သရက်ချောင်းနယ်၊ စစ်တပ်ဂိတ်နဲ့စခန်းကုန်းတခုကိုတိုက်ခိုက်သိမ်းပိုက်၊ စစ်အုပ်စုဝင် ၅ဦးသေ၊ လက်နက်ခဲယမ်းတွေသိမ်းနိုင်ခဲ့

ဇန်နဝါရီ ၃၀၊ ၂၀၂၅။  သောင်ရင်းသတင်းလွှာ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရှင်မုတ္ထီးကျေးရွာ၊ ရွှေဂူဂိတ်စခန်းနဲ့ စခန်းကုန်းကို ဒေသတော်လှန်ရေးတပ်ပေါင်းစုက စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့သလို လက်နက်ခဲယမ်းတွေသိမ်းပိုက်ရရှိခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းတာဝန်ရှိသူတဦးကသောင်ရင်းသတင်းလွှာကိုပြောပါတယ်။

မနေ့ မွန်းလွဲ ၂နာရီခန့်က စစ်အုပ်စုဂိတ်နဲ့စခန်းကုန်းကို ဝင်ရောက်စီးနင်းခဲ့ရာ ၅နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၅ဦးအထက်သေ၊ ၄ဦးလက်ရဖမ်းမိထားပြီး လက်နက်ခဲယမ်းအများအပြားသိမ်းပိုက်နိုက်ခဲ့တယ်လို့ဆိုပါတယ်။

“စစ်ဆေးရေးဂိတ်နဲ့ခြေကုတ်စခန်းကိုသိမ်းနိုင်ခဲ့တာ။ လက်နက်တွေလည်းရခဲ့တယ်။ ဖမ်းမိထားတဲ့စကစ၄ယောက်ကို သုံ့ပန်းဆိုင်ရာဥပဒေနဲ့ပဲဆောင်ရွက်ထားပါတယ်”လို့ဒေါင်းညီနောင်စစ်ကြောင်းတာဝန်ရှိသူက သောင်ရင်းသတင်းလွှာကိုပြောပါတယ်။

တိုက်ပွဲအတွင်းစစ်အုပ်စုစခန်းတွေကနေ ငါးကြင်းမြီး(၁)လက်၊    MA-4(၁)လက်၊MA-3(၃)လက်၊MA-2(၁)လက်၊MA-1(၄)လက်၊      ၆၀(ကွန်မန်ဒို)စိန်ပြောင်း(၁)လက်၊ ၁၄နင်းမိုင်း(၄)လုံး၊  လိပ်ခုံးမိုင်း(၅)လုံး၊ လက်ကိုင်ဖုန်း(၈)လုံးနဲ့ စစ်အသုံးအဆောင်ပစ္စည်း   အများပြားသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။

ဒီစစ်ဆင်ရေးကို  ဒူရကစစ်ကြောင်းဦးဆောင်မှုနဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)၊ရေဖြူပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့(YPPDF)၊ဖက်ဒရယ်ဓူဝံကြယ်ဒရုန်းတပ်ခွဲ(FPF)နဲ့ ဒေါင်းညီနောင်စစ်ကြောင်းတပ်ခွဲ(၁)မှ   ထားဝယ်လူငယ်လက်ရုံးတပ်၊  ထားဝယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊   ထားဝယ်နဂါးတပ်ခွဲ(၂)တို့မှလုပ်ဆောင်ခဲ့တာလို့သိရပါတယ်။

မိဘပြည်သူများအနေနှင့်လည်းတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးများအားအရှိန်အဟုန်တိုးမြင့်ဆောင်ရွက်နေဖြစ်လို့ စစ်ရေးအသိ၊ သတိနဲ့သွားလာနေထိုင်ကြဖို့ ဒေါင်းညီနောင်စစ်ကြောင်းဘက်က သတိပေးထားပါတယ်။

#သောင်ရင်းသတင်းလွှာ #သရက်ချောင်း #ရှင်မုတ္ထီးကျေးရွာ #စကစ #စခန်းသိမ်း #လက်နက်ခဲယမ်းတွေသမ်းပိုက်

By admin

Leave a Reply

Your email address will not be published. Required fields are marked *