မြဝတီ နယ်ခြားစောင့်တပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းများအားဖြိုခွင်းမှု တစ်လကြာပြီးနောက် လူ ၈၀၀၀ နီးပါး ပြန်ပို့ခဲ့ဟုဆို

မတ်လ ၁၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ရွှေကုက္ကိုမြို့သစ်တွင် လူကုန်ကူးသူများနှင့် တရားမဝင်စီးပွားရေးလုပ်ငန်းများကို နှိမ်နင်းမှု စတင်ပြီးနောက် ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရပ်ခြားသို့ ပြန်ပို့ခံရသူ စုစုပေါင်း ၇,၉၆၈ ဦးရှိကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) က မတ်လ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ယင်းနာမည်ကြီး ကာစီနိုမြို့သည် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်တွင် တည်ရှိသည်ဟု The Nation သတင်းကဖော်ပြသည်။

နယ်ခြားစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြန်လည် ပို့ဆောင်ခံရသူ အများစုမှာ အမျိုးသားများဖြစ်ပြီး နိုင်ငံပေါင်း ၃၀ ကျော်မှ ရောက်ရှိလာကြောင်း သိရသည်။ စိစစ်စစ်ဆေးပြီးနောက်ယင်းတို့အနက်မှာ၉၈ ရာခိုင်နှုန်းသည် ရွှေကုက္ကိုတွင်ယင်းတို့ဆန္ဒအလျှောက် အလုပ်လာလုပ်ကြပြီး လူကုန်ကူးသူများ၏ လှည့်စားခြင်းမခံခဲ့ရကြောင်း တွေ့ရှိခဲ့သည်ဟုဆိုသည်။

နိုင်ငံခြားသား အများစုသည် ထိုင်းနိုင်ငံမှ ထုတ်ပေးသော ဗီဇာများကို ကိုင်ဆောင်ထားပြီး တောလမ်းများမှတစ်ဆင့် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာသည်ဟု ၎င်းက ဆက်လက်ပြောသည်။ ဖမ်းဆီးခံနေရသည့် နိုင်ငံခြားသားများအနက် အများဆုံးမှာ တရုတ်လူမျိုးများဖြစ်ပြီး ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံသားများကဒုတိယနှင့်တတိယအများစု ဖြစ်ကြသည်ဟု ၎င်းက ဆိုသည်။

BGF သည် လွန်ခဲ့သည့်လတွင် ၎င်း၏ကိုယ်ပိုင်ဘတ်ဂျက်ငွေ ဘတ်သန်း ၇၀ ကျော်နှင့် ရွှေကုက္ကိုမှ ထွက်လာသည့် နိုင်ငံခြားသားများကို ပြုစုစောင့်ရှောက်ရန် မြဝတီမြို့အတွင်းပိုင်းရှိ ယာယီခိုလှုံရေးစခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟုNation TV သို့ ပြောကြားခဲ့သည်။ စခန်းအတွင်း နိုင်ငံခြားသား ၃,၀၀၀ ကျော် ကျန်ရှိနေသေးကြောင်းနှင့် နယ်ခြားစောင့်တပ်ဖွဲ့က ၎င်းတို့အား ရေရှည် ပြုစုစောင့်ရှောက်ရန် အဆင်သင့်မဖြစ်သေးသောကြောင့် အမြန်ဆုံး နေရပ်ပြန်ပို့ရေး တွန်းအားပေး ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။

Nation TV သတင်းထောက်တစ်ဦးသည် အောင်ဇမ္ဘူလင်းဟိုတယ်ရှိ BGF ထိန်းသိမ်းရေးစခန်းသို့ မတ်လ ၁၄ ရက်နေ့က သွားရောက်ကြည့်ရှုခဲ့ရာတွင် စစ်သားများဖြင့် အစောင့်အကြပ်များ ထူထပ်စွာ ချထားသည်ကို တွေ့ရှိခဲ့ရပြီး အကျဉ်းသားများသည် ဟိုတယ်၏ မြေညီထပ်ရှိ လူစည်ကားသော နေရာ၌ နေထိုင်လျက် ရှိသည်။ ရမ်ဇာန်ဥပုသ်လ (မွတ်စလင်ဥပုသ်လ) အတွင်း အထူးသီးသန့် အစားအစာများ အပါအဝင် အကျဉ်းသားတစ်ဦးစီသည် တစ်နေ့လျှင် အစားအစာ ၃ နပ် ရရှိမည်ဖြစ်ကြောင်း စစ်သားတစ်ဦးက ပြောကြားခဲ့သည်။

BGF သည် လူတစ်ဦးလျှင် တစ်နေ့လျှင် ဘတ်ငွေ ၂၀၀ နှုန်းဖြင့် စားသောက်ရန် ဘတ်ဂျက်သတ်မှတ်ထားကြောင်း သိရသည်။ BGF ၏ လှုပ်ရှားမှုသည် မြန်မာနိုင်ငံရှိ နယ်စပ်ငါးခုသို့ ဖေဖော်ဝါရီ ၅ ရက်က လျှပ်စစ်၊ အင်တာနက်နှင့် လောင်စာဆီ ထောက်ပံ့မှု ဖြတ်တောက်ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုင်းကဖြတ်တောက္ခဲ့မြို့များမှာမြဝတီ၊ တာချီလိတ်နှင့်ဘုရားသုံးဆူ မြို့နယ်များ ပါဝင်သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *