ထိုင်း-မြန်မာနယ်စပ်ဒေသတွင် တရုတ်၊ ထိုင်း၊ မြန်မာ၊ လာအိုတို့ ပူးပေါင်း၍ တယ်လီကွန်းလိမ်လည်မှုများကို တိုက်ဖျက်နေ

မတ်လ ၇၊၂၀၂၅။ သောင်ရင်းသတင်းလွှာ

———————————————-

ထိုင်း-မြန်မာနယ်စပ်ဒေသတွင် တယ်လီကွန်းလိမ်လည်မှုများကို နှိမ်နင်းရန်အတွက် ထိုင်း၊ မြန်မာ၊ လာအိုတို့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က မတ်လ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု စင်ဟွာသတင်းကဖေါ်ပြသည်။


တရုတ်နိုင်ငံနှင့် နယ်နိမိတ်အနီး မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တယ်လီကွန်း လိမ်လည်မှု လုပ်ငန်းများ အားလုံးကို ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း Wang က အမျိုးသား ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့၏တာဝန်မှာ တရုတ်လူမျိုးများကို ပစ်မှတ်ထားသော ရက်စက်ကြမ်းကြုတ်သောလက်များကို ဖြတ်တောက်ရန်နှင့် တယ်လီကွန်းလိမ်လည်မှုကင်ဆာကို ဖယ်ရှားရန်ဖြစ်သည်” ဟု Wang က ပြောကြားခဲ့သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *