မြဝတီအွန်လိုင်းငွေလိမ်ဂိုဏ်းမှာ အလုပ်လုပ်ခဲ့သည့် တရုတ် ၇ဦးကို မဲဆောက်မှာထပ်ဖမ်းမိ

ဧပြီလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံထဲသို့တရားမဝင် ခိုးဝင်လာသည့် အွန်လိုင်းငွေ လိမ်ဂိုဏ်းများတွင်လုပ်ကိုင်နေသောတရုတ်နိုင်ငံသား ၇ ဦးကိုမဲဆောက်မြို့တွင် ဖမ်းဆီးလိုက်ကြောင်း Khaosod သတင်းကမတ်လ ၈ရက်တွင်ဖော်ပြသည်။
လျှပ်စစ်မီးနှင့် လေအေးပေးစက်များ ပြတ်တောက်ပြီးနောက် သည်းမခံနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာချိန်တွင် ကရင်ပြည်နယ် မြဝတီမြို့ရှိ အသက် ၁၈ နှစ်မှ ၂၈ နှစ်ကြား အလုပ်သမားများသည် ၎င်းတို့၏ လုပ်ငန်းခွင်မှ ထွက်ပြေးခဲ့ကြသည်။ တာ့ခရိုင် မဲဆောက်မြို့ ဘန်ရိုင်ဒွန်ချိုင်းအနီး တောအုပ်တစ်ခုတွင် သံသယရှိသူများကို ရတ်ချမန်နု အထူးတပ်ဖွဲ့က ဧပြီ ၇ ရက်က ဖမ်းဆီးခဲ့သည်။

ပတ်စပို့ သို့မဟုတ် သက်သေခံစာရွက်စာတမ်းများ ကိုင်ဆောင်ထားခြင်းမရှိသဖြင့်ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အရေးယူနိုင်ရန် တာ့ခ်လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *