ဧပြီလ ၂၊ ၂၀၁၅။ သောင်ရင်းသတင်းလွှာ
မြန်မာနိုင်ငံတွင်သဘာဝဘေးအန္တရာယ်နှင့်လူသားတွေရဲ့ ခံစားရမှု အတိုင်းအတာက တကယ့်ကို လွှမ်းခြုံထားသော်မယ့် အကူအညီမဲ့မှုသို့မဟုတ် အသုံးမကျမှုကိုတော့မိမိ လက်မခံပဲငြင်းဆိုပါသည်။ ထို့ကြောင့် ကျွန်ုပ်သည် မြန်မာလုပ်ဖော်ကိုင်ဖက်များ၏ အသံကို ဆက်လက်ချဲ့ထွင်ပြီး အဓိပ္ပာယ်ပြည့်ဝသော အကူအညီများကို ပေးနိုင်သည့် ယုံကြည်ရလောက်သော ရန်ပုံငွေပွဲများကို အကြံပြုပါသည်။ ယခုတစ်ခါတွင်တော့ မြန်မာပြည်၌သိခွင့်ရခဲ့သောအတောက်ပဆုံးနှင့် ထက္မြက်သော လူငယ်တစ်ယောက်၏ပို့စ်တစ်ခုကို မျှဝေချင်ပါသည်။ သူနှင့်စတွေ့စဉ်ကအရပ်ဘက်လူမှုအဖွဲ့အစည်းများမှာ တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပြီး ပိုမိုကောင်းမွန်သော လုပ်ဆောင်နိုင်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းမှု၊ ပွင့်လင်းမှု၊ သည်းခံမှုရှိသည့်မြန်မာနိုင်ငံကို တည်ဆောက်လိုသောပညာတတ်လူငယ်အဖွဲ့တစ်ဖွဲ့ကို စုစည်းပြီး တက်ကြွသည့်သုတေသနစင်တာတစ်ခုကို တည်ထောင်ခဲ့ပါသည်။
သူသည်ယခုအခါ အမျိုးသားစည်းလုံးညီညွတ်ရေး အစိုးရ (NUG) တွင် ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပါသည်။အောက်ဖေါ်ပြပါပို့စ်သည် သူ၏လူမှုကွန်ယက်စာမျက်နှာတွင်တင်ထားခြင်းဖြစ်ပါသည်။ “မြန်မာနိုင်ငံတွင် ငလျင်လှုပ်ချိန်တွင်သဘာဝဘေးအန္တရာယ်အတွက် ပြီးပြည့်စုံသော အညွှန်းကဘာကြောင့်မရှိဆာလဲ။ မြန်မာနိုင်ငံကို အချိန်အတော်ကြာလေ့လာဖူးသူတိုင်း လွန်ခဲ့သည့် နှစ်လခန့်က ငလျင်ဗဟိုချက်ဖြစ်သည့် မန္တလေးရှိ ပုဂ္ဂလိက ဆေးရုံများကို စစ်အစိုးရက အတင်းအကျပ် ပိတ်ပစ်ခဲ့သည်ကို မှတ်မိကြမည်ဖြစ်သည်။ ပုဂ္ဂလိကဆေးရုံ ဆယ်ရုံကျော်ကို ပိတ်ကာ တရားစွဲဆိုခြင်းခံခဲ့ရပြီး ၎င်းတို့၏ တစ်ခုတည်းသော “ရာဇ၀တ်မှု” မှာ ၎င်းတို့သည် CDM (Civil Disobedience Movement) ဆရာဝန်များနှင့် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို ၎င်းတို့၏ ဆေးရုံများတွင်ပါဝင်လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းကြောင့် ဖြစ်သည်။
လွန်ခဲ့သည့် တစ်ပတ်ခန့်ကပင် စစ်အစိုးရသည်လူငယ်များအား အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေခြင်းဖြင့် အသက် ၁၈နှစ် မှ ၃၅ နှစ်ကြား လူငယ်များအား အကြောက်တရားများ တိုးပွားလာစေပြီး မန္တလေးမှ သိသိသာသာ ထွက်ခွာလာခဲ့ကြသည်။ ယင်းမတိုင်မီက စစ်ကိုင်းတိုင်း ဒေသကြီးရှိ အင်တာနက်ဝန်ဆောင်မှုများ၏ ၈၀ ရာခိုင်နှုန်းကို ဖြတ်တောက်ခဲ့ကြသလိုနိုင်ငံတစ်ဝှမ်းတွင်လည်းအင်တာနက်ပိတ်ပင်မှုပျံ့နှံ့နေခဲ့ပြီးထို့နောက် တွင်မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြီး ထွက်ပေါ်လာသည်။ ဤသည်မှာ ရိုင်းစိုင်းသော စစ်တပ်နှင့် ၎င်း၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်အုပ်ချုပ်မှုအား ပိုဆိုးစေသော ကပ်ဘေးတစ်ခု ဖြစ်သည်။ ထို့ကြောင့် ယခု ကျွန်တော်တို့ မျက်စိရှေ့တွင် မကြုံစဖူးသောလူသားများဝေဒနာ ခံစားနေရသည်ကို တွေ့နေရခြင်းဖြစ်သည်။
ယခုဆောင်းပါးသည် Igor Blazevic ၏ Face Book စာမျက်နှာတွင်ဖော်ပြထားသည်ကို ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။ Igor Blaževič ကို(1963 ခုနှစ် SFR ယူဂိုဆလားဗီးယားနိုင်ငံ၊ ဟာဇီဂိုဗီးနား၊ ဟာဇီဂိုဗီးနားဒေသ၊ Trebinje တွင်မွေးဖွားသည်) သည် ချက်သမ္မတနိုင်ငံ၌နေထိုင်သော ဘော့စနီးယားနွယ်ဖွားဥရောပလူ့အခွင့်အရေးလှုံ့ဆော်သူဖြစ်ပြီး One World ၏တည်ထောင်သူနှင့် သက်တမ်းကြာသောဒါရိုက်တာအဖြစ်၊ ဥရောပ၏အကြီးဆုံး[2] လူ့အခွင့်အရေးမှတ်တမ်းရုပ်ရှင် နိုင်ငံတကာရုပ်ရှင်ပွဲတော်နှင့် People in Need foundation ၏ဒါရိုက်တာဖြစ်သည်။ သူသည် ကမ္ဘာ့ဒီမိုကရေစီရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ၏ အဖွဲ့ဝင်လည်းဖြစ်သည်။ လက်ရှိတွင် သူသည် Prague Civil Society Centre တွင် ပရိုဂရမ်ဒါရိုက်တာတစ်ဦးဖြစ်သည်။ အခြားသော လှုပ်ရှားမှုများထဲတွင် သူသည် ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများအတွက် လေ့ကျင့်ရေး အစီအစဉ်၏ ဒါရိုက်တာလည်း ဖြစ်သည်။ သူသည် ၂၀၁၂ မှ ၂၀၁၅ အထိမြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းမှုဆိုင်ရာတရားမျှတမှု ဘာသာရပ်ကိုပို့ချခဲ့သူလည်းဖြစ်သည်။