စက်တင်ဘာ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းနိုင်ငံမှာလအပြည့်ကြတ်တာကို ၂၀၂၅ ခုနှစ်စက်တင်ဘာ ၇ ရက် ကနေ စက်တင်ဘာ ၈ ရက် အစောပိုင်း အထိ ညတွင်းချင်း ဖြစ်ပွား မှာဖြစ်ပြီး ည ၁၀ နာရီ ၂၉ မိနစ် ကနေ နံနက် ၃ နာရီ ၅၅ မိနစ် (ထိုင်း စံတော်ချိန်) အထိ ကြာမြင့်မှာ ဖြစ်တယ်လို့ The Nation သတင်းကစက်တင်ဘာ ၇ရက်မှာဖော်ပြပါတယ်။ ဥရောပ၊ အာရှ၊ သြစတြေးလျ၊ အာဖရိက၊ အနောက်မြောက်အမေရိက၊ တောင်အမေရိကအရှေ့ဘက်၊ ပစိဖိတ်၊ အတ္တလန္တိတ်နဲ့ အိန္ဒိယသမုဒ္ဒရာ၊ မြောက်နဲ့တောင်ဝင်ရိုးစွန်းဒေသတွေအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားမှာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံတွင် လကြတ်တာကို ပကတိမျက်စိနဲ့ မြင်နိုင်မှာဖြစ်ပါတယ်။ စုစုပေါင်းအဆင့်မှာ လဟာ နံနက် ၁၂.၃၁ နဲ့ ၁.၅၃မိနစ်ကြားမှာထူးထူးခြားခြား(သွေးနီရောင်လလို့ခေါ်တဲ့)နီမြန်းတဲ့အရောင်ကို ပြောင်းလဲသွားမှာဖြစ်ပါတယ်။ကြာမြင့်ချိန်ကတော ၁နာရီနဲ့ ၂၂မိနစ်ဖြစ်ပါတယ်။ လကြတ်ချိန်အချိန်ဇယား (ထိုင်းစံတော်ချိန်) စက်တင်ဘာ ၇ ရက် ည ၁၀:၂၉ နာရီ လမျက်နှာပြင်မသိမသာစမှောင်လာမယ်။
စက်တင်ဘာ ၇ ရက်-ည ၁၁:၂၇ နာရီ လတစ်စိတ်တစ်ပိုင်းစကြပ်မယ်။စက်တင်ဘာ ၈ ရက်-နံနက် ၁၂:၃၁ နာရီ လအပြည့်အဝစကြပ်မယ်။ စက်တင်ဘာ ၈ ရက် နံနက် ၁:၁၂ နာရီ – လကြပ်ခြင်းအမြင့်မားဆုံးအခြေအနေကိုရောက်ရှိမယ်။ စက်တင်ဘာ ၈ ရက် နံနက် ၁:၅၃ နာရီ-လအပြည့်အဝကြပ်တာအဆုံးသတ်မယ်။ စက်တင်ဘာ ၈ ရက် နံနက် ၂:၅၇ နာရီ-တစ်စိတ်တစ်ပိုင်းလကြပ်တာအဆုံးသတ်မယ်။ စက်တင်ဘာ ၈ ရက် နံနက် ၃:၅၅ နာရီ လမှောင်နေတာပြီးဆုံးမယ်။ နေ၊ ကမ္ဘာနဲ့ လတို့ဟာ မျဉ်းဖြောင့်အနေအထားအတိုင်းရှိချိန် ကမ္ဘာဟာနေနဲ့လကြား တိုက်ရိုက်နေရာယူတဲ့အခါ လကြတ်ခြင်း ဖြစ်ပေါ်ပါတယ်။