“ကျနော်တို့သည် ကမ္ဘာ့အစိုးရမဟုတ်ပါ” ဟု Marco Rubio ကဆို အိန္ဒိယ၊ တရုတ်ကဲ့သို့ ချမ်းသာသောနိုင်ငံများက မြန်မာနိုင်ငံ ငလျင်ကယ်ဆယ်ရေးအတွက် အကူအညီပေးရန် တောင်းဆိုခဲ့

ဧပြီလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကဲ့သို့ချမ်းသာသည့်နိုင်ငံများကမြန်မာနိုင်ငံကို မကြာသေးမီက ငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍သိသိသာသာ လှူဒါန်းကြရန်မေတ္တာရပ်ခံလိုက်သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများတွင် နိုင်ငံတကာမှ ပိုမိုကျယ်ပြန့်စွာ ပါဝင်ကူညီရန် ၎င်းက တောင်းဆိုခဲ့သည်။ Brussels ရှိ နေတိုးဌာနချုပ်တွင် စကားပြောနေစဉ် Rubio က လူသားချင်းစာနာထောက်ထားမှုအကူအညီဆိုင်ရာ အမေရိကန်၏ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

“ကျနော်တို့ဟာ ကမ္ဘာ့အစိုးရမဟုတ်ပါ” ဟု သူကဆိုသည်။ “ကျနော်တို့က အကူအညီတွေ ပေးမှာပါ.. ဒါပေမယ့် မျှတအောင် လုပ်ရမဲ့ တခြား လိုအပ်ချက်တွေ ရှိတယ်” ဟုUSAID ၏ ​လျှော့ချမှုနှင့် ပတ်သက်သည့် မေးခွန်းများကို ဖြေကြားရာတွင် နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ဦးဆောင်မှု ကြောင့် မြန်မာနိုင်ငံတွင်ကယ်ဆယ်ရေးလုပ်ငန်းဆိုင်ရာ အတားအဆီးများ ရှိနေကြောင်း ပြောကြားခဲ့သည်။ “ဒါက အလုပ်လုပ်ဖို့ အလွယ်ဆုံးနေရာတော့ မဟုတ်ဘူး။ သူတို့က ကျနော်တို့လိုချင်တဲ့ပုံစံအတိုင်း အဲဒီနိုင်ငံမှာ လည်ပတ်ဖို့ မလိုအပ်ပါဘူး။”ဟုလည်းသူကဆိုသည်။


တခြားချမ်းသာသည့်တဲ့နိုင်ငံများ တက်လာရမည်ဟု Rubio က မီးမောင်းထိုးပြခဲ့ပါသည်။ “တရုတ်ဟာ အလွန်ချမ်းသာတဲ့နိုင်ငံဖြစ်ပြီး အိန္ဒိယဟာ ချမ်းသာတဲ့နိုင်ငံပါ။ လူတိုင်းပါဝင်သင့်တယ်။ ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုအကူအညီရဲ့ ၆၀ မှ ၇၀ ရာခိုင်နှုန်းကို အမေရိကန်က ဆက်ပြီးပံ့ပိုးပေးဖို့ မျှော်လင့်တာ မမျှတပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်ပြီးနောက် ဘေးအန္တရာယ်ဖြစ်ပွားပြီး နာရီပိုင်းအတွင်း ဗြဟ္မာစစ်ဆင်ရေးကို စတင်လုပ်ဆောင်သည့် ပထမဆုံးသော တုံ့ပြန်မှုတစ်ခုဖြစ်သည်။

C-130J လေယာဉ်သည် အစားအစာ၊ ရွက်ဖျင်တဲများ၊ စောင်များနှင့် မရှိမဖြစ်လိုအပ်သော ဆေးဝါးများ အပါအဝင် ကယ်ဆယ်ရေးစခန်း ၁၅ တန်ကို ပထမအဆင့် ပို့ဆောင်ပေးခဲ့သည်။ နောက်ထပ် အိန္ဒိယလေတပ်လေယာဉ်နောက်တွင် NDRF အမှုထမ်း ၈၀ နှင့် အထူးပြုကိရိယာများ တင်ဆောင်လာသည်။ ထို့အပြင် အရှေ့ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်နှင့် အန်ဒမန်နှင့် နီကိုဘာစစ်ဌာနချုပ်တို့မှ ရေတပ်သင်္ဘောများဖြင့် နောက်ထပ်အကူအညီတန်ချိန် ၇၀ ကိုလည်း ပို့ဆောင်ပေးခဲ့သည်။ ဧပြီလ ၁ ရက်နေ့အထိ အိန္ဒိယနိုင်ငံသည် ဆန်၊ ဆီ၊ ခေါက်ဆွဲနှင့် ဘီစကွတ်များအပါအဝင် စားနပ်ရိက္ခာ မက်ထရစ်တန် ၄၄၂ တန်ကို မြန်မာသီလဝါဆိပ်ကမ်းသို့ ပို့ဆောင်ပေးခဲ့သည်။

ပြည်ပရေးရာ ဝန်ကြီးဌာန၏ အဆိုအရ “အိန္ဒိယသည် မြေပြင်အဆင့် လိုအပ်ချက်များပေါ်မူတည်၍ အထောက်အပံ့ပစ္စည်းများ ပိုမိုဖြန့်ကျက်ရန် အဆင်သင့်ရှိပါသည်။ဗြဟ္မာစစ်ဆင် သည် ၎င်း၏ အနီးနားရှိ သဘာဝဘေးအန္တရာယ်များကို လျင်မြန်စွာ အပြည့်အဝ တုံ့ပြန်ရန် အိန္ဒိယ၏ ကတိကဝတ်ကို ထင်ဟပ်စေသည်”ဟုလည်းဆိုသည်။ Quad နိုင်ငံများဖြစ်ကြသော အိန္ဒိယ၊ ဂျပန်၊ အမေရိကန်နှင့် ဩစတေးလျ တို့သည် နှစ်ဘက်လမ်းကြောင်းများမှတစ်ဆင့် ဆေးဝါးအကူအညီနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ပံ့ပိုးပေးခြင်းဖြင့် ယခုအချိန်အထိ အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် အကူအညီပေးမည်ဟု ကတိပြုထားသည်။

အဲမောင်း
Financial Express တွင်ဖော်ပြသည့်‘We are not govt of the world’: Marco Rubio asks ‘rich countries’ like India, China to also pitch in for Myanmar quake relief support ကိုပြန်ဆိုသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *