ထိုင်းနိုင်ငံ ကန်ချနပူရီတွင် ရွှေ့ပြောင်းနေထိုင်သူ မြန်မာ ၄၉ ဦးကို ဖမ်းဆီးခဲ့

မတ်လ ၃၊၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်း-မြန်မာနယ်စပ်အနီး Sangkhla Buri မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် လူ ၄၉ ဦးကို ​ဖော်ဝါရီ ၂၈ရက်နေ့တွင် အထူးတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများကမတ်လ ၁ ရက်တွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်ကဖော်ပြသည်။


အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ ဖြစ်ကြပြီးဖြစ်နိုင်ချေရှိသော လှုပ်ရှားမှုများကို စုံစမ်းထောက်လှမ်းရန် တပ်ဖွဲ့မှ ရှာဖွေတွေ့ရှိချိန်တွင် ၎င်းတို့အဖွဲ့သည် ခြေလျင်ခရီးဖြင့် သွားလာနေခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ မှန်ကန်သော သက်သေခံစာရွက်စာတမ်းများ မပါရှိပါ။ စကားပြန်ကတစ်ဆင့် ပြောဆိုရာတွင် ၎င်းတို့သည် ဘန်ဘိုရီပွန်မှတဆင့် နယ်စပ်ကိုဖြတ်ပြီး အလုပ်လုပ်ရမည့် စမွတ်စခွန်မြို့သို့ ပြောင်းရွှေ့ရန်အတွက်လာခေါ်မည့်သူက သတ်မှတ်ထားသော နေရာသို့ ဦးတည်သွားနေသည်ဟု ဆိုသည်။

လမ်းစစ်ဆေးရေးဂိတ်များကို ရှောင်ရန် လှေဖြင့် ခေါ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့သွားရာလမ်းတွင် ပွဲစားအားတစ်ဦးလျှင် ဘတ်ငွေ ၁၅၀၀၀ ပေးဆောင်ရမည်ဟု ဆိုသည်။ တရားမ၀င် ခိုးဝင်လာသူ ၄၉ ဦးကို နယ်မြေခံ ရဲတပ်ဖွဲ့ထံ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *