မတ်လ ၁၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မကြာသေးမီက ထိုင်းနိုင်ငံမှ ဝီဂါ ၄၀ ကို တရုတ်နိုင်ငံသို့ နှင်ထုတ်ခြင်းသည် လူ့အခွင့်အရေးမူများကို လိုက်နာကြောင်း နားလည်သဘောပေါက်ရန်ထိုင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Jirayu Huangsab က အခြားနိုင်ငံများအား မတမလ ၁၆ ရက် နေ့တွင် တိုက်တွန်းခဲ့သည်ဟု Khaosod သတင်းကဖော်ပြသည်။
ရွေးချယ်ခံရသော ထိုင်းသတင်းထောက်အချို့ အပါအဝင် ထိုင်းအစိုးရ ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၁၈ ရက်နေ့တွင်တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်သို့ ထွက်ခွာမည်ဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေးကို နောက်ဆက်တွဲအဖြစ် တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်သို့ အခါအားလျော်စွာ သွားရောက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai ဦးဆောင်မည်ဖြစ်ပြီး အဆိုပါအဖွဲ့သည် မတ်လ ၂၁ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်ဟုလည်း သူကဆက်လက်ပြောကြားသည်။