စက်တင်ဘာ ၂၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
စက်တင်ဘာ ၂၂က်နေ့ နေမထွက်မီက ထိုင်းနိုင်ငံ ပထုံသနီခရိုင် Muang မြို့ Ratchaphreuk လမ်းမှာ ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာနိုင်ငံသား နှစ်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်ကဖော်ပြပါတယ်။ အဆိုပါ ယာဉ်မတော်တဆမှုဟာ ပသုန်ဌာနီ-ရန်းဆစ်တံတားအနီး အဝေးပြေးလမ်းမကြီး ၃၄၆ မှာ နံနက် ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့တာ်လို့သိရပါတယ်။ အဆိုပါယာဉ်ဟာ ဘန်ချန်းမြို့ရှိ Santisuk လမ်းဆုံကိုဦးတည်သွားခဲ့တာလို့ Muang ရဲစခန်းကစုံစမ်းရေးအရာရှိ Suthon Jitphum ရဲ့ ပြောကြားချက်အရ သိရပါတယ်။ ကွန်ကရစ်တုံးနှစ်တန်းကြားကို တိုက်မိပြီး သံမဏိဆိုင်းဘုတ်တိုင်ကို ဝင်တိုက်မိတဲ့ တိုယိုတာ အင်နိုဗာ အမျိုးအစား ဘန်ကောက်လိုင်စင်နံပါတ်ပြားကို တွေ့ရှိခဲ့တယ်လို့အရေးပေါ် တုံ့ပြန်ကယ်ဆယ်သူတွေက ပြောပါတယ်။ ယာဉ်ဟာဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီး ခရီးသည် ကိုးဦး ၊ အမျိုးသား ခုနစ်ဦး နဲ့ အမျိုးသမီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ပြီး အပျက်အစီး အတွင်း ပိတ်မိနေ တယ်လို့ဆိုပါတယ်။ သူတို့ဟာအော်ဟစ်အကူအညီတောင်းခဲ့ကြပါတယ်။ ၎င်းတို့အနက် နှစ်ဦးဟာယာဉ်မောင်းထိုင်ခုံမှာ အမျိုးသားတစ်ဦးနဲ့ကားရှေ့ခန်းက အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြပါတယ်။
ကယ်ဆယ်ရေးသမားတွေက ၎င်းတို့ကိုလွတ်မြောက်ဖို့အတွက် ဟိုက်ဒရောလစ်ဖြတ်စက်တွေကို အသုံးပြုခဲ့ပါတယ်။ အပြင်းအထန် ဒဏ်ရာရသူ နှစ်ဦးဟာာ အခင်းဖြစ်နေရာမှာပဲသေဆုံးသွားတယ်လို့သိရှိရပြီး ကျန် ၇ ဦးကို ပထုံသနီနဲ့နှင့် Lat Lum Kaeo ဆေးရုံကို ပို့ဆောင်ထားတာလို့သိရပါတယ်။ Poh Teck Tung ဖောင်ဒေးရှင်းက ကယ်ဆယ်ရေးလုပ်သား Orachun Otsatheet က သေဆုံးသူဟာကားမောင်းသူနဲ့၎င်းရဲ့ အမျိုးသမီး ခရီးသည်ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ယာဉ်မောင်းက ကားမောင်းရင်း အိပ်ပျော်သွားတာ ဖြစ်နိုင်တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ သေဆုံးသူအားလုံးဟာ မြန်မာနိုင်ငံသားတွေဖြစ်ကြပါတယ်။ ၎င်းတို့ဟာ ပထုံသနီ ရှိ အဓိက လက်ကားဈေးတစ်ခုဖြစ်တဲ့ Talad Thai ကိုဦးတည်သွားနေတာလို့ရဲတပ်ဖွဲ့က ယုံကြည်ပါတယ်။ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က သူတို့နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးဖို့တောင်းဆိုထားပြီးထိုင်း နိုင်ငံသားတွေမှောင်ခိုကူးရာမှာ ပါဝင်ပတ်သက်ခြင်း ရှိမရှိကိုလည်းစစ်ဆေးမယ်လို့ဆိုပါတယ်။