နိုင်ငံရေး ကသောင်းကနင်းနဲ့ သဘာဝဘေးအန္တရာယ်တွေကြားက မြန်မာနိုင်ငံမှာ ကြီးကျယ်ခမ်းနားလှတဲ့ အင်းလေးဖောင်တော်ဦးပွဲတော်ကို ကျင်းပခဲ့

စက်တင်ဘာ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

မကြာသေးခင်က လှုပ်ခတ်ခဲ့တဲ့ ငလျင်အပါအဝင် COVID-19 ကပ်ရောဂါ၊ နိုင်ငံရေး ကသောင်းကနင်းနှင့် သဘာဝဘေးအန္တရာယ်များအပါအဝင် စိန်ခေါ်မှုတွေကြားမှာပဲဒေသခံတွေနဲ့ ခရီးသွားဧည့်သည်တွေက ဗုဒ္ဓဘာသာ ပွဲတော်နဲ့ ကမ္ဘာ့အဆင့်မီ ကမ္ဘာလှည့်ခရီးသွားတွေကိုဆွဲဆောင်ရာနေရာတစ်ခုဖြစ်တဲ့ဖောင်တော်ဦး စေတီတော် ပွဲတော်ကို မြင်တွေ့ခဲ့ရပါတယ်။ အလယ်ဗဟိုမှာ ကြီးကျယ်ခမ်းနားလှတဲ့ရွှေရောင်ချထားတဲ့သင်္ဘောကြီးတစ်စင်းနဲ့တမူထူးခြားတဲ့လှေလှော်ပုံစံ(ခြေထောက်နဲ့လှေလှော်)ကို လေ့ကျင့်ထားတဲ့အင်းသား လူမျိုးစုက ရေလုပ်သားတွေ စီးနင်းလိုက်ပါတဲ့လှေငယ်တွေနဲ့မတ်တပ်ရပ်ရင်း လှော်ခတ်နေတဲ့လှေလှော်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲရင်း ယခုတစ်ပတ်မှာ လူအုပ်ကြီးဟာ ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပါတယ်။ ဒဏ္ဍာရီလာ ကရဝိတ်ငှက်ရုပ်တု ရွှေရောင်နဲ့ဆန်းပြားစွာ တန်ဆာဆင်ထားတဲ့ ဖောင်ကြီးဟာ ရေကန်ပတ်လည်ရှိ ရွာပေါင်း ၂၁ ရွာဆီကိုလူတွေ ဖူးမြော်နိုင်ဖို့ ဘုရားဆင်းတုတော်လေးဆူကို သယ်ဆောင်သွားပါတယ်။ ရန်ကုန်မြို့ရဲ့ အရှေ့မြောက်ဘက် ကီလိုမီတာ ၄၂၀ (မိုင် ၂၆၀) ခန့်အကွာမှာ ထင်ရှားတဲ့ခရီးသွားအချက်အချာနေရာဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်တန်းတွေပေါ်မှာ နှစ်ပတ်ကျော်ကြာ သာယာလှပတဲ့ပွဲတော်ကို ကျင်းပမှာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်ကပ်ရောဂါက ၂၀၂၀ မှာကျင်းပမယ့်ပွဲကို တားဆီးခဲ့ပြီး ၂၂၁ ခုနှစ်မှာ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အစိုးရကို စစ်တပ်မှဖြုတ်ပြီး နိုင်ငံအနှအပြားမှာပြည်တွင်းစစ်ဖြစ်ပွားစေခဲ့တာကြောင့် ၂၀၂၃ မှာ တွင်သာ ပြန်လည်ကျင်းပနိုင်ခဲ့ပြီး မနှစ်ကဆိုးရွားစွာရေလွှမ်းမိုးခဲ့တာကြောင့်ပွဲတော်ကို ရပ်ဆိုင်းခဲ့ရပြန်ပါတယ်။ အခမ်းအနားကို အခုနှစ်မှာ ပြန်လည်ကျင်းပခဲ့ပေမယ့်လည်း မတ်လ ၂၈ ရက်က ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၃၈၀၀ ကျော် သေဆုံးခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ငလျင်ဒဏ်ကို ခံခဲ့ရပေမယ့်လည်း အင်းလေးကန်ကိုလည်း သိသိသာသာ ထိခိုက်ခဲ့ပါတယ်။ ရေထဲက သစ်သားအုတ်တံတိုင်းတွေပေါ်မှာ ဆောက်ထားတဲ့ အိမ်အများအပြား ပြိုကျခဲ့ပြီး ကန်ပတ်လည်ရှိ ကျေးရွာအချို့မှာ၉၀ ရာခိုင်နှုန်းအထိ ပျက်စီး သို့မဟုတ်ဆုံးရှုံးခဲ့ပါတယ်။


ဒေသခံတွေရဲ့ ခန့်မှန်းချက်တွေအရ သေဆုံးသူ ဦးရေဟာ ၅၀ ကနေ ၉၀ အကြားရှိတယ်လို့ဆိုပေမယ့်တရားဝင် ထုတ်ပြန်ထားခြင်း မရှိပါဘူး။ အတိုင်ပင်ခံ E Guard Environmental Services ရဲ့ အစီရင်ခံစာအရ အဆိုပါ ဒေသမှာ လူပေါင်း ၁၃,၀၀၀ ကျော် ထိခိုက်မှု ရှိတယ်လို့သိရပါတယ်။ နေအိမ်အများစုကို ရိုးရာပုံစံအတိုင်း ပြန်လည်တည်ဆောက်ပြီး ပြုပြင်ပေမယ့်လည်း အမြင့်ဆုံးစံချိန်စံညွှန်းကိုမမီဘူးလို့ ဟေရီဝမကျေးရွာက အသက် ၄၂ နှစ်အရွယ် အင်းသားတိုင်းရင်းသား ညီညီဇော်က အေပီသတင်းဌာနသို့ ပြောပါတယ်။ ပြုပြင်မှု အမြန်လုပ်ဆောင်ခြင်းနဲ့အတူ မိရိုးဖလာ ဆောက်လုပ်ရေးနည်းပညာတွေကို ကျွမ်းကျင်တဲ့ဒေသခံလက်မှုပညာ ရှင်တွေရှားပါးလာခြင်းဟာ ပြဿနာတစ်ရပ်ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။ “သေသေချာချာကြည့်မယ်ဆိုရင် အိမ်တွေအားလုံးက ဖြောင့်ဖြောင့်တန်းတန်းမနေကြဘူး။ မူလအခြေအနေအတိုင်း ပြန်ဖြစ်အောင် နွေရာသီမှာ ရေခန်းခြောက်တဲ့အခါ ပြုပြင်ရမှာပဲ” လို့ပျက်စီးသွားတဲ့ အိမ်ထဲမှာ ညီညီဇော်က ပြောပါတယ်။ ကပ်ရောဂါဖြစ်ပွားပြီးနောက် အင်းလေးမှာ ခရီးသွား လုပ်ငန်း ပြိုကျပြီး ၂၀၂၁ မှာ နိုင်ငံရေး အပြောင်းအလဲတွေ ပေါ်လာပြီး မနှစ်က ရေလွှမ်းမိုးမှု ဖြစ်ခဲ့တာပါ” လို့ကပ်ရောဂါ ဖြစ်ပွားပြီးနောက် အထွေထွေ လုပ်သားအဖြစ် လုပ်ကိုင်ခဲ့တဲ့ ဧည့်လမ်းညွှန်ဟောင်း ကိုညီညီဇော်က ပြောပါတယ် “ဒါဟာ တစ်ခုပြီးတစ်ခု ထပ်လာနေတဲ့ ဒုက္ခတွေလိုပါပဲ”လို့လည်းသူကဆိုပါတယ်။ အင်းလေးကန်မှာ ရိုးရာအထည်အလိပ်ရောင်းချသူ မဝင်းကတော့ ပွဲတော်ဟာဘိုးစဉ်ဘောင်ဆက် ဆင်းသက်လာခဲ့ရိုးရာဓလေ့ဖြစ်တာကြောင့် ဒေသခံတွေကစီးပွားရေးအခြေအနေမကောင်းပေမယ့်လည်း ရိုးရာမပျက် ဆက်လက်ကျင်းပနေကြတယ်လို့ဆိုပါတယ်။ “ကျမတို့ရွာကို ဗုဒ္ဓရုပ်ပွားတော်တွေ ကြွလာခဲ့တာ နှစ်တွေကြာခဲ့ပြီမို့ တတ်နိုင်သမျှ ပါဝင်ဆောင်ရွက်နေပါတယ်” လို့ရွှေဖောင်ကို ကြိုဆိုရင်း မဝင်းက ပြောပါတယ်။

အဲမောင်း
AP သတင်းကဖော်ပြတဲ့ Spectacular lake festival in Myanmar shines despite political upheaval and natural disasters ကိုပြန်ဆိုပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *