မတ်လ ၁၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းဘုရင့်တပ်မတော် Rachmanoo Task Force သည် Tha Songyang မြို့နယ်အုပ်ချုပ်ရေး၊ နယ်ခြားစောင့်ရဲ တပ်ဖွဲ့စု ၃၄ နှင့် တာ့ခ်ခရိုင် Tha Song Yang မြို့နယ် Nong Bua ကျေးရွာမှ ရပ်ရွာခေါင်းဆောင်များ နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ မတ် ၁၅ ရက်က မြန်မာနိုင်ငံသား ဒုက္ခသည် ၄၃၇ ဦးအား ဖားအန်ခရိုင် လေးပိုမြို့ မယ်ဂေကီးကျေးရွာရှိ နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
ကရင်တပ်များ မြန်မာစစ်တပ်မှ နယ်မြေစိုးမိုးရေး နယ်မြေအတွင်း တိုက်ပွဲများ ငြိမ်သက်သွားပြီးနောက် ဒုက္ခသည်များ နေရပ်ပြန်နိုင်ခဲ့သည်။ ထိုင်းအာဏာပိုင်တွေက အခြေအနေကို အနီးကပ် စောင့်ကြည့်နေသည်ဟု Khaosod သတင်းကဖော်ပြသည်။