ဖေဖော်ဝါရီ ၂၁၊၂၀၂၅
သောင်ရင်းသတင်းလွှာ
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် အင်ဒရာမယုခရိုင် ဥပဒေပြုလွှတ်တော် (DPRD) ၏ အဖွဲ့ဝင်ဟောင်းတစ်ဦးသည် မြန်မာနိုင်ငံ မြဝတီမြို့တွင်အခြား ၄၅ ဦးနှင့်အတူ လူကုန်အကူးခံခဲ့ရပြီး ဖေဖော်ဝါရီ ၂၀ ရက်ကထိုင်းနိုင်ငံဘက်သို့ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု ANTARA သတင်းကဖော်ပြသည်။ လူကုန်ကူးခံရသူ ၄၆ ဦးသည် ပြည်နယ် ၉ ခုမှ ဖြစ်ကြပြီး အများစုမှာ မြောက်ဆူမားတြားနှင့် အနောက်ဂျာဗားတို့မှဖြစ်ကြောင်း နိုင်ငံခြားရေးဌာန၏ ဒါရိုက်တာ Judha Nugrahaကပြောကြားခဲ့သည်။
“ကယ်တင်ခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမား ၄၆ ဦးထဲက တစ်ယောက်ဟာ Indramayu District DPRD အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ကြောင်းလည်း ကျွန်တော်တို့ အတည်ပြုပါတယ်” ဟု ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဖမ်းဆီးထားစဉ်အတွင်း ညှဉ်းပန်းနှိပ်စက်မှု ခံခဲ့ရပြီးကယ်ဆယ်နိုင်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသားများကိုဖေဖော်ဝါရီ ၂၀ ရက်နေ့နှောင်းပိုင်းနှင့်၂၁ရက်နေ့အစောပိုင်းတွင် Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် လေယာဉ်နှစ်စင်းဖြင့် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံး၏ အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုကို ချီးမွမ်းခဲ့ပြီး မြဝတီမြို့မှ အင်ဒိုနီးရှားရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်၂၁ရက်နေ့အစောပိုင်းတွင် Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် လေယာဉ်နှစ်စင်းဖြင့် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“သူတို့ကိုအင်ဒိုနီးရှားကနေ ပထမဦးဆုံးခေါ်ထုတ်ခဲ့သူတွေကို နက်နက်ရှိုင်းရှိုင်း စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ သူတို့ကိုအရေးယူမှာပါ” ဟု Nugraha က ပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင်ပင် အင်ဒိုနီးရှားရွှေ့ပြောင်းအလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဝန်ကြီးဌာန၏ ကာကွယ်စောင့်ရှောက်ရေး ညွှန်ကြားရေးမှူးချုပ် ရီနာဒီက ကယ်တင်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသား ၄၆ ဦးအား ၎င်းတို့နေရပ်ပြန်ပြီးနောက် လူမှုရေးရာဝန်ကြီးဌာန အဆောက်အအုံတွင် အကဲဖြတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“လုပ်ငန်းစဉ်တွေ ပြီးသွားရင်တော့ လူမှုရေး ဝန်ကြီးဌာနရဲ့ ပံ့ပိုးမှုအောက်မှာ သူတို့ မွေးရပ်မြေကို ပြန်ပို့ပေးမှာပါ” ဟု ၎င်းက ပြောသည်။