အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လှည့်စားခံရသူ ၅,၀၀၀ ကို လာမည့်သီတင်းပတ်တွင် ထိုင်းက တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်

မတ်လ ၁၊၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်းနိုင်ငံမှ အပတ်စဉ် လူ ၁,၀၀၀ ခန့် ပြန်ပို့မည့် အစီအစဉ်ဖြင့် မြန်မာနိုင်ငံတွင် လိမ်လည်ခေါ်ဆိုမှု စင်တာများ၏ သားကောင်ဖြစ်ခဲ့သည့် တရုတ်နိုင်ငံသား ၅,၀၀၀ ကို နေရပ်ပြန်ပို့ရေး အစီအစဉ်များကို လာမည့်လအတွင်း ပြုလုပ်နေပြီဖြစ်သည်ဟု The Nation သတင်းကဖေဖော်ဝါရီ ၂၈ ရက်ကဖော်ပြသည်။ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနသည် သံရုံးမှ တာဝန်ရှိသူများ နှင့် လက်တွဲပြီး နိုင်ငံပေါင်းစုံမှ ဒုက္ခသည် ၂၀၀၀ ကို နေရပ်ပြန်ပို့ရန် စီစဉ်နေသည်။


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖေဖော်ဝါရီ ၂၈ ရက်နေ့ကကျင်းပခဲ့သည့်“ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ထိုင်း-မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေး” အပြီး၌ယခုလို ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုင်း နိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က လက်ရှိ လှည့်စားခံရသူ ၇,၀၀၀ အနက်မှ နေရပ်ပြန်ပို့ရေး စောင့်ဆိုင်းနေသည့် တရုတ်နိုင်ငံသား ၅,၀၀၀ အတွက် အစီအစဉ်များ အပြီးသတ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက်နောက်ပိုင်း လုပ်ငန်းစဉ်ကို လာမည့်သီတင်းပတ်တွင် စတင်မည်ဟု မျှော်လင့်ရကြောင်းပြောကြားခဲ့သည်။

အခြားဒုက္ခသည် ၂,၀၀၀ နှင့်ပတ်သက်ပြီး ဝန်ကြီးဌာနသည် ၎င်းတို့၏ နိုင်ငံသားစိစစ်ရေး၊ အထောက်အထားကို အတည်ပြုရန်နှင့် ၎င်းတို့နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် ဝန်ကြီးဌာနက သက်ဆိုင်ရာ သံရုံးများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။ နိုင်ငံဖြတ်ကျော်မှုခင်းများ အထူးသဖြင့် အွန်လိုင်းလိမ်လည်လှည့်ဖြားမှုများနှင့် အခြားလိမ်လည်လှည့်ဖြားမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကိုအဖွဲ့ အားလုံးက သဘောတူညီခဲ့ကြပြီး အစည်းအဝေးသည်အပြုသဘောဆောင်သည့် အခြေအနေအဖြစ် ၎င်းက ပြောကြားခဲ့သည်။

တချိန်တည်းမှာပဲ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့်ကူညီရန် ဝန်ကြီးဌာနက လောလောဆယ်တွင် နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ညှိနှိုင်းဆောင်ရွက်နေပြီး ရန်ပုံငွေအပါအဝင် ယခုလုပ်ငန်းများအတွက် ပံ့ပိုးကူညီမှုများရရှိဖို့ ဆောင်ရွက်နေသည်ဟုသူက ပြောသည်။ ထိုင်းနှင့် မြန်မာနှစ်နိုင်ငံစလုံးတွင် ဤမစ်ရှင်ပြီးဆုံးခြင်းအပေါ် သက်ရောက်မှုရှိနိုင်သည့် ဘတ်ဂျက်ကန့်သတ်ချက်များရှိသည်ဟု ၎င်းတို့က ဆိုသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *