မတ်လ ၁၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ဝီဂါအယောက် ၄၀ ကို ပြည်နှင်ဒဏ်ပေးမှုတွင် ပါဝင်သော ထိုင်းအရာရှိများအားအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗီဇာကန့်သတ်ခြင်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံမှ အပြန်အလှန် လေးစားမှုနှင့် ဗျူဟာမြောက် အကျိုးစီးပွားကို အခြေခံ၍ ချစ်ကြည်ရင်းနှီးမှုကို တန်ဖိုးထားသည်ဟုထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနကမတ်လ ၁၅ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဝီဂါများ၏ ဘေးကင်းမှုကို တရုတ်က ထိုင်းကို အာမခံထားပြီး ၎င်းတို့၏ကျန်းမာရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟုဝန်ကြီးဌာနက ထပ်လောင်းပြောကြားသည်။ ၂၀၂၅ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဌာနမှ မကြာသေးမီက မူဝါဒကြေညာချက်ကိုထိုင်းအစိုးရက တုံ့ပြန်ရာတွင်
၁၊ထိုင်းအစိုးရသည် ၂၀၂၅ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဌာနမှ ထုတ်ပြန်ခဲ့သည့် မူဝါဒကို မှတ်သားထားပြီး ယင်းနှင့် ပတ်သက်၍ ထိုင်းအစိုးရသည် ဝီဂါများ၏ ဘေးကင်းရေးနှင့် ပတ်သက်၍ တရုတ်အစိုးရထံမှ အာမခံချက် ရရှိထားပြီး ယင်းအဖွဲ့၏ ကောင်းကျိုးကို ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ ထိုင်းအစိုးရကလည်း ယခုကိစ္စကို မကြာခဏဆိုသလို စိုးရိမ်ပူပန်နေသည့်နိုင်ငံများနှင့် ရှင်းလင်းပေးခဲ့ပါသည်။ အထူးသဖြင့် ထိုင်းနိုင်ငံသည် ရာစုနှစ်ဝက်ကျော်ကြာ နိုင်ငံအသီးသီးမှ နေရပ်ရွှေ့ပြောင်းနေထိုင်သူများအား အကူအညီများ ပေးအပ်ရာတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှည်လျားသော အစဉ်အလာကို အမြဲတမ်း လက်ကိုင်ထားပြီး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
၂၊ထိုင်းသည် နှစ်နိုင်ငံနှင့် ဒေသတွင်း အဆင့်နှစ်ရပ်စလုံးတွင် အပြန်အလှန်လေးစားမှုနှင့် မဟာဗျူဟာမြောက် အကျိုးစီးပွားများကို အခြေခံ၍ အမေရိကန်ပြည်ထောင်စုနှင့် ကာလရှည်ကြာ ရင်းနှီးသော မဟာမိတ်စာချုပ်ကို အစဉ်အမြဲ တန်ဖိုးထားပါသည်ဟုထုတ်ပြန်ချက်ကဖော်ပြသည်ဟု Khaosod သတင်းကဖေါ်ပြသည်။