ဖေဖော်ဝါရီ ၂၆၊၂၀၂၅။သောင်ရင်းသတင်းလွှာ
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က နိုင်ငံခြားအကူအညီတွေ ဆိုင်းငံ့ထားပြီးနောက်မှာတော့ မြန်မာနိုင်ငံက အသက် ၃၀ အရွယ် ဒုက္ခသည် ဝါးကေလားဖောသည်ကျောက်ကပ်ဆေးခြင်းမရှိတော့ဘဲ နှစ်ပတ်လောက် ပဲအသက်ရှင်သန်ကျန်ရစ်နိုင်ပါတော့မည်။ “ဘယ်တော့မှ သူကမကျေမနပ်ဖြစ်မနေခဲ့ဘူး” ဟု ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းမှ အသက်နှစ်နှစ်အရွယ်သမီးဖြစ်သူ သော်ဝါးနှင့် ဇနီးမောင်နှံနေထိုင်သည့် ခင်ပွန်းဖြစ်သူ သော်က ပြောသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးMarco Rubio မှ ကအမေရိကန်ကျောထောက်နောက်ခံပြုအဖွဲ့အစည်းများမှ စောင့်ရှောက်မှုအပေါ် မှီခိုနေရသော ဝါးကေလားဖော ကဲ့သို့သော ဒုက္ခသည်များအတွက် အသက်ကယ်အကူအညီ ရက် ၉၀ ကြာဆိုင်းငံ့ခြင်းကို USAid က ကင်းလွတ်ခွင့်ရရှိမည်ဟု ကတိပြုခဲ့သော်လည်း ထရမ့် ၏ ဆုံးဖြတ်ချက်သည် ဆိုးရွားလှသည်။
နယ်စပ်တလျှောက်တွင် အမေရိကန်အစိုးရ၏ အကူအညီများ ရပ်ဆိုင်းထားခြင်းကြောင့် မြန်မာနိုင်ငံမှ ဒုက္ခသည်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားမရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ ပေးနေသည့် မရေမတွက်နိုင်သော ပရဟိတအဖွဲ့များနှင့် NGO များကို လုပ်ငန်းများ ရုတ်တရက် ရပ်ဆိုင်းခြင်း သို့မဟုတ် ၎င်းတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းရန် တွန်းအားပေးခံခဲ့သည်။ ၎င်းတွင် ဒုက္ခသည်စခန်း ခုနစ်ခုကို ဝန်ဆောင်မှုပေးနေသည့် ကျန်းမာရေး အထောက်အကူပြု လုပ်ငန်းများလည်ပတ်ခြင်းကို ရပ်တန့်ရန် ဖိအားပေးခံခဲ့ရသည့် နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီ (IRC) လည်း ပါဝင်သည်။
ထရမ့်၏ဆုံးဖြတ်ချက်ကြောင့် ဝါးကေလားဖော၏ခင်ပွန်းသည် ဖေဖေါ်ဝါရီလအစောပိုင်းတွင် ရပ်တန့်သွားသော ကျောက်ကပ်ဆေးခြင်းလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ရန် နည်းလမ်းများရှာဖွေခဲ့သည်။ နောက်ဆုံးတွင် သူမအား ကျောက်ကပ်ဆေးပေးသည့် ထိုင်းဆေးရုံသို့ တင်ပို့ခဲ့ရသော်လည်း အချိန်နှောင်းသွားခဲ့သည်။ ဝါးကေလားဖောမှာဖေဖော်ဝါရီ ၁၆ ရက်တွင် ကွယ်လွန်ခဲ့သည်။
အကူအညီရပ်ဆိုင်းခြင်း၏ ဆိုးရွားသောအကျိုးဆက်များကို ခံစားခဲ့ရသူမှာ ဝါးကေလားဖော တစ်ဦးတည်းမဟုတ်ပါ။ ဖေဖော်ဝါရီလအစောပိုင်းက မြန်မာနိုင်ငံမှ အခြားဒုက္ခသည်တစ်ဦးဖြစ်သော အသက် ၇၁ နှစ်အရွယ် ဖေခလော်သည် အသက်ရှူမဝသဖြင့် အုန်းဖျန်မိုင်ဒုက္ခသည်စခန်းတွင် သေဆုံးသွားခဲ့သည်။ အစောပိုင်းလေးရက်က သူ့အား ဆေးရုံမှဆင်းခိုင်းခဲ့ပြီးIRC မှလည်းသူ့အားဆေးရုံမှဆင်းရန်ဖိအားပေးခဲ့သည်။
