စက်တင်ဘာ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
နီပေါနိုင်ငံရဲ့ ပါလီမန်ကို လက်နက်ကိုင်စစ်သားမတွေက စောင့်ကြပ်ပြီး မြို့တော်ခတ္တမန္ဒူလမ်းျနွပေါ်မှာ အကန့်အသတ်မရှိ ကာဖျူးထုတ်ပြန်ပြီးနောက် စက်တင်ဘာ ၁၀ ရက်မှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်လို့ ရိုက်တာကဖော်ပြပါတယ်။ ဝန်ကြီးချုပ် K.P ကို အတင်းအကြပ် ဖိအားပေးခဲ့တဲ့ နှစ်ရက်ကြာ အဂတိလိုက်စားမှု ဆန့်ကျင်ရေး ဆန္ဒပြမှုတွေအတွက် အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ စက်တင်ဘာ ၈ ရက်နေ့က ဆန္ဒပြသူ ၁၉ ဦး သေဆုံးပြီးနောက် လွန်ခဲ့တဲ့သီတင်းပတ်က ဆိုရှယ်မီဒီယာ ပိတ်ပင်မှု ကြေညာပြီးနောက် နိုင်ငံမှာ ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး မငြိမ်မသက်မှုတွေစတင်ခဲ့ပါတယ့။ လူအုပ်ကို လူစုခွဲဖို့ရဲတွေက မျက်ရည်ယိုဗုံးနဲ့ရော်ဘာကျည်ဆန်တွေအသုံးပြုခဲ့ပါတယ်။
နောက်ပိုင်းမှာ ပါလီမန်အနီးတစ်ဝိုက် ဧရိယာာ အပျက်အစီးတွေကျန်ရစ်ခဲ့ပြီး မီးလောင်နေတဲ့မော်တော်ယာဉ်တွေနဲ့ လိမ်ကောက်နေတဲ့သတ္တုတွေလမ်းမတွေပေါ်မှာ ပြန့်ကျဲနေခဲ့ပါတယ်။ ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေရှို့ခဲ့တဲ့ မီးတောက်တွေကို မီးသတ်တပ်ဖွဲ့က မီးသတ်သမားတွေက မီးငြှိမ်းသတ်နေတာကြောင့် ပါလီမန် ပင်မခန်းမကြီးဟာ မီးငြှိမ်းသတ်နေဆဲ ဖြစ်ပါတယ်။ စက်တင်ဘာ ၉ရက်နေ့က ဆန္ဒပြသူတွေ မီးရှို့ပြီးနောက် အဆောက်အဦရဲ့ အပြင်ပိုင်းကို မီးလောင်ကျွမ်းခဲ့ပါတယ်။ “ကျွန်တော်တို့အနေနဲ့ အခြေအနေကို ပုံမှန်ဖြစ်အောင် အရင်အာရုံစိုက်နေပါတယ်” လို့နီပေါတပ်မတော်ပြောရေးဆိုခွင့်ရှိသူ Raja Ram Basnet က ပြောကြားခဲ့ပါတယ်။ “ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ ကတိကဝတ်ပြုထားပါတယ်”လို့လည်းသူကဆိုပါတယ်။
သံချပ်ကာယာဉ်မးတွေဟာလမ်းသွားလမ်းလာ အနည်းငယ်သာ မြင်နိုင်တဲ့ လွတ်နေတဲ့လမ်းတွေပေါ်မှာ ကင်းလှည့်နေပါတယ်။ဈေးဆိုင်တွေနဲ့ဈေးတွေကို ပိတ်ထားပါတယ်။တရားရုံးချုပ်၊ ဝန်ကြီးတွေနေထိုင်ရာ နဲ့ Oli ရဲ့ကိုယ်ပိုင်အိမ် အပါအဝင် အစိုးရ အဆောက်အဦ အများအပြား စက်တင်ဘာ ၉ ရက်နေ့ ဆန္ဒပြပွဲတွေမှာမီးရှို့ခံခဲ့ရပါတယ်။ ဝန်ကြီးချုပ်ရာထူးကနေနုတ်ထွက်ပြီးမှသာ မငြိမ်မသက်မှုတွေဟာ ငြိမ်သက်စပြုလာပါတယ်။ ခတ္တမန္ဒူရှိ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ညနေ ၆ နာရီအထိ ပိတ်ထားခဲ့ပြီး လေယာဉ်ခရီးစဉ်တွေအနှောင့်အယှက်ဖြစ်ခဲ့တယ်လို့လေဆိပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
စစ်တပ်က X (ယခင် Twitter) တားမြစ်မိန့်ကို စက်တင်ဘာ ၁၁ရက်နေ့ နံနက်အထိ ဆက်လက်ထားရှိမယ်လို့ကြေညာခဲ့ပါတယ်။ အာဏာပိုင်တွေနဲ့ဆန္ဒပြသူတွေက အခြေအနေကို ဖြေရှင်းဖို့ကြိုးပမ်းနေတယ်လို့လည်း တပ်မတော်က ပြောပါတယ်။ အသေးစိတ်အချက်တွေရှားပါးပေမယ်ြလည်း အစိုးရနဲ့ဆန္ဒပြခေါင်းဆောင်တွေအကြား အလားအလာရှိတဲ့ဆွေးနွေးပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်ထားတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ ဒါကို ရိုက်တာက သီးခြား အတည်မပြုနိုင်ပါဘူး။ တရားရုံးချုပ်တရားသူကြီးဟောင်း Balaram K.C.ကလည်း တပ်မတော်က တရားဥပဒေစိုးမိုးရေးကို ထိန်းကျောင်းပေးခြင်းဖြင့် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းဖို့ ဆန္ဒပြသူတွေကို တိုက်တွန်းခဲ့ပါတယ်။ ရွေးကောက်ပွဲ အသစ်တွေ လုပ်ဖို့နဲ့ အိမ်စောင့်အစိုးရသစ် ဖွဲ့ဖို့ကိုလည်း သူက တောင်းဆိုခဲ့ပါတယ်။
“ပါလီမန်ကို ဖျက်သိမ်းသင့်ပြီး ရွေးကောက်ပွဲအသစ် ကျင်းပသင့်ပါတယ်” လို့ K.C.က ရိုက်တာကိုပြောပါတယ်။ “နောက်အိမ်စောင့်အစိုးရဖွဲ့ဖို့ ဆွေးနွေးသင့်တယ်”လို့သူကဆက်ပြောပါတယ်။ အစိုးရရဲ့ အဂတိလိုက်စားမှုကို ကိုင်တွယ်ဖြေရှင်းရန်နဲ့ စီးပွားရေး အခွင့်အလမ်းတွေ ပေးဆောင်ရန် ပျက်ကွက်မှုတွေကို လူငယ်တွေကစိတ်ပျက်စေတာကြောင့်ဆန္ဒပြပွဲတွေကို အဓိက တွန်းအားပေးခဲ့ပါတယ်။ နီပေါဟာ နှစ်အတော်ကြာ အလုပ်လက်မဲ့ပြသနာနဲ့ရင်ဆိုင်ခဲ့ရပြီး သန်းနှင့်ချီတဲ့ နိုင်ငံရပ်ခြားမှာအလုပ်ရှာရန် အထူးသဖြင့် မလေးရှား၊ အရှေ့အလယ်ပိုင်းနဲ့ တောင်ကိုရီယားမှာ အိမ်ကိုငွေပြန်ပို့ဖို့ ဆောက်လုပ်ရေးအလုပ်တွေမှာ အလုပ်လုပ်ကိုင်နေသူ အများအပြားရှိပါတယ်။
အိန္ဒိယနဲ့တရုတ်ကြားမှာ တည်ရှိနေတဲ့နီပေါနိုင်ငံဟာ၂၀၀၈ ခုနှစ်မှာ၎င်းရဲ့ ဘုရင်စနစ်ကို ဖျက်သိမ်းဖို့ဆန္ဒပြမှုတွေဖြစ်ပေါ်စေပြီးနောက် အထူးသဖြင့် နိုင်ငံရေး မတည်ငြိမ်မှုတွေ၊စီးပွားရေး စိန်ခေါ်မှုတွေနဲ့ကာလရှည်ကြာ ရုန်းကန်ခဲ့ရပါတယ်။ ကြီးထွားလာနေတဲ့အကျပ်အတည်းကို တုံ့ပြန်ဖို့အတွက် အိန္ဒိယ လုံခြုံရေး ဝန်ကြီးအဖွဲ့က နီပေါရဲ့ အခြေအနေကို ဆွေးနွေးဖို့ စက်တင်ဘာ ၉ ရက် နေ့နှောင်းပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။ “နီပေါနိုင်ငံရဲ့ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးဟာ အရေးအကြီးဆုံးပါ” လို့အိန္ဒိယ၀န်ကြီးချုပ် Narendra Modi က X မှာရေးသားထားပါတယ်။ “နီပေါရှိ ညီအစ်ကို မောင်နှမများအားလုံး ငြိမ်းချမ်းရေးနှင့် စည်းမျဥ်းစည်းကမ်းကို ထိန်းသိမ်းရန် နှိမ့်ချစွာ မေတ္တာရပ်ခံပါတယ်”လို့လည်းသူကဆိုပါတယ်။