မေလ ၁၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြန်မာစစ်တပ်မှ တပ်စခန်းတစ်ခုကို KNUကရင်တပ်များက သိမ်းပိုက်ပြီးနောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းသို့ မြန်မာနိုင်ငံသား ၃၀၀ ကျော်သည်မေလ ၁၀ရက်နေ့ အစောပိုင်းက နယ်စပ်ဖြတ်ကျော်ဝင်ကာထိုင်းဘက်သို့ရောက်ခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းကဖော်ပြသည်။
တာ့ခ်ခရိုင် မယ်လနှင့် ကရင်ပြည်နယ် ဘားအံခရိုင်ကြားဒေသများတွင် ထိုင်းစစ်တပ်နှင့် ထိုင်း နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင်များ အပြင်းအထန် အင်အား ဖြည့်တင်းခဲ့သည်။
မြန်မာစစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်KNLA တို့ တိုက်ပွဲများအတွင်း ၎င်းတို့၏ ဘေးကင်းရန် စိုးရိမ်နေကြသော ဒုက္ခသည် ၃၂၈ ဦး ထပ်မံဝင်ရောက်လာမှုကြောင့် လုံခြုံရေး တိုးမြှင့်ပေးခဲ့သည်။
ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) နှင့် ပူးပေါင်းကာ လန်ပွိုင်ခရိုင်ထိုင်းနယ်စပ်မှ ခုနစ်ကီလိုမီတာအကွာရှိRepanadi စစ်စခန်းအား KNLAမှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ မြန်မာစစ်တပ်မှ လေကြောင်း ထောက်ပံ့မှု တောင်းခံချက်အရ Yak-130 တိုက်ခိုက်ရေး လေယာဉ် တစ်စီးသည် ကရင်ပြည်နယ် စခန်းများတွင် ဗုံးသုံးလုံး ကြဲချခဲ့သည်ဟုသတင်းကဆိုသည်။