စက်တင်ဘာ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဂိုဒေါင်တစ်ခုကိုလျှပ်စစ်စီးကရက် ထုတ်လုပ်တဲ့တရားမဝင် စက်ရုံအဖြစ် ပြောင်းလဲမှုကြောင့် တရုတ်နိုင်ငံသား ၂ ဦးနဲ့မြန်မာနိုင်ငံသား ၁၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ The Thaiger သတင်းက စက်တင်ဘာ ၁၀ ရက်ကဖော်ပြပါတယ်။ အာဏာပိုင်တွေက လျှင်စစ်စီးကရက် ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကိရိယာတွေနဲ့အတူ တရားမဝင် ကုန်ပစ္စည်း ၆၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဘန်ကောက်မြို့ ဘန်ခွန်တန်ခရိုင် ထခမ်းဒေသရှိ ဂိုဒေါင်ကို ဗဟို စုံစမ်းစစ်ဆေးရေးဗျူရို (CIB) မှတာဝန်ရှိသူတွေကစက်တင်ဘာ ၉ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံသား ၂ ဦးကို အခင်းဖြစ်ပွားရာနေရာမှာ တွေ့ရှိခဲ့ပြီး မန်နေဂျာနဲ့အရည်အသွေးထိန်းချုပ်ရေး ဝန်ထမ်းတွေလို့ဝန်ခံခဲ့ပါတယ်။ ထုတ်လုပ်မှုအပိုင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။
တရုတ်နိုင်ငံအခြေစိုက် ၎င်းရဲ့အလုပ်ရှင်ကဂိုဒေါင်ကို နှစ်လခန့် ငှားရမ်းခဲ့ပြီး စက်ရုံနဲ့ အီး-စီးကရက်ထုတ်လုပ်မှုကို ကြီးကြပ်ဖို့ငှားရမ်းခဲ့တာလို့ တရုတ်သံသယရှိသူတစ်ဦးက အရာရှိတွေကိုပြောကြားခဲ့ပါတယ်။ အဆိုပါ တရုတ်အမျိုးသားန၂ ဦးဟာ ၎င်းတို့ကို WeChat အက်ပလီကေးရှင်းကတစ်ဆင့် ပေးဆောင်ပြီး တစ်ဦးကို လစာ ဘတ် ၅၀,၀၀၀ ရရှိတယ်လို့ဆိုပါတယ်။။ အခင်းဖြစ်ပွားရာနေရာမှာတွေ့ရှိတဲ့ သံသယရှိသူအားလုံးကို CIB ရုံးကိုခေါ်ဆောင်သွားခဲ့ပြီးစစ်ဆေးမေးမြန်းပြီး ဥပဒေအရ အမှုဖွင့်အရေးယူထားတယ်လို့သတင်းကဆိုပါတယ်။ ဂိုဒေါင်ကို လျှပ်စစ်-စီးကရက် ထုတ်လုပ်တဲ့အသေးစား စက်ရုံအဖြစ် ပြောင်းလဲခဲ့တာလို့ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ တာဝန်ရှိသူတွေက လျှပ်စစ်စီးကရက် ၁၁၄၀၀၊ အနှိပ်စက် ၃ လုံး၊ အီး-အရည်နှိပ်စက် နှစ်စက်၊ အတောင့် ၄၅၀၀၀ နဲ့ အီး-အရည် ငါးဂါလံစတဲ့တရားမဝင် ပစ္စည်း၆၀၀၀၀ ကျော်ကို တာဝန်ရှိသူတွေက သိမ်းဆည်းရမိခဲ့ပါတယ်။
သိမ်းဆည်းရမိတဲ့သက်သေခံပစ္စည်း စုစုပေါင်းတန်ဖိုးဟာ ထိုင်းဘတ်ငွေ ၃ သန်းကျော်ရှိတယ်လို့ သိရပါတယ်။ ဘန်ကောက်မြို့ ပရာဝပ်ခရိုင်မှာ ဇူလိုင် ၁၆ ရက်က လျှပ်စစ်စီးကရက် ၇၀၀၀ သိမ်းဆည်းရမိရာကနေ ဖြိုခွင်းမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာရဲတပ်ဖွဲ့က တရားမဝင် ပစ္စည်းတွေ ထပ်မံသိမ်းဆည်းတဲ့ ဂိုဒေါင်ကို တွေ့ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ရဲတွေက စီးနင်းမှုမစတင်မီ Thonburi မှုခင်းတရားရုံးကနေရှာဖွေဝရမ်းကို ရယူခဲ့ပါတယ်။ အဲဒိနေ့မှာပဲဆိုက်ဘာရဲတပ်ဖွဲ့နဲ့ယစ်မျိုးဌာနကအရာရှိတွေက ဘန်ကောက်မှာ ထိပ်တန်း လျှပ်စစ်စီးကရက်အရောင်းကိုယ်စားလှယ်တစ်ဦးကို စီးနင်းဖမ်းဆီးပြီးနောက်Saraburi ပြည်နယ်ရှိ အဆောက်အအုံတစ်ခုကို ဝင်ရောက်စီးနင်းပြီး ဘတ်ငွေ သန်း ၁၀၀ ကျော် တန်ဖိုးရှိတဲ့ လျှပ်စစ် စီးကရက်တွေကို သိမ်းဆည်းရမိခဲ့ပါတယ်။