Rubio မှ ကင်းလွတ်ခွင့်ပြုထားသော်လည်း ထိုင်း-မြန်မာနယ်စပ်တွင် လည်ပတ်နေသည့် IRC ကဲ့သို့သော NGO အဖွဲ့အစည်းများသည် အဘယ်ကြောင့် စွန့်လွှတ်မှုမျိုး ဆက်လက်လုပ်ဆောင်ခွင့် မပေးထားကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ဂါးဒီးယန်းထံမှ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို IRC က တုံ့ပြန်ခြင်းမရှိပါ။ ပရိုဂရမ်များ ကင်းလွတ်ခွင့်များပေးထားသည့် ဒေသများတွင်ပင် USAid မှ အကူအညီများ ဖြန့်ဝေရန် မှီခိုနေရသော ငွေပေးချေမှုစနစ်သည် ဝါရှင်တန်တွင် နိုင်ငံရေးမတည်ငြိမ်မှုများကြားတွင် လက်လှမ်းမမီနိုင်သောကြောင့် လုပ်ငန်းရပ်ဆိုင်းထားရသည်ဟု သိရသည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တောင်တန်းများ တစ်လျှောက် ဖြန့်ကျက်ထားသော ဒုက္ခသည် စခန်းများတွင် လူဦးရေ ၉၀,၀၀၀ ခန့် နေထိုင်ကြပြီး အများစုမှာ ကရင် တိုင်းရင်းသားများ ဖြစ်သည်။ အများစုသည် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဆယ်စုနှစ်များစွာကြာ စခန်းများတွင် နေထိုင်လာခဲ့ကြသည်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက အခြားလူများ သည် မကြာသေးမီကမှ ရောက်ရှိလာကြပြီး ၎င်းတို့မှာလူအသေအပျောက္များသော ပဋိပက္ခမှ ထွက်ပြေးလာကြခြင်းဖြစ်သည်။
IRC သည် စခန်းအပြင်ဘက်ရှိ မရေရာသော အခြေအနေများတွင် နေထိုင်သူအများအပြားအတွက် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ရန်ပုံငွေထောက်ပံ့ခဲ့သည်။ ကမ္ဘာပေါ်တွင် တစ်ခုတည်းသော အကူအညီအများဆုံးအလှူရှင်ဖြစ်သော အမေရိကန်သည် မြန်မာနိုင်ငံသို့ USAid ရန်ပုံငွေအတွက် ယမန်နှစ်တွင် အမေရိကန်ဒေါ်လာ ၂၂၃.၅ သန်း ထုတ်ပေးခဲ့ပြီး နိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ်၏ ၃၁.၆ ရာခိုင်နှုန်းကို လှူဒါန်းခဲ့သည်။
အုန်းဖျန်မိုင်စခန်းတွင် ရန်ပုံငွေ ခေတ္တရပ်ဆိုင်းထားခြင်းကြောင့် အခြေခံလိုအပ်ချက်များကို ရပ်တန့်စေခဲ့သည်။ဒေသခံများအား သောက်သုံးရေနှင့် ဆေးကြောရန် IRC မှ လုပ်ဆောင်ပေးသည့် ရေစုပ်စနစ်ဖြင့် ပါဝါပေးသည့် မီးစက်များအတွက် လောင်စာဆီ မတတ်နိုင်တော့သဖြင့် ဒုက္ခသည်များသည်ယခုအခါ ရေတွင်းများ တူးနေကြခြင်းဖြစ်သည်။ IRC မှ ပံ့ပိုးပေးသော အမှိုက်သိမ်းဆည်းဖယ်ရှားရေး ဝန်ဆောင်မှုများသည်ရပ်တန့်သွားပြီးဒုက္ခသည်များသည် အမှိုက်များကိုသွန်မည့်အစားမြေမြှုတ်နေရသည်ဟုကရင်ဒုက္ခသည်ကော်မတီ အတွင်းရေးမှူး ဘယ်စေးက ပြောသည်။
ထိုင်းဆရာဝန်များသည် စခန်းများသို့ လာရောက်ကူညီသော်လည်း နေ့တိုင်း မလာနိုင်ကြပေ။အရေးပေါ်အခြေအနေတွင် လူများကို ထိုင်းဆေးရုံသို့ အမြန်ပို့ဆောင်ပေးမည်ဖြစ်သည်။ သို့သော် အရေးပေါ်အခြေအနေဟု ယူဆခံရသူများသည် စခန်းမှထွက်ခွာရန် အခကြေးငွေပေးပြီး ခွင့်ပြုချက်ရယူကာ ၎င်းတို့ကိုသယ်ယူပို့ဆောင်ရေးအတွက်ငွေတောင်းခြင်းခံရမည်ဖြစ်သည်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်မရှိသည့်ဒုက္ခသည်တွေအတွက်တော့ မတတ်နိုင်ကြပါ။ “ဒုက္ခသည်တွေဒေသခံ ထိုင်းဆေးရုံကို သွားစရာ နည်းလမ်းမရှိရင် ကုသမှု ခံယူရရှိနိုင်မှာ မဟုတ်ဘူး” ဟု ကလေးများနှင့် လူကြီးများအတွက် ခွဲစိတ်ကုသစရိတ် ထောက်ပံ့ပေးသည့် Burma Children’s Medical Fund တည်ထောင်သူနှင့် ဒါရိုက်တာ Kanchana Thornton က ပြောသည်။
သူကတစ်ချိန်က IRC မှာ ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ လူနာတွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေပါသည်။သူမ၏ ဝန်ထမ်းများသည် နှလုံးမှ အရိုးခွဲစိတ်မှုအထိ လိုအပ်သော လူနာများအတွက် စခန်းများမှ ပြောင်းရွှေ့ပေးနိုင်ရန် အပြင်းအထန် ကြိုးပမ်းနေကြသည်။ စခန်းပြင်ပတွင် နေထိုင်သည့် ဒုက္ခသည်များသည်လည်း စောင့်ရှောက်မှု ဖယ်ရှားခံခဲ့ရသည်။ အသက် ၅၉ နှစ်အရွယ် မမာမာအေးသည် ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့သော ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများအတွင်း ဦးခေါင်းဒဏ်ရာရရှိခဲ့မှုအတွက် IRC မှ ရန်ပုံငွေ စောင့်ရှောက်မှုကိုခံယူနေပါသည်။ သူကလမ်းပေါ်ထွက် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ပြီး ဆန္ဒပြသူ ငယ်များကို ပစ်ခတ်ခြင်း မပြုရန် အသံချဲ့စက်ဖြင့် စစ်တပ်အား တိုက်တွန်းခဲ့သော်လည်း လျစ်လျူရှုခံခဲ့ရသည်။ စစ်သားတစ်စုက သူမကို ဝိုင်းရိုက်ပြီး ခေါင်းနှင့် မေးရိုးကို ရိုက်နှက်ကာ ထရပ်ကားပေါ် တင်ပြီး နာမည်ဆိုးဖြင့်ကျော်ကြားသော အင်းစိန်ထောင်သို့ ပို့ခဲ့သည်။
ဒဏ်ရာများကြောင့် သတိလစ်မေ့မြောခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်းနှင့် အိပ်မပျော်ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ကို ခံစားရစေသည်။ IRC သည် ဇန်န၀ါရီလတွင် သူမအတွက် ပြုစုစောင့်ရှောက်မှုစတင်ရန်ပုံငွေ ထောက်ပံ့ခဲ့ပြီး ၎င်းတွင် နေ့စဉ် နှစ်ကြိမ်သောက်ရသော ဆေးဝါးများစွာ ပါဝင်ပြီး IRCက သူမကို ခွဲစိတ်ရန် အကြံပေးခဲ့သည်။ သူမကို ဖေဖော်ဝါရီလတွင် ခွဲစိတ်ရန် ချိန်းဆိုထားသော်လည်း ရန်ပုံငွေ ရပ်ဆိုင်းထားခြင်းကြောင့် ရှေ့ဆက်မတိုးခဲ့ပေ။ သူမတစ်ယောက်တည်းမဟုတ်ပဲ တခြားသူတွေလည်း ခွဲစိတ်မှု ဖျက်သိမ်းခံခဲ့ရသည်ည်ဟုဆိုပါသည်။
အမည်မဖော်လိုသော အခြားအမျိုးသမီးတစ်ဦးသည် သူမ၏ဗိုက်ပေါ်တွင် ကြီးမားပြီး မာကျောသောအလုံးဖြစ်လာသည့် inguinal hernia အတွက် ကုသမှုခံယူရန် လိုအပ်ပါသည်။ သူမအတွက်ဆေးကုသခြင်းဝန်ဆောင်မှုကို IRC ကတာဝန်ယူထားသော်လည်း ယခုအခါပေ မရရှိတော့ပါ။ “ထီပေါက်ပြီး လက်မှတ်ပျောက်သလိုပါပဲ” ဟု သူမက ဆိုသည်။
The Guardian သတင်းစာမျက်နှာတွင်ဖော်ပြသည့်Rebecca Ratcliffe ရေးသားသော Thai-Myanmar border, Trump’s decision to suspend foreign aid is deadly ကိုအဲမောင်းပြန်ဆိုသည်။