ဝန်ကြီးချုပ်ဟောင်း သက်ဆင်လေယာဉ်စင်ကာပူ မှာ မဆင်းဘဲ ဒူဘိုင်းကို ဦးတည်နေ

စက်တင်ဘာ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ ဆေးကုသမှုခံဖို့ စင်ကာပူကိုဒွန်မောင်းလေဆိပ်ကတဆင့် ကိုယ်ပိုင်လေယာဉ်နဲ့ ထွက်ခွာသွားပေမယ့်လည်း လေယာဉ်ဟာ စင်ကာပူမှာ မဆင်းဘဲ အာရပ်စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်းကိုဦးတည်သွားတယ်လို့ Khaosod သတင်းက စက်တင်ဘာ ၄ ရက်နေ့ည ၁၀မိနစ်၃၀ခန့်ကဖော်ပြပါတယ်။


ထိုင်းသတင်းဌာနတွေကအွန်လိုင်းကတဆင့် လေယာဉ်ပျံသန်းမှုများကို စောင့်ကြည့်တဲ့ Flightradar 24 Application အရ သက်ဆင်​ရဲ့လေယာဉ်ကို စောင့်ကြည့်နေပြီး မှတ်ချက် ပြုကြတာဖြစ်ပါတယ်။

အစောပိုင်းသတင်းတွေအရ သက်တင်ဟာ ဆေးစစ်ဖို့အတွက် စင်ကာပူကိုသွားရောက်ခဲ့ပြီး နှစ်ရက်အတွင်း ပြန်လာမယ်လို့ မျှော်လင့်ရပေမယ့်လည်း အခုတော့ မသေချာတော့ဘူးလို့သတင်းက ဆိုပါတယ်။

သက်ဆင်ထိန်းသိမ်းခံရနေချိန်မှာဆေးရုံတက်ရောက်ခဲ့တဲ့အမှုကို စက်တင်ဘာ ၉ ရက်မှာစီရင်ချက်ချဖို့စီစဉ်ထားတဲ့ တရားရုံးချိန်း မတိုင်မီ မှာထွက်ခွာသွားတာဖြစ်ပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *