ထိုင်းအောက်လွှတ်တော်တွင်ကျင်းပခဲ့သော ဆွေးနွေးပွဲတွင်မြန်မာ့အရေးနှင့်ပတ်သက်၍ ဒေါက်တာ Zachary Abuza ၏ဆွေးနွေးချက်အကျဉ်းချုပ်

မတ်လ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် National War College မှ ပါမောက္ခတစ်ဦးဖြစ် သည့် ဒေါက်တာ Zachary Abuza က ထိုင်းလွှတ်တော်တွင်ကျင်းပခဲ့သော ဆွေးနွေးပွဲ “တည်တံ့ခိုင်မြဲသောငြိမ်ဝပ်ခြင်းနှင့်လုံခြုံရေး တိုးတက်အောင်မြင်စေခြင်း – ထိုင်းနှင့်အာဆီယံ၏ နယ်စပ် တည်ငြိမ်မှုနှင့် ဒီမိုကရေစီသို့အဖွဲ့အစည်းတည်ဆောက်ရေးလမ်းကြောင်း” ဆွေးနွေးပွဲတွင် ပြောကြား ခဲ့သော အချို့အချက်များကို မျှဝေလိုက်ပါသည်။ မြန်မာစစ်တပ်အတွက် ဒီစစ်ပွဲက အနိုင်ရနိုင်မဲ့စစ်ပွဲ မဟုတ်ပါ။ သူတို့ဟာ မနိုင်နိုင်တဲ့စစ်ကို အလွန်အကျွံ တိုက်နေတာဖြစ်ပြီး၊ ဒီလုပ်ရပ်ကြောင့် တစ်နိုင်ငံလုံးကို သူတို့နဲ့အတူ ဆွဲချနေကြတာဖြစ်တယ်။

ဒီစစ်ပွဲဟာ အနိုင်ရနိုင်မဲ့ စစ်မဟုတ်ကြောင်း အထောက်အထား ၅ ချက်ရှိပါတယ်။

၁။ စစ်တပ်ဟာ နိုင်ငံအနှံအပြားကျယ်ပြန့်များပြားစွာ စစ်မျက်နှာဖွင့်ပြီးတပ်ဖြန့်ထားရတာဖြစ်တယ်။

၂။ လူအင်အား ပြတ်လပ်မှု ဆိုးဆိုးရွားရွား ရင်ဆိုင်နေကြရတာဖြစ်တယ်။ ဘယ်လို အရှိန်အဟုန်ပြင်း ပြင်းနဲ့ ဒီပြဿနာကိုကိုင်တွယ်ဖို့ကြိုးစားစေကာမူ ဖြေရှင်းနိုင်မည်မဟုတ်ပါ။

၃။ စစ်တပ်ရဲ့ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက်တွေ ပြိုပျက်နေတယ်။ စစ်တပ်ဟာ ယခင်က တပ်စခန်း ပေါင်း ၅၀၀ ကျော်နဲ့ တိုင်းပြည်ကို သိမ်းပိုက်ထိန်းချုပ်ထားခဲ့တာဖြစ်တယ်။ လက်ရှိအခြေအနေအရ အဲ့ဒီတပ်စခန်းအများအပြားကို ပြန်လည်ထောက်ပံ့ခြင်း ဒါမှမဟုတ် ပြန်လည်လက်နက်တပ်ဆင်ခြင်း မပြုနိုင်ပါ။ ထောက်ပံ့ရေးလိုင်းများ ဖြတ်တောက်ခံနေရပြီး အဲ့ဒီစခန်းတွေကို ထိန်းသိမ်းထားနိုင်ဖို့ လုံလောက်တဲ့လေကြောင်းနဲ့ သယ်ယူပို့ဆောင်ရေးအတွက် ရဟတ်ယာဉ်တွေ အရေအတွက်လည်း မလုံလောက်ပါ။

၄။ စစ်တပ်အတွက် အရေးကြီးဆုံး ဖြစ်တဲ့ ဧရာဝတီမြစ်ဘေးကာလှည့်မှာ ရှိတဲ့ ကာကွယ်ရေးပစ္စည်း စက်ရုံ ၂၄ ခုရှိပါတယ်။ ရခိုင်တပ်တော် AA နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေက နီးသည်ထက်ပိုနီး အောင် ဝင်ရောက်လာနေနိုက်ပါပြီ။ ဒီစက်ရုံတွေကို တိုက်သိမ်းဖို့မလိုပါဘူး၊ ထောက်ပံ့ရေးကိုဖြတ် တောက်နိုင်တာနဲ့ ပြီးပါပြီ။

၅။ မြန်မာစစ်တပ်အတွင်း နက်ရှိုင်းပြီး တအိအိနဲ့ပျက်စီးနေတာဖြစ်တယ်။ အတွင်းမှာ ကွဲထွက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်နေပါတယ်။

စစ်တပ်မှာ လေကြောင်းအားသာချက်ရှိတုန်းရှိပါတယ်။ ဒါပေမဲ့ သူတို့က အဲဒီလေကြောင်း အားသာ ချက်ကို စစ်ရေးရည်ရွယ်ချက်အတွက် မသုံးကြပါဘူး။ သူတို့အသုံးပြုနေတာက အရပ်သား ပြည်သူတွေအပေါ် ထိခိုက်စေဖို့၊ ကြောက်ရွံ့စေဖို့အတွက်ဖြစ်ပါတယ်။ SAC က အရင်းအမြစ်တွေ ဆုံးရှုံးလာနေပြီး အဲဒီဆုံးရှုံးမှုတွေကို ပြန်လည်ဖြည့်ဆည်းဖို့ တခြားဝင်ငွေ အရင်းအမြစ်တွေ မရှိတော့ပါဘူး။ ဒီအခြေအနေကိုဖြစ်လာစေတာက စစ်တပ် ကိုယ်တိုင်ပါ။ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေက မြန်မာ့စီးပွားရေးကို ဖျက်ဆီးလိုက်တာပါ။

ယခင်က စစ်တပ်မှာ ဝင်ငွေရရှိနိုင်တဲ့ အရင်းမြစ်တွေအများကြီး ရှိခဲ့ပါတယ်။ အခုတော့ အဲ့ဒီအရင်းအမြစ်တွေ အများအပြားပျောက်ဆုံးသွားရပြီး တစ်ချို့ကိုလည်း တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခံ ထားရပါတယ်။
• စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းတွင် အခွန်စနစ်ပြိုလဲလာခဲ့တယ်။
• သဘာဝအရင်းအမြစ်အခြေပြု ရရှိတဲ့ဝင်ငွေဟာ ယခင်က အဓိကဝင်ငွေရင်းမြစ်တစ်ခု ဖြစ်ခဲ့ပေမယ့်၊ ပိတ်ဆို့ဒဏ်ခတ်မှုများကြောင့် အဆင်မပြေဖြစ်လာပြီး၊ တော်လှန်ရေးအဖွဲ့များကလည်း အရေးကြီးတဲ့ သယံဇာတထွက်ရှိရာဒေသများကို ထိန်းချုပ်လာနိုင်ကြတယ်။
• စစ်တပ်ဟာ ကုမ္ပဏီ ၁၂၀ ကျော်ပါဝင်တဲ့ ကြီးမားသော စုစည်းမှုလုပ်ငန်း (conglomerates) နှစ်ခုကို ကိုင်တွယ်နေပေမယ့် စစ်တပ်ထုတ်ကုန်သပိတ်မှောက်ရေးလှုပ်ရှားမှုတွေကြောင့် အကျိုးအမြတ် မထွက်တော့ပါ။
• တော်လှန်ရေးအဖွဲ့တွေက နယ်စပ်ဒေသတွေနဲ့ နယ်စပ်ကုန်သွယ်မှုကို ကြီးမားစွာထိန်းချုပ်လာနိုင်ကြ တယ်။
စစ်တပ်ဟာ အခြားဝင်ငွေရင်းမြစ်တွေကိုရှာဖွေအသုံးပြုနေတာရှိနေပေမယ့် အဲံဒီနည်းလမ်းတွေဟာ နိုင်ငံ့စီးပွားရေးကိုပျက်စီးယိုယွင်းလာစေတာ ဖြစ်ပါသည်။
• ငွေစက္ကူရိုက်ထုတ်တာကို တိုးမြှင့်လုပ်ဆောင်နေတာကြောင့် ငွေဖောင်းပွမှုကို ဖြစ်စေနေပါတယ်။
• ဗဟိုဘဏ်ကို စစ်ပွဲရံပုံငွေဖြည့်တင်းရေးအတွက် အသုံးချနေပါတယ်။ ဒါဟာဗဟိုဘဏ်တည်ရှိ ခြင်းရဲ့ရည်ရွယ်ချက်နဲ့ သွေဖယ်နေပါတယ်။
• ငွေကြေးထိန်းချုပ်မှုတွေ၊ အတုအယောင်ငွေလဲနှုန်းတွေသတ်မှတ်နေတာကြောင့် စစ်တပ်အတွက် စစ်ပွဲရန်ပုံငွေလမ်းကြောင်းအဖြစ် အသုံးချနေနိုင်ပေမယ့် ဒီလိုလုပ်နေတာဟာ ပုဂ္ဂလိကလုပ်ငန်းတွေကို ထိခိုက်နစ်နာစေပါတယ်။
• နိုင်ငံပိုင်စက်ရုံများနှင့် မြေများကို တန်းတိုးရောင်းချနေကြပြီး ဒီလိုရောင်းချနေခြင်းဟာ ပြည်သူ့ပိုင် ပစ္စည်းများကို လုယက်သည့်အနေအထားဖြစ်ပါတယ်။
• နောက်ဆုံးကျန်ရှိတဲ့ ဝင်ငွေရင်းမြစ်ကတော့ ရာဇ၀တ်မကင်းတဲ့ စီးပွားရေးပုံစံတွေ ဖြစ်ပါတယ်။ ဥပမာ—အွန်လိုင်းလိမ်လည်မှု (scam economy)၊ မူးယစ်ဆေး၀ါးနှင့် ပြစ်မှုမကင်းတဲ့ အခြား လုပ်ငန်းများ။

ဒီလိုလုပ်နေတာတွေဟာ ပျက်စီးမှုအလွန်အမင်း ဖြစ်ပေါ်စေပါတယ်။ အထက်မှာ ပြောခဲ့သလို စစ်တပ်ဟာ ပြိုကွဲလာနေပြီဖြစ်ပြီး၊ သူတို့နဲ့အတူ တစ်နိုင်ငံလုံးရဲ့ စီးပွားရေးကိုလည်း ဆွဲချနေတာပါ။မြန်မာစစ်တပ်ဟာ ဆိုးရွားတဲ့ အကြမ်းဖက်မှုနှင့် ဖျက်စီးမှုတွေကို လုပ်နေတာဖြစ်ပါတယ်။ လျက်ရှိသည်။ ဒါပေမဲ့ အခုအခြေအနေမှာတော့ ဒီစစ်ပွဲက သူတို့အတွက် အနိုင်ရနိုင်မဲ့စစ် မဟုတ်တော့ပါဘူး။

Igor Blaževič သည်ယခင်ရက်များကထိုင်းအောက်လွှတ်တော်တွင်ကျင်းပခဲ့သော အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူဖြစ်ပြီးသူသည်၁၉၆၃ ခုနှစ် SFR ယူဂိုဆလားဗီးယားနိုင်ငံ၊ ဟာဇီဂိုဗီးနား၊ ဟာဇီဂိုဗီးနားဒေသ၊ Trebinje တွင်မွေးဖွားခဲ့သည် ချက်သမ္မတနိုင်ငံ၌နေထိုင်သော ဘော့စနီးယားနွယ်ဖွား ဥရောပလူ့အခွင့်အရေးလှုံ့ဆော်သူဖြစ်ပြီး One World ၏တည်ထောင်သူနှင့် သက်တမ်းကြာသောဒါရိုက်တာအဖြစ်၊ ဥရောပ၏အကြီးဆုံး[2] လူ့အခွင့်အရေးမှတ်တမ်းရုပ်ရှင် နိုင်ငံတကာရုပ်ရှင်ပွဲတော်နှင့် People in Need foundation ၏ ဒါရိုက်တာဖြစ်သည်။

သူသည် ကမ္ဘာ့ဒီမိုကရေစီရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ၏ အဖွဲ့ဝင်လည်းဖြစ်သည်။ လက်ရှိတွင် သူသည် Prague Civil Society Centre တွင် ပရိုဂရမ်ဒါရိုက်တာတစ်ဦးဖြစ်သည်။ အခြားသော လှုပ်ရှားမှုများထဲတွင် သူသည် ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများအတွက် လေ့ကျင့်ရေး အစီအစဉ်၏ ဒါရိုက်တာလည်း ဖြစ်သည်။ သူသည် ၂၀၁၂မှခ၂၀၁၅ အထိအသွင်ကူးပြောင်းခြင်းဆိုင်ရာတရားမျှတမှုဘာသာရပ်အားဟောပြောပို့ချခဲ့သူလည်းဖြစ်သည်။

အဲမောင်း
အထက်ပါအကြောင်းအရာများသည် Igor Blazevic ၏ facebook စာမျက်နှာတွင်ဖော်ပြထားပါသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *