Sa Kaeo နယ်စပ်မှာမြန်မာတွေပါဝင်တဲ့ လူကုန်ကူးသူ၁၉ ဦးကို ထိုင်းစစ်တပ်က နှိမ်နင်းခဲ့

စက်တင်ဘာ ၂၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်းအရှေ့ပိုင်းနယ်ခြားစောင့်တပ် အထူးတပ်ဖွဲ့ကတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံတကာ လူကုန်ကူးတဲ့ကွန်ရက်နဲ့ ဆက်နွှယ်နေတဲ့ လူ ၁၉ ဦးကို Sa Kaeo ခရိုင် ဘန်နွန်ခလိတ်နယ်စပ် ဒေသမှာဖမ်းဆီးခဲ့တယ်လို့ The Thaiger သတင်းက စက်တင်ဘာ ၂၈ ရက်ကဖော်ပြပါတယ် ။ စက်တင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့တဲ့အဆိုပါ စစ်ဆင်ရေးမှာ အဖွဲ့ခေါင်းဆောင်ရဲ့ မူးယစ်ဆေးဝါးတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါ စစ်ဆင်ရေးကို Aranyaprathet အထူးတပ်ဖွဲ့ကတပ်မှူး Colonel Chainarong Kasee ​​က ဦးဆောင်ပြီး ၁၂၀၄ th Ranger Company နဲ့ 30th Cavalry Regiment တို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါ ညှိနှိုင်းဆောင်ရွက်မှုဟာ Sa Kaeo ခရိုင်၊ ဘန်နွန်ခလိတ်ဒေသမှာ သိသာထင်ရှားတဲ့လူမှောင်ခိုလုပ်ငန်းကို ပစ်မှတ်ထားလုပ်ဆောင်တာဖြစ်ပါတယ်။ တရားမ၀င် နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးပမ်းမှုမှာထိုင်းခေါင်းဆောင်တစ်ဦးနဲ့လူ ၁၈ ဦး ပါဝင်တဲ့ စုစုပေါင်း ၁၉ ဦးကို တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပါတယ်။ နယ်စပ်ကို ချဉ်းကပ်လာတဲ့ မသင်္ကာဖွယ်အဖွဲ့တစ်ဖွဲ့ကို ရဲတွေက ရှာဖွေတွေ့ရှိချိန်မှာ ပုံမှန် ကင်းလှည့်နေစဉ် ဖမ်းဆီးမှုတွေ ဖြစ်ပွားခဲ့တာပါ။ အဆိုပါအဖွဲ့မှာ ထိုင်းနဲ့မြန်မာနိုင်ငံသားတွေ ပါဝင်ပါတယ်။ ဖမ်းမိသူတွေကို အဓိကအုပ်စုနှစ်စုခွဲထားပြီး ပထမက တရားမဝင် သယ်ဆောင်လာတဲ့ ထိုင်းခေါင်းဆောင်ဖြစ်ပြီး ဒုတိယကနယ်စပ်ဖြတ်ကျော်မှုမှာ ပါဝင်ပတ်သက်သူ ၁၈ ဦး ပါဝင်တယ်လို့သိရပါတယ်။ ထိုင်းခေါင်းဆောင် အသက် ၄၇ နှစ်ရှိ တဲ့ဝီကို ၎င်းရဲ့အိတ်အတွင်းကနေ ၀.၃၈၅ ဂရမ်နဲ့ စိတ်ကြွဆေးပြား ၂ ပြား တွေ့ရှိခဲ့တာကြောင့်မူးယစ်ဆေးဝါးနဲ့ဆက်နွှယ်မှု နဲ့ထပ်မံစွဲဆိုခံရပါတယ်။ ဒုတိယအုပ်စုမှာ ထိုင်းနိုင်ငံသား ၁၅ ဦးနဲ့မြန်မာနိုင်ငံသား ၃ ဦးတို့ ပါဝင်တယ်လို့ဆိုပါတယ်။ ထိုင်းလူမျိုး ၁၅ ဦးဟာ ကမ္ဘောဒီးယားကိုတရားမ၀င် အလုပ်အကိုင် အခွင့်အလမ်း အမျိုးမျိုးနဲ့တရားမဝင် ဝင်ရောက်ဖို့စီစဉ်ထားပြီး အဓိကအားဖြင့် အွန်လိုင်း လောင်းကစား ပြုလုပ်ခြင်း ဖြစ်တယ်လို့စုံစမ်းစစ်ဆေးမှုတွေအရ သိရပါတယ်။

စိတ်ဝင်စားစရာမှာ အချို့က ၎င်းတို့ဟာဘဏ်စာရင်းဖွင့်ဖို့ ဖြားယောင်းပြီး ဖြတ်ကျော်ခကြေးပေးစရာမလိုဆ်ုတဲ့ကတိပြုပြီးလူတစ်ဦးချင်းစီကို တရားမ၀င်လုပ်ဆောင်မှုတွေဆီကိုဆွဲဆောင်တဲ့နည်းဗျူဟာအသစ်နဲ့ မျက်နှာစကင်န်လုပ်ထားတယ်လို့ အခိုင်အမာဆိုကြပါတယ်။ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး နှစ်ဦးပါဝင်တဲ့မြန်မာနိုင်ငံသား သုံးဦးဟာ ထိုင်းနိုင်ငံက အထည်ချုပ်စက်ရုံမှာအလုပ်လုပ်ကိုင်ဖို့ ရည်ရွယ်ပြီး မြန်မာပွဲစားတစ်ဦးကိုကျပ် ၂၅၀,၀၀၀ (ဘတ် ၃,၉၅၆ ခန့်) ပေးဆောင်ခဲ့ရတယ်လို့သိရပါတယ်။ တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းစဉ်မှာ ၎င်းတို့ကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒိနောက် လူကုန်ကူးမှုကွန်ရက်ကိုဆက်လက်စုံစမ်းစစ်ဆေးဖို့ Sa Kaeo ခရိုင် လူဝင်မှုကြီးကြပ်ရေးဗျူရိုနဲ့ခွန်နမ်ဆိုင်းရဲစခန်းတို့ဆီကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ KhaoSod က သတင်းထုတ်ပြန်ထားပါတယ်။ အလားတူ သတင်းတွေမှာလည်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၁ ဦးကို မှောင်ခိုကူးမှုနဲ့ ကန်ချနပူရီမှာ အသက် ၃၂ ​​နှစ်အရွယ် အမျိုးသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ပြီးခဲ့တဲ့လက ဖမ်းဆီးခဲ့ပါတယ်။ Phuri Lertchaiprachim ဟာ ၎င်းရဲ့ Isuzu D-Max ကိုစစ်ဆင်ရေးတစ်ခုအတွင်း အရာရှိတွေက ကြားဖြတ်ဝင်ရောက်ခဲ့ပြီးနောက် ဩဂုတ်လ ၃၀ရက်နေ့တွင် ရပ်တန့်ခဲ့ပါတယ်။ အလုပ်အတွက် ဘတ် ၅၀၀၀ (အမေရိကန်ဒေါ်လာ ၁၅၅) ရရှိတယ်လို့ဝန်ခံခဲ့ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေဟာ စမွတ်စခွန်မှာကတိပြုထားတဲ့စက်ရုံအလုပ်ရုံအတွက် ပွဲစားတွေကိုဘတ်ငွေ ၂၀၀၀၀ (အမေရိကန်ဒေါ်လာ ၆၂၀) စီပေးခဲ့ရတယ်လို့ နောက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်ရှာဖွေနေကြတဲ့ရွှေ့ပြောင်းအလုပ်သမားတွေဟယ လူကုန်ကူးမှုရဲ့သားကောင်မဖြစ်စေဖို့နဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့အလုပ်သမားဥပဒေတွေနဲ့တရားစွဲမခံရဖို့တရားဝင်လမ်းကြောင်းတွေကို အသုံးပြုဖို့တိုက်တွန်းထားပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *