တစ်လအတွင်း စစ်အုပ်စုရဲ့ လူ့အခွင်းရေးချိုးဖောက်မှုတွေကို NUGဘက်က စာရင်းဇယားနဲ့ထုတ်ပြန်

မတ်လ ၁၆၊၂၀၂၅။ သောင်ရင်းသတင်းလွှာ

နိုင်ငံတဝှမ်းအကြမ်းဖက်စစ်အုပ်စုရဲ့ ၂၀၂၅ ဖေဖော်ဝါရီလအတွင်း လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု စုစုပေါင်း (၆၀၄) မှုရှိခဲ့တယ်လို့ NUGအမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


ဒီအထဲမှာ အညာဒေသ စစ်ကိုင်းတိုင်းဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၁၂၄ မှုထိ ရှိခဲ့ကာ လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ်အရေအတွက် ၆၈ ကြိမ်ရှိခဲ့ပြီး အများဆုံးတိုက်ခိုက်ခံခဲ့ရတဲ့ ဒေသဖြစ်တယ်လို့သိရပါတယ်။

တခြားဒေသတွေမှာလည်း လူအခွင့်အရေးချိုးဖောက်ခံမှု ဖြစ်စဉ်များ သေဆုံးသူအရေအတွက်နဲ့ ပျက်စီးဆုံးရှုံးမှုများကိုလည်း စနစ်တကျ မှတ်တမ်းတင်ထားတယ်လို့ဆိုပါတယ်။


အသေးစိပ်အချက်အလက်တွေကိုတော့ Info-graph မှာ လေ့လာနိုင်ပြီး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထားပြီး အကြမ်းဖက် စစ်အုပ်စုရဲ့ ကျူးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားဖြစ်ပါတယ်။

( လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက လစဉ် update ပြုလုပ်လျက်ရှိသည့် Human Rights Violations’ Data Dashboard တွင်လည်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ကြည့်ရှုလေ့လာ ကိုးကားနိုင်ပါသည်)
Link 🔗 https://mohr.nugmyanmar.org/human-rights-violations-data…/
Junta’s Human Rights Violations: February 2025
=====================================
The Ministry of Human Rights, National Unity Government has collected and documented a total of 604 human rights violations committed by the terrorist group in February 2025.

In February, Sagaing Region recorded the highest number of human rights violations, totaling 124 cases, and was also the most heavily targeted region, experiencing 68 airstrikes.


Additionally, other violations, including fatalities and property damage, have been systematically documented. For further details, refer to the infographic below. Ministry of Human Rights, is committed to bring equality ,peace and Justice for people of Myanmar by all means .


You can also access and reference the Human Rights Violations Data Dashboard, which is updated monthly by the Ministry of Human Rights, for comprehensive information on human rights violations.


Link 🔗 https://mohr.nugmyanmar.org/human-rights-violations-data…/

By admin

Leave a Reply

Your email address will not be published. Required fields are marked *