ဩဂုတ်လ ၂၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ဟွန်ဆန်နဲ်အသံဖိုင်မှာ ကျင့်ဝတ်ဖောက်ပြန်မှုနဲ့အပြစ်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ပြီးနောက် ၀န်ကြီးချုပ် Paetongtarn Shinawatra ကို ရာထူးမှဖယ်ရှားခဲ့တယ်လို့ Thai Enwuire သတင်းက သြဂုတ် ၂၉ရက်နေ့ခင်းပိုင်းမှာဖော်ပြပါတယ်။
ယာယီဝန်ကြီးချုပ် Phumtham Wechayachai က အိမ်စောင့်ဝန်ကြီးချုပ်အဖြစ် ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး ယခုအခါ အစိုးရအဖွဲ့တစ်ခုလုံးကို အိမ်စောင့်တာဝန်ဖြင့် ထမ်းဆောင်မှာဖြစ်ပါတယ်။
လက်ရှိအာဏာရ ဖြူထိုင်းပါတီဟာ လက်ရှိဝန်ကြီးချုပ်လောင်းတွေထဲကနေ၀န်ကြီးချုပ်အသစ်ရွေးချယ်ရန် သို့မဟုတ် ရွေးကောက်ပွဲအသစ်အတွက် အောက်လွှတ်တော်ကို ဖျက်သိမ်းဖို့ပါလီမန်လုပ်ငန်းစဉ်ကို စတင်ရမှာဖြစ်ပါတယ်။
ဖြူထိုင်းပါတီ ဟာ၎င်းရဲ့တတိယနဲ့နောက်ဆုံးဝန်ကြီးချုပ်လောင်း Chaikasem Nitisiri ရှိနေဆဲဖြစ်တာကြောင့် ရွေးချယ်ရေးလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ဖွယ်ရှိပါတယ်။
အခြားအလားအလာရှိသော ဝန်ကြီးချုပ်လောင်းတွေကတော့-
– Bhumjaithai ခေါင်းဆောင် Anutin Charnvirakul
– Ruam Thai Sang Chart ခေါင်းဆောင် Pirapan Salirathavibhaga
– ဒီမိုကရက်တစ်ပါတီခေါင်းဆောင်ဟောင်း Jurin Laksanawisit
ဖြစ်နိုင်ချေမရှိပေမယ့်လည်း အလားအလာရှိတဲ့နောက်ထပ်ဝန်ကြီးချုပ်လောင်းကတော့ Ruam Thai Sang Chart ပါတီရဲ့ အမည်စာရင်းတင်သွင်းသူဖြစ်တဲ့ ၂၀၁၄ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာဖြစ်ပါတယ်။