ဖေဖော်ဝါရီ ၇၊ ၂၀၂၅သောင်ရင်းသတင်းလွှာ
ရန်ကုန်၊ ရွှေပြည်သာလူထုသပိတ် ဦးဆောင်ကော်မတီက ရဲဘော် ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်တို့ကို အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံတရားရုံးက ထောင်၃နှစ်စီ အမိန့်ချမှတ်ခဲ့တယ်လို့ နီးစပ်သူတွေကသောင်ရင်းသတင်းလွှာကိုပြောပါတယ်။
မနေ့က အင်းစိန်အကျဥ်းထောင်အတွင်း တရားရုံးက ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၃နှစ်စီအမိန့်ချမှတ်ခဲ့တာလို့သိရပါတယ်။
“၆ရက်နေ့ ၂လပိုင်း ၂၀၂၅ ခုနှစ် နံနက်မှာ
အကျဥ်းထောင်းအတွင်းကနေ စစ်ခုံရုံးသို့ခေါ်ဆောင်ပြီး
တရားရုံးထုတ်ကာ စစ်ခုံရုံးမှ ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်တို့အား အလုပ်နှင့်ထောင်ဒဏ် (၃)နှစ်ချမှတ်လိုက်ပါတယ်”လို့နီးစပ်သူတဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာ ၁၀ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့)က ဆန္ဒပြတဲ့လှုပ်ရှားမှုနဲ့ ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်တို့ဟာ အဖမ်းခံရပြီး အခုလိုအမိန့်ချခံရတာဖြစ်ပါတယ်။
#သောင်ရင်းသတင်းလွှာ #ရွှေပြည်သာသပိတ် #ကိုရန်နောင်ကြည်ဝင်း #10D