ထိုင်းနိုင်ငံတော် စာရင်းစစ်ချုပ်ရုံးပြိုကျရာ၌ ကွယ်လွန်ခဲ့သူ မြန်မာအမျိုးသမီးအသုဘပြုလုပ်

ဧပြီလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ဆောက်လုပ်ဆဲ နိုင်ငံတော်စာရင်းစစ်ရုံး အဆောက်အဦပြိုကျမှုကြောင့် ၉ ယောက်မြောက် သေဆုံးခဲ့ရသည့် မြန်မာအမျိုးသမီး မစိန်စိန်ညွန့်၏ ဈာပနအခမ်းအနားကို ဧပြီလ ၅ ရက်နေ့က နွန်သာဘူရီခရိုင် Wat Bang Muang တွင် ကျင်းပခဲ့သည်ဟု Khaosod သတင်းကဖော်ပြသည်။ စျာပနသို့ အလုပ်ရှင်နှင့် လုပ်ဖော်ကိုင်ဖက် ၃၀၀ နီးပါး တက်ရောက်ခဲ့သည်။


မစိန်စိန်ညွန့်သည် S.A. Construction 2008 ကုမ္ပဏီတွင် အခြား မြန်မာနိုင်ငံသား ၁၀ ဦးနှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ပို့ဆောင်ရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သည်။

အလောင်းကို တာဝန်ရှိသူများက ရှာဖွေတွေ့ရှိထားပြီး ၎င်း၏ လုပ်ဖော်ကိုင်ဖက် နှစ်ဦးမှာ ဦးကိုကို အသက် ၃၆ နှစ်နှင့် ဦးသန်းတိုးအောင် အသက် ၃၂ ​​နှစ်တို့ ဖြစ်သည်။

ဆွေမျိုးများနှင့် အလုပ်ရှင်များက ၎င်းတို့၏ ဓာတ်ပုံများနှင့် မစိန်စိန်ညွန့်ဓာတ်ပုံကိုတင်ထားသော်လည်း ၎င်းတို့၏ အလောင်းအား မှုခင်းဆေးဌာနမှပြန်လည်ရရှိရန်စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။

ကျန် ၈ ဦး ပျောက်ဆုံးနေသော်လည်း ၎င်းတို့၏ ဓာတ်ပုံများကို ဘုရားကျောင်းတွင် တင်ထားပြီးဖြစ်သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *