စက်တင်ဘာ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြန်မာ ရုပ်ရှင်လောကရဲ့ မျက်နှာဖုံး အဖြစ် အများက သတ်မှတ်ထားကြတဲ့ ရုပ်ရှင် သရုပ်ဆောင်ဇင်ဝိုင်းဟာ အခုအခါမှာအိမ်ပြင်ကိုမထွက်ချင်တော့တဲ့အဖြစ် ရောက်နေရပါတယ်။မြန်မာ စစ်အုပ်စုကို အပြင်းအထန် ဝေဖန် ရှုတ်ချခဲ့လို့ နှစ်ကြိမ်တိုင် အကျဉ်းချ ခံခဲ့ရဇင်ဝိုင်းဟာ ၂၀၂၂မှာထိုင်းနိုင်ငံသို့ ထွက်ပြေးလာခဲ့ပါတယ်။ ဇွန်လမှာ စစ်အုပ်စုက မြန်မာ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ အဖြစ် နှစ်ကြိမ်တိုင် တာဝန် ထမ်းဆောင်ခဲ့သူ ဇင်ဝိုင်းကို နိုင်ငံသား အဖြစ်ကနေရုပ်သိမ်းလိုက်လ်ု့ နိုင်ငံမဲ့ဘဝ ရောက်ရှိသွားခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ဥပဒေကြောင်းအရ ဆက်လက်နေထိုင်ခွင့် မရှိ ဖြစ်သွားပြီး မှတ်မိသူတွေက ထိုင်း အာဏာပိုင်တွေဆီကို သတင်းပေးမှာကို စိုးရိမ်လာရပြီ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ မြန်မာတွေက များသထက် များလာနေတာကြောင့်ဘယ်သူ ဘယ်ဝါ ဆိုတာကို မခွဲခြား နိုင်တော့တာကြောင်မဖြစ်မနေမှသာ အပြင်ထွက်ပါတော့တယ်၊ အိမ်မှာ နေရင်တောင်လုံခြုံမှု မရှိတော့ဘူးလို့ ဩစတေးလျ ABC ရုပ်သံကိုပြောပြပါတယ်။ စစ်အုပ်စု ရဲ့လက်ချက်ကြောင့် အတိုက်အခံ နိုင်ငံရေး သမားတွေ၊ လှုပ်ရှားတက်ကြွသူတွေ ဝေဖန်သူ ပေါင်းများစွာဟာနိုင်ငံမဲ့ ဘဝ ရောက်ကုန်ကြပါတယ်။ နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့ က မြန်မာအရေး တာဝန်ခံ ရစ်ချတ် ဟော့ဆေးက အခုလို ပစ်မှတ်ထားခံရသူတွေဟာ ပြည်ပမှာ နေ နေကြရပြီး တတိယ နိုင်ငံတနိုင်ငံရဲ့နိုင်ငံကူး လက်မှတ် နဲ့ခရီးသွားလာနေကြရတယ်လို့ ဆိုပါတယ်။
ဇွန်လမှာ ဇင်ဝိုင်း အပါအဝင် ထင်ရှားတဲ့အဆိုတော်၊ အနုပညာရှင် စုစုပေါင်း ၁၃ ဦး ဟာနိုင်ငံသား အဖြစ်ကနေ ရုပ်သိမ်းခံခဲ့ကြရပါတယ်။ ဇင်ဝိုင်းဟာ ၂၀၂၁ အာဏာသိမ်းပြီးချိန်မှာဒုတိယ အကြိမ် ဖမ်းဆီးခံခဲ့ရပြီး၊ နောက်တကြိမ် ဆန္ဒမပြပါဘူးလို့ ခံဝန်ချက်နဲ့အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရပါတယ်။ဒါပေမယ့် စစ်အုပ်စု ဟာ သားဖြစ်သူ မင်းမော်ကွန်း ရဲ့ ဆန့်ကျင်လှုပ်ရှားနေမှု တွေကြောင့် အမြဲလို အနှောက်အယှက် ပေးလာနေတဲ့ အပြင် အန္တရာယ် ပေးမယ်လို့ခြိမ်းခြောက်လာလို့ဇနီးဖြစ်သူ ဒေါ်ခင်နွယ်နွယ်ထွန်း နဲ့အတူ ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ကြရပါတယ်၊ အခုအခါမှာ တော့ သားဖြစ်သူ နဲ့ ဒီမိုကရေစီ ကွန်ယက်တွေရဲ့အထောက်အပံ့ကို မှီခိုနေရပါတယ်။ ဒီလိုအနေအထားဟာ သူ့အတွက် အကောင်းဆုံးဖြစ်ပြီး ပြန်ပို့ခံရ နှိပ်စက်ညှင်းပမ်း ခံရပြီးနှစ်ရှည်လများ အကျဉ်းချခံရဖို့သာ ရှိတယ်လို့ဆိုပါတယ်။ ဇင်ဝိုင်းဟာ သား နှစ်ယောက်ရှိနေတဲ့ဩစတေးလျမှာနေထိုင်ခွင့် ရဖို့စောင့်ဆိုင်းနေပါတယ်။ ဩစတေးလျှ ဟာလူ့ဂုဏ်သိက္ခာ အပြည့်နဲ့နေထိုင်သွား နိုင်တဲ့နိုင်ငံလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ “အဖေတို့ အနေအထား ကြောင့် ထိုင်းမှာ နေရတဲ့ ဘဝက အခြားသူ တွေ စာရင် အတော်လေး မလှုပ်သာ မရှားသာ ဖြစ်နေတယ်” လို့ သားဖြစ်သူ မင်းမော်ကွန်းက ပြောပြပါတယ်။လွတ်လပ်စွာ ပြောဆိုမှု နဲ့ နိုင်ငံရေး လှုပ်ရှားမှု တွေကြောင့် နိုင်ငံသား အဖြစ်ကနေရုပ်သိမ်းလိုက်တာဟာနိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တာဖြစ်ပြီး ခံရသူတွေကတော့နိုင်ငံမဲ့ဘဝ နဲ့အလုပ်လုပ်ပိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ လွတ်လပ်စွာ သွားလာခွင့်များ ဆုံးရှုံးခဲ့ကြရတယ်လို့ လူ့အခွင့် အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ က အာရှ သုတေသီ မစ္စက် ရှေနာ ဘောက်နာက ပြောပြပါတယ်။
မြန်မာ့ လေဒီ ဂါဂါ
ဇွန်လမှာနိုင်ငံသား အဖြစ် ရုပ်သိမ်းခံရတဲ့အနုပညာ ရှင်တွေထဲမှာ ဖြူဖြူကျော်သိန်းလည်း ပါဝင်ခဲ့ပါတယ်။
စင်မြင့်ထက်မှာသူ့ရဲ့ ခေတ်မီ ဆန်းပြားတဲ့ အဝတ်အစား တွေဝတ်ဆင်ပြီး မျက်နှာဖုံးတပ်ကာ သီဆို ဖျော်ဖြေ ခဲ့မှု တွေကြောင့် မြန်မာ ရဲ့လေဒီ ဂါဂါလို့သူ့ကို ရည်ညွန်း ပြောဆိုခဲ့ကြပါတယ်။ သူဟာ မြန်မာရဲ့ နိုင်ငံရေး နဲ့လူမှုရေး ပြဿနာများကို ကာလကြာမြင့်စွာ ကတည်းက ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုခဲ့သူ ဖြစ်ပြီး အာဏာမသိမ်းမီကတည်းကစစ်တပ်ရဲ့ ရန်ညှိုးထားခံခဲ့ရသူ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ဆန္ဒပြသူတွေကို ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့တဲ့ ပုံရိပ်တွေပါဝင်သတဲ့ဖြူဖြူ့ရဲ့မျက်ရည် ဆိုတဲ့ သီချင်းလူကြိုက်များသွားခဲ့မှုကြောင့် ဖမ်းဝရမ်း အထုတ်ခံခဲ့ရပါတယ်။ သူ့အနေနဲ့စစ်အုပ်စု နှင့် ပူးပေါင်းမလား ထွက်ပြေးမလား တခုခု ကိုတော့ ရွေးရတော့မယ်လို့ဆိုပါတယ်။ “ကျွန်မ ပရိသတ် တွေ နဲ့ နိုင်ငံသားများစွာ ကို သတ်ဖြတ် နှိပ်စက်နေတဲ့ စစ်အုပ်စုရဲ့ သွေးစွန်းနေတဲ့လက်တွေ ကို ကိုင်ပြီး လက်ဆွဲ မနှုတ်ဆက်နိုင်ဘူးလို့သူ ပြောခဲ့ပါတယ်။ လပေါင်းများစွာ နိုင်ငံအတွင်း ပုန်းအောင်းနေခဲ့ပြီးနောက် မိုးတွေသည်းပြီး မဲမှောင်နေတဲ့ ညတည မှာ အရဲစွန့်ပြီး နယ်ခြားကို တရားမဝင် လမ်းကြောင်းကနေ ဖြတ်ကူးပြီး ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။ ထိုင်း မှာ လ အနည်းငယ်အကြာ နေခဲ့ပြီး ပြင်သစ်နိုင်ငံက ခိုလှုံခွင့် ပေးလာခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။
ပြည်ပကနေပြီး နိုင်ငံတွင်းရှိ အိုးအိမ်စွန့်ခွာ တိမ်းရှောင် နေကြရသူတွေအတွက် ရံပုံငွေ ရရှိဖို့နဲ့မြန်မာ အရေးကို ကမ္ဘာက အာရုံ စိုက်လာ စေဖို့ဂီတ ဖျော်ဖြေပွဲတွေဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။ နှစ်အစောပိုင်းကဆစ်ဒနီ နဲ့မဲလ်ဘုန်းမြို့တွေမှာဖျော်ဖြေခဲ့ပြီး နယူး ဆောက်ဝှေးလ် လွှတ်တော်မှာ မိန့်ခွန်းပြောခဲ့ပါတယ်။ စစ်အုပ်စုက အခု အခါ နိုင်ငံသားတွေရဲ့စိတ်ဓါတ် ကို ရိုက်ချိုး ဖျက်ဆီးနိုင်မယ်ဆိုတဲ့ရည်မှန်းချက်ကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖေါ်လာကြတယ်လို့သူကဆိုပါတယ်။ “ကျွန်မတို့ လူ့အဖွဲ့အစည်းမှာ နာမည်ကြီး အနုပညာရှင်တွေအတွက် ကြီးမားသိမ်မွေ့တဲ့ နေရာတစ်ခု ရှိပါတယ်” လို့ သူက ဆိုပါတယ်။”ကျမတို့ဟာအပျော့စား ပါဝါဂိမ်းတွေရဲ့စစ်တုရင်ခုံရှိ bipshops( ဂိုဏ်းအုပ်)တွေဖြစ်ကြတယ်လို့လည်းသူကဆိုပါတယ်။ “ကျမ တို့ကို ဖမ်းဆီးတာ၊ ဒါမှမဟုတ် ထိခိုက်နစ်နာအောင် လုပ်နိုင်ခဲ့ရင် အားလုံးရဲ့ စိတ်ဓာတ်ကို ကျဆင်းစေပါတယ်။ ဒါက တော်လှန်ရေးတစ်ခုလုံးရဲ့ စည်းလုံးညီညွတ်မှုကို ပျက်ပြားသွားစေနိုင်တယ်လို့ စစ်အုပ်စုက ယူဆ နေပါတယ်” လို့သူကဆက်ပြောပါတယ်။
နိုင်ငံမဲ့တစ်ယောက်ရဲ့အန္တာရယ်များတဲ့ဘဝ
ဒေါင်း
နာမည်ရင်းက သူရအောင် ဖြစ်ပါတယ်။ စစ်အုပ်စု ကို ဆန့်ကျင် ပြောဆိုခဲ့မှုကြောင့် ၂၀၂၂ မှာ ပထမဦးဆုံး နိုင်ငံသား အဖြစ် ရုပ်သိမ်းခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ ဘောလုံးသမား ဘဝကနေရုပ်ရှင် သရုပ်ဆောင် ဖြစ်လာခဲ့သူဖြစ်ပါတယ်။။ ဒေါင်းဟာ ထိုင်းနိုင်ငံမှာ ရှိနေပြီး ချက် နိုင်ငံရဲ့လူသားချင်း စာနာထောက်ထားတဲ့ ဗီဇာ ရရှိပြီးသူ ဖြစ်ပါတယ်။ ခရီးသွားလာခွင့် စာရွက်စာတမ်း တွေ ရှိပေမယ့် နိုင်ငံကူး လက်မှတ်လောက် ခိုင်ခိုင်မာမာ မရှိဘူးလို့သူက ပြောပါတယ်။ အခက်အခဲ နဲ့ ရင်ဆိုင်လာရရင်တောင် အကူအညီ တောင်းစရာ သံရုံး မရှိ၊ နိုင်ငံမဲ့ ဘဝဟာ လုံခြုံမှု မရှိဘူးလို့ပြောပြပါတယ်။ ခရီးသွားတဲ့အခါတိုင်း လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေရဲ့ အမေးအမြန်းကို ခံရစမြဲ ဖြစ်ပြီး၊ နိုင်ငံမဲ့ ဘဝ ဖြစ်လို့ရဲ တွေ့ရင်ကြောက်နေရတယ်လို့လည်း ဆိုပါတယ်။ ဒေါင်းဟာ စက်တင်ဘာလ အတွင်း ရံပုံငွေ ဖျော်ဖြေပွဲ တွေအတွက် မဲလ်ဘုန်းကိုရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။
မိသားစု တကွဲတပြားစီ
ဇင်ဝိုင်း
အတွက် နိုင်ငံသားဖြစ်ခွင့်ဆုံးရှုံးခြင်းဟာ ဘေးမကင်းရုံသာမက မိသားစုအတွက်ပါထိခိုက်နစ်နာပါတယ်။ ၂၀၂၁ ခုနှစ်မှာ သြစတြေးလျတွင် ခိုလှုံခွင့်ရခဲ့သတဲ့သရုပ်ဆောင်နဲ့ ဂီတပညာရှင် မင်းမော်ကွန်းအပါအဝင် ကင်ဘာရာတွင် သားနှစ်ဦးရှိပါတယ်။ ဇင်ဝိုင်းဟာ သြစတြေးလျ လူသားချင်းစာနာထောက်ထားမှု ဗီဇာအတွက် နှစ်ကြိမ်လျှောက်ထားခဲ့ပြီး ပထမအကြိမ်မှာ ၂၀၂၁ခုနှစ်မှာ ငြင်းပယ်ခံခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ်မှာ တင်သွင်းခဲ့တဲ့၎င်းရဲ့ ဒုတိယအကြိမ် လျှောက်လွှာအတွက် အစိုးရထံကနေတုံ့ပြန်မှုကို စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။ “ကျနော့်အသက်အရွယ်အရ မိသားစုထောက်ပံ့မှုမပါဘဲ ကျနော်တို့ ဇနီးမောင်နှံဟာ တစ်ယောက်တည်းနေဖို့ အရမ်းခက်ခဲပါတယ်” လို့ သူက ဆိုပါတယ်။ “သူတို့နဲ့ နီးနီးကပ်ကပ်ရှိခြင်းက အရာအားလုံးကို ဆိုလိုတာပါ။”ဒါထက်၊ ကျနော်က အကြောက်တရားနဲ့ နေထိုင်တာကို ရပ်တန့်ပြီး ကိုယ်ချစ်တဲ့ လူတွေရဲ့ နွေးထွေးမှုနဲ့ ပံ့ပိုးမှုတွေနဲ့ ဝန်းရံထားတဲ့ အခွင့်အရေးကို လိုချင်ပါတယ်”လို့လည်းဇင်ဝိုင်းဆိုပါတယ်။
အဲမောင်း
ABC သတင်းကဖော်ပြတဲ့ Myanmar junta revoking citizenship of actors, singers and other celebrities ကိုပြန်ဆိုပါတယ်။