မတ်လ ၁၅၊၂၀၂၅။ သောင်ရင်းသတင်းလွှာ
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထိုင်း အရာရှိများအား ဗီဇာ ကန့်သတ်ချက် များကြေညာအပြီးတွင် ထိုင်း အစိုးရ က ဝီဂါလူမျိုး ၄၀ ကို တရုတ် နိုင်ငံ ကို ပြန်ပို့ သည့်ကိစ္စအားထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီးRuss Jalichandra ကာကွယ်သည့် ပို့စ်ကို ယင်း၏ Faceboom စာမျက်နှာတွင် မတမလ ၁၅ ရက်နေ့ က တင်ခဲ့သည်ဟု Khaosod သတင်းကဖေါ်ပြသည်။
ယင်းက ထိုင်းအစိုးရသည် မှန်ကန်သောအရာကို လုပ်ဆောင်ခဲ့ပြီး ယခုအခါ နိုင်ငံခြားသားအများအပြားသည် လူ့အခွင့်အရေးကိစ္စနှင့်ပတ်သက်လာလျှင် ၎င်းတို့ကိုယ်တိုင်က ယုံကြည်လက်ခံမှု ဆုံးရှုံးနေချိန်တွင် အခြားသူများကို ဝေဖန်ပြောဆိုသည့် အမေရိကန်၏အခွင့်အရေးကို သံသယဝင်နေကြသည်ဟု Russ က ဆိုသည်။
ယခု အမေရိကန်သည် ၎င်းတို့၏ အကောင်းဆုံးမဟာမိတ်ဖြစ်သော ကနေဒါကို အမေရိကန်မည်သို့ ဆက်ဆံနေသနည်းဟု စဉ်းစားသောအခါ မအံ့ဩမိကြောင်း သူက ထပ်ပြောသည်။