင်ပေါ်ပေါက်လာခဲ့တယ်လို့Moore က မှတ်ချက်ပြုခဲ့ပါသည်။ အဲဒိအချိန်ကစပြီးအင်တာနာတွေရဲ့အရေအတွက်ဟာတဖြည်းဖြည်း ကြီးထွားလာခဲ့ပါတယ်။ “ခေါင်မိုးတွေလသာဆောင်တွေမှာ ဒါတွေကိုရှင်တို့မြင်နိုင်ပါတယ်။ ဒါတွေဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့အဆောက်အဦးတွေပေါ်မှာ ရှိတယ်။ ထိုင်းမြန်မာနယ်စပ်မှာအခုဆောက်နေတဲ့ အဆောက်အဦးတွေမှာ Starlink မပါတဲ့အဆောက်အအုံ ရှိမရှိ မသိသေးဘူး” လို့သူက ပြောပါတယ်။ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲ့ ဆိုက်ဘာမှုခင်းနှိမ်နင်းရေးဗဟိုဌာန ညွှန်ကြားရေးမှူး ရဲချုပ်ကြီး Thatchai Pitaneelabutr က အခြားနိုင်ငံတွေဆီကိုလိမ်လည်ခေါ်ဆိုမှုများ လျှော့ချခြင်းနဲ့ပတ်သက်ပြီးတိကျတဲ့ကိန်းဂဏန်းများကို မရနိုင်ဘူးလို့ဝန်ခံခဲ့ပါတယ်။ လူပေါင်း ၁၀၀၀၀၀ လောက်က ဒီဖုန်းခေါ်ဆိုမှုစင်တာတွေမှာ အလုပ်လုပ်နေကြတုန်းပဲလို့ သူက ဝန်ခံခဲ့ပါတယ်။ မြန်မာနိုင်ငံကို Starlink စက်ကိရိယာများ မှောင်ခိုတင်သွင်းမှုသည် ထိုင်းနိုင်ငံ၏ “သုံးဖြတ်အစီအစဥ်” (ဆီ၊ လျှပ်စစ်နှင့် အင်တာနက် ဖြတ်တောက်ခြင်း) ကို ဆိုးရွားစွာ ထိခိုက်စေကြောင်း သူက ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ တရားမျှတမှုမစ်ရှင် (IJM) မှ လူကုန်ကူးမှု တိုက်ဖျက်ရေး အမေရိကန် လူ့အခွင့်အရေးအဖွဲ့ မှ Nikkei Asia နဲ့ မျှဝေထားတဲ့မိုဘိုင်းလ်ဖုန်းတွေဆီကအချက်အလက်တွေဟာအဆိုပါ ရာဇဝတ်မှုလုပ်ဆောင်သူတွေဟာကနဦး ကေဘယ်ကြိုးဖြတ်တောက်ခဲ့ပြီးနောက်ပိုင်း Starlink အသုံးပြုမှု နှစ်ဆကျော် ပိုမိုများပြားလာတယ်လို့ထုတ်ဖော်ပြသခဲ့ပါတယ်။ IJM မှ ကမ္ဘာလုံးဆိုင်ရာ လေ့လာဆန်းစစ်သူ Eric Heinz က “ဒါက ပေါ်ထွက်လာတဲ့ လမ်းကြောင်းတစ်ခုပဲ” ဟု မှတ်ချက်ပြုခဲ့ပါတယ်။ “အထူးသဖြင့် KK Park နဲ့ ပိုကြီးတဲ့ အဆောက်အဦတချို့မှာ တိုးလာတာကို တွေ့ရမှာပါ” ဟု မြဝတီမြို့ရှိ လိမ်လည်မှုစင်တာများကို ရည်ညွှန်းပြီး သူက ဆက်ပြောပါတယ်။ “ဂူဂဲလ်ဂြိုလ်တုဓာတ်ပုံတွေမှာ ခေါင်မိုးတွေပေါ်ကStarlink အင်တာနာငယ်များစွာကို သင်တွေ့နိုင်ပါတယ်” လို့သူကပြောပါတယ်။ ဒီရာဇ၀တ်ဂိုဏ်းတွေရဲ့Starlinkသုံးစွဲမှုအတိုင်းအတာကို တိုင်းတာဖို့အတွက် IJM က ကြော်ငြာလုပ်ငန်းကိရိယာတွေနဲ့ မိုဘိုင်းကွန်ရက်ပံ့ပိုးပေးသူတွေကတစ်ဆင့် မိုဘိုင်းလ်ဖုန်းဒေတာကို စုဆောင်းခဲ့ပါတယ်။ စုဆောင်းထားတဲ့ဒေတာတွေဟာအမှန်တကယ် Starlink ချိတ်ဆက်မှုတွေကို လျှော့တွက်ဖြစ်နိုင်ပေမယ့်လည်း ပြတ်သားတဲ့ လမ်းကြောင်းကို ညွှန်ပြနေသေးတယ်လို့Heinz က သတိပေးခဲ့ပါတယ်။ မြဝတီနဲ့ အနီးတစ်ဝိုက်ရှိ ရာဇ၀တ်ဂိုဏ်းကြီး ရှစ်ခုကနေIJM ရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ် ဧပြီလမှာ Starlink ချိတ်ဆက်မှု ၂၄၉၂ ခုကို တွေ့ခဲ့ရပါတယ်။ဒီကိန်းဂဏန်းဟာ ၂၀၂၄ခုနှစ် ဧပြီလကထိုင်းအင်တာနက် ပိတ်ဆို့ခြင်း အပြည့်အဝ အသက်မဝင်မီ တစ်လကာလထက် နှစ်ဆပိုများပါတယ်။

Starlink ရဲ့ထူးခြားချက် က”အဖြူရောင်လေးထောင့်ပန်းကန်ပြားတွေ” ပုံစံနဲ့ရာဇ၀တ်မှုကျူးလွန်တဲ့အဆောက်အဦးတွေရဲ့ခေါင်မိုးတွေမှာတပ်ဆင်ထားတာကိုရှင်းရှင်းလင်းလင်းပြသထားတဲ့ ၂၀၂၅ ခုနှစ်က Google Earth ရုပ်ပုံတွေဆီကနေထွက်ပေါ်လာပါတယ်။မနှစ်တည်ဆောက်ပုံတွေလုံးဝမရှိတော့ပါဘူး။
Elon Muskရဲ့ ကုမ္ပဏီဟာ ကမ္ဘာ့အကြီးဆုံး ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကို ပိုင်ဆိုင်ထားပြီး ဂြိုလ်တု ၈,၀၀၀ နီးပါးဟာ ကမ္ဘာမြေကို အမြင့်ကနေလှည့်ပတ်နေပါတယ်။ “မြန်မာနိုင်ငံမှာ ခွင့်မပြုပေမယ့် Starlink ဟာ ဒီရာဇ၀တ်ဂိုဏ်းတွေအတွက် ဂြိုလ်တုဆက်သွယ်ရေးစနစ်ရဲ့ အဓိကပုံစံဖြစ်လာပါတယ်” ဟု ဟားဗတ်ရဲ့ အာရှစင်တာကအရှေ့တောင်အာရှနိုင်ငံဖြတ်ကျော်မှုခင်းတွေကို သုတေသနပြုတဲ့ဧည့်သည်တော် Jacob Sims က ရှင်းပြပါတယ်။ အဖြူရောင်လေးထောင့်ပန်းကန်ပုံစံအင်တာနာတွေရောက်တာနဲ့ ကေဘယ်တွေပါ၀င်တဲ့ Starlink အစုံဟာစာရင်းသွင်းထားတဲ့ နိုင်ငံတွေဆီကိုပို့လွှတ်တဲ့ဂြိုလ်တုအချက်ပြစနစ်ကိုအလွယ်တကူ ချိတ်ဆက်နိုင်ပါတယ်။ ၎င်းရဲ့ကျစ်လစ်တဲ့အရွယ်အစား၊ ၄၀x ၆၀ စင်တီမီတာအောက်ရှိတဲ့ ပန်းကန်ပြားတွေကို ကျောပိုးအိတ်အတွင်းသယ်သွားနိုင်တဲ့အထိသေးငယ်ပြီး နယ်စပ်ဖြတ်ကျော် အလွယ်တကူ ခိုးထုတ်နိုင်ပါတယ်။ ထိုင်းနယ်စပ် မဲဆောက်အခြေစိုက် အမြတ်အစွန်းမယူတဲ့ Global Alms ရဲ့ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Michelle Moore က ရာဇ၀တ်ဂိုဏ်းတွေ အသုံးပြုတဲ့ အဆောက်အဦတွေမှာ “Starlink အင်တာနာ” တွေကို ထိုင်းဘက်ခြမ်းကနေသူမြင်နိုင်တယ်လို့အတည်ပြုခဲ့ပါတယ်။

ဂိုဏ်းတွေရဲ့ဖုန်းနဲ့အင်တာနက်ဝင်ရောက်မှုကို နှောင့်ယှက်ရန် ထိုင်းကစတင်ခဲ့တဲ့နောက်၂၀၂၃ ခုနှစ်မှာ အဆိုပါအင်တာနာတွေစတင်ပေါ်ပေါက်လာခဲ့တယ်လို့Moore က မှတ်ချက်ပြုခဲ့ပါသည်။ အဲဒိအချိန်ကစပြီးအင်တာနာတွေရဲ့အရေအတွက်ဟာတဖြည်းဖြည်း ကြီးထွားလာခဲ့ပါတယ်။ “ခေါင်မိုးတွေလသာဆောင်တွေမှာ ဒါတွေကိုရှင်တို့မြင်နိုင်ပါတယ်။ ဒါတွေဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့အဆောက်အဦးတွေပေါ်မှာ ရှိတယ်။ ထိုင်းမြန်မာနယ်စပ်မှာအခုဆောက်နေတဲ့ အဆောက်အဦးတွေမှာ Starlink မပါတဲ့အဆောက်အအုံ ရှိမရှိ မသိသေးဘူး” လို့သူက ပြောပါတယ်။ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲ့ ဆိုက်ဘာမှုခင်းနှိမ်နင်းရေးဗဟိုဌာန ညွှန်ကြားရေးမှူး ရဲချုပ်ကြီး Thatchai Pitaneelabutr က အခြားနိုင်ငံတွေဆီကိုလိမ်လည်ခေါ်ဆိုမှုများ လျှော့ချခြင်းနဲ့ပတ်သက်ပြီးတိကျတဲ့ကိန်းဂဏန်းများကို မရနိုင်ဘူးလို့ဝန်ခံခဲ့ပါတယ်။ လူပေါင်း ၁၀၀၀၀၀ လောက်က ဒီဖုန်းခေါ်ဆိုမှုစင်တာတွေမှာ အလုပ်လုပ်နေကြတုန်းပဲလို့ သူက ဝန်ခံခဲ့ပါတယ်။ မြန်မာနိုင်ငံကို Starlink စက်ကိရိယာများ မှောင်ခိုတင်သွင်းမှုသည် ထိုင်းနိုင်ငံ၏ “သုံးဖြတ်အစီအစဥ်” (ဆီ၊ လျှပ်စစ်နှင့် အင်တာနက် ဖြတ်တောက်ခြင်း) ကို ဆိုးရွားစွာ ထိခိုက်စေကြောင်း သူက ဝန်ခံခဲ့ပါတယ်။ ထိုင်းနိုင်ငံက နယ်စပ်ဒေသများရှိ ဝန်ဆောင်မှုတွေကို ပိတ်ဆို့ဖို့ Starlink ကိုဆွဲဆောင်ဖို့နိုင်ငံခြားအစိုးရအေဂျင်စီတွေနဲ့စေ့စပ်ဆွေးနွေးခဲ့တယ်လို့ Thatchai က ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ ဒါကို လုပ်ဆောင်နေပြီး အဲဒီကိရိယာတွေကို ပိတ်ပစ်ဖို့ Starlink ကို ညှိလို့ရနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ Thatchai က ပြောကြားခဲ့ပါတယ်။ “မဟုတ်ရင် အင်တာနက်အတွက် Starlink ကို ဆက်သုံးနေမယ်ဆိုရင် သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ရပ်တန့်ဖို့က ကျွန်တော်တို့အတွက် အတော်လေး ခက်ခဲမယ်ထင်ပါတယ်”လို့လည်းသူကဆိုပါတယ်။

အဲမောင်း
The Nation သတင်းတွင်ဖော်ပြသော Myanmar Scammers Adopt Starlink in Bid to Evade Internet Blackout ကိုပြန်ဆိုပါသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *