ထိုင်းရဲများက နိုင်ငံခြားသားများ၏ အပြုအမူကို စောင့်ကြည့်နေ

ဖေဖော်ဝါရီ ၁၉၊၂၀၂၅။ သောင်ရင်းသတင်းလွှာ

အမျိုးသားရဲချုပ် ရဲဗိုလ်ချုပ်ကြီး Kitrat Panphet က ပြည်သူများ၏လုံခြုံရေးနှင့်တည်ငြိမ်ရေးအတွက် သက်ဆိုင်ရာနယ်မြေများတွင်နိုင်ငံခြား သားများ၏ အပြုအမူများကို စောင့်ကြည့် ကြပ်မတ်ရန် နိုင်ငံတစ်ဝှမ်းရှိ ရဲတပ်ဖွဲ့ဝင်များအား အရေးပေါ် အမိန့်ထုတ်ပြန်ခဲ့သည်ဟု The Nation သတင်းကဖေဖော်ဝါရီ ၁၈ ရက်ကဖော်ပြသည်။

                  နိုင်ငံ၏ နေရာအများအပြားတွင် နိုင်ငံခြားသားများသည် လူမှုတည်ငြိမ်ရေးကို နှောင့်ယှက်မှု၊ အများပြည်သူကျင့်ဝတ် ဖောက်ဖျက်မှု၊ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမှု၊ တိုင်းပြည်၏ ပုံရိပ်နှင့် လုံခြုံရေးကို ထိခိုက်စေသည့် သို့မဟုတ် ဥပဒေကို ချိုးဖောက်သည့် အပြုအမူများ ပြုလုပ်နေသည်ဟု အဆိုပါ အမိန့်ကို ကိုးကားဖော်ပြထားသည်။
အဆိုပါအမိန့်ကို မြိုပြရဲတပ်ဖွဲ့ဗျူရို၊ တိုင်းဒေသကြီး ၁- ခရိုင်ရဲတပ်ဖွဲ့၉ခု၊ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၊ ခရီးသွားရဲနှင့် နယ်ခြားစောင့်ရဲများအပါအဝင် နိုင်ငံတဝှမ်းရှိ ရဲတပ်ဖွဲ့ဝင်များအားလုံးသို့ ညွှန်ကြားထားသည်။

ရဲတပ်ဖွဲ့ဝင်များအား အများပြည်သူလုံခြုံရေးနှင့် စည်းမျဥ်းစည်းကမ်းများကို ဦးစားပေးဆောင်ရွက်ရန်နှင့် ဖောက်ဖျက်ကျူးလွန်သူများကို သင့်လျော်သော ဥပဒေဖြင့် အရေးယူရန် ညွှန်ကြားထားသည်။ Kitrat သည်မယ်ယ်ဟောင်ဆွန်ခရိုင် Pai မြို့နယ်ရှိ အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးပြီးရဲတပ်ဖွဲ့ကို မိမိအားခုနစ်ရက်အတွင်း သတင်းပို့ရန်လည်း အမိန့်ပေးခဲ့သည်။

ဖေဖော်ဝါရီ ၈ ရက်တွင် မြောက်ပိုင်းခရိုင်ရှိ နာမည်ကြီးအပန်းဖြေမြို့ဖြစ်သည့် Pai တွင် စီးပွားရေးလုပ်ငန်းနှင့် စားသောက်ဆိုင်အများအပြားသည် အစ္စရေးနိုင်ငံသားများအား ၀န်ဆောင်မှုပေးရန် ငြင်းဆိုထားသည့် ဆိုင်းဘုတ်များ တပ်ဆင်ခဲ့ကြသည်။

Paiမြို့နယ် ဆေးရုံတွင်နိုင်ငံခြားခရီးသွားများ ၏စိတ်အနှောင့်အယှက်ဖြစ်စေသော အပြုအမူများအတွက် တိုင်ကြားခံရခြင်းစဖြစ်ပြီး ဆေးဘက်ဆိုင်ရာဝန်ထမ်းများအား နှုတ်ဖြင့် စော်ကားမှုနှင့်ပစ္စည်းဥစ္စာများကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်မှုများ အပါအဝင်ဖြစ်သည်။ ယခုလအစောပိုင်းက ဖေ့စ်ဘွတ်ခ်အသုံးပြုသူ Sun Sun မှ လွှင့်တင်ထားသည့် ဗီဒီယိုတစ်ခုတွင်လည်း စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးနှစ်ဦးအပေါ်အရက်မူးနေသည့်နိုင်ငံခြားသားများကမရိုမသေပြုမူနေသည်ကို ပြသခဲ့ရာ လုံခြုံရေးအရစိုးရိမ်ထိတ်လန့်စေခဲ့သည်ဟုသတင်းကဆိုသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *