ဧပြီလ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
သင်္ကြန်ပွဲတော် (ဧပြီ ၁၁ ရက်မှ ၁၇ ရက်) အတွင်း ခရီးသွားမြို့ကြီး ခုနစ်မြို့တွင် ဟိုတယ်ကြိုတင်မှာယူမှုမှာ ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ထိုင်းဟိုတယ်များအသင်း (THA) က ဧပြီ ၃ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်ဟု The Nation ကဧပြီ ၄ရက်တွင်ဖော်ပြသည်။ မတ်လ ၂၈ ရက်က မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်ပြီးနောက် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသအများအပြားတွင် သိသိသာသာ လှုပ်ခတ်သွားသည့် ငလျင်အပြီးတွင် ကြိုတင်စာရင်းသွင်းမှု ကျဆင်းရခြင်းမှာ ထိုင်းနှင့် ပြည်ပ ခရီးသွားများကြား ဘေးရန်ကင်းရေး စိုးရိမ်မှုများကြောင့် ဖြစ်သည်။ ရလဒ်အနေဖြင့် ယခုနှစ် သင်္ကြန်ပွဲတော်အတွင်း ခရီးသွား ၆၈၉,၀၀၀ ခန့် လျော့နည်းမည်ဟု THA က ခန့်မှန်းထားသည်။
THA ၏ဥက္ကဋ္ဌ Thienprasit Chaiyaphatranan က အသင်းမှ လူကြိုက်များသော ခရီးသွားနေရာ ခုနစ်ခုဖြစ်သည့် ဘန်ကောက်၊ Krabi၊ Chonburi၊ Chiang Rai၊ Chiang Mai၊ Phuket နှင့် Surat Thani တို့တွင် ဟိုတယ် ၅၂ ခုကို စစ်တမ်းကောက်ယူခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ယခုနှစ် ဧပြီလ ၁၁ ရက်မှ ၁၇ ရက်အထိ ဟိုတယ်ကြိုတင်မှာယူမှု ၂၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း စစ်တမ်းက ဖော်ပြသည်။ နိုင်ငံခြား ခရီးသွား ဧည့်သည်များ ကြိုတင်စာရင်းသွင်းမှုမှာလည်း လျော့ကျခဲ့သည်။ သင်္ကြန်ပွဲတော်အတွက် အခန်းပေါင်း ၃၂၂၄၄ ခန်းကို သီးသန့်ထားခဲ့ပြီး ယခင်နှစ် နှင့််နှိုင်းယှဉ်ပါက အလားတူကာလအတွင်း အခန်းပေါင်း ၄၂၇၆၁ ခန်းရှိခဲ့သည်။
THA သည် ၂၀၂၅ ခုနှစ် ဧပြီလတွင် နိုင်ငံခြားခရီးသွား ၂၀၆၇,၈၄၆ ဦး ထိုင်းနိုင်ငံသို့လာရောက်လည်ပတ်နိုင်ရန်လျာထားပြီး ၂၀၂၄ ခုနှစ် ဧပြီလတွင် ၂၇၅၇,၁၂၈ဦး ဝင်ရောက်မှုမှ လျော့ကျသွားကြောင်း THA မှပြောကြားပြီး ထပ်မံ၍ စီမံဆောင်ရွက်ခဲ့ပါသည်။ “COVID-19 ကပ်ရောဂါဖြစ်ပွားပြီးနောက် တိုင်းပြည်ပြန်ဖွင့်တဲ့ကာလကို အမှတ်အသားပြုထားတဲ့ ဒီနှစ်သင်္ကြန်ပွဲတော်ဟာ မနှစ်ကလောက် အသက်ဝင်မှာမဟုတ်ဘူးလို့ မျှော်လင့်ထားပါတယ်” ဟု Thienprasit မှ ပြောကြားခဲ့သည်။ ခရီးသွားကဏ္ဍ အထူးသဖြင့် ပြည်တွင်းဈေးကွက်ကို အမြန်လှုံ့ဆော်ရန်နှင့် ပိုမိုမြင်သာထင်သာသောရလဒ်များရရှိစေရန် ခရီးသွားထောက်ပံ့မှုအစီအစဉ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် ၎င်းက အစိုးရအား တိုက်တွန်းခဲ့သည်။
အထူးသဖြင့် ငလျင်လှုပ်ပြီးနောက် ဟိုတယ်များနှင့်ပတ်သက်သည့် ခရီးသွားများ၏ ဘေးကင်းရေးဆိုင်ရာ စိုးရိမ်မှုများကို ဖြေရှင်းရန်အတွက် THA သည် သက်ဆိုင်ရာအာဏာပိုင်များမှ စစ်ဆေးမှုများပြုလုပ်သည့် ဟိုတယ်များအတွက် လုံခြုံရေးဆိုင်ရာ လက်မှတ်စတစ်ကာကို အဆိုပြုထားသည်။ ၎င်းသည် ပြည်သူ့ကျန်းမာရေးစံနှုန်းများနှင့်ကိုက်ညီသည့် အဆောက်အအုံများအတွက် COVID-19 ကူးစက်ရောဂါကာလအတွင်း ထုတ်ပြန်ခဲ့သော SHA+ စတစ်ကာများနှင့် ဆင်တူသည်။ အမေရိကန်အစိုးရ၏ မကြာသေးမီက အခွန်စည်းကြပ်မှုသည် ထိုင်းနိုင်ငံသို့ အမေရိကန်ခရီးသွားများ ခရီးသွားလာမှုကို လျှော့ချနိုင်သည်ဟု Thienprasit မှ မှတ်ချက်ပြုခဲ့သည်။
“အမေရိကန်တွေဟာ မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေအပေါ် များများသုံးစွဲဖို့ အလားအလာရှိတာကြောင့် နိုင်ငံခြားကို ခရီးတွေ နည်းပါးသွားနိုင်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။ “ဒီမူဝါဒက ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်စေရုံသာမကဘဲ အမေရိ ခရီးသွားတွေကြား ရေပန်းစားတဲ့ အခြားနိုင်ငံများကိုပါ သက်ရောက်မှုရှိမှာဖြစ်ပါတယ်။ သက်ရောက်မှုအပြည့်အဝကို ချက်ချင်း မခံစားရနိုင်ပေမယ့်လည်း နောက် ၅-၆ လအတွင်းမှာ ပိုပြီး ထင်ရှားလာနိုင်ပါတယ်။”ဟုသူကဆက်ပြောသည်။