ဧပြီလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ပြီးခဲ့သည့်လက မြန်မာနိုင်ငံ စစ်ကိုင်းပြတ်ရွေ့တစ်လျှောက် ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု ၃၉၄ ခုအထိ မှတ်တမ်းဝင်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာန (TMD) မှ သိရသည်ဟု The Nation သတင်းကဧပြီ ၈ရက်နေ့တွင်ဖော်ပြသည်။ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန် မန္တလေးမြို့တွင် ပြင်းအား ၈ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ကို ထိခိုက်ခဲ့ကြောင်း TMD မြေငလျင်စောင့်ကြည့်ရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။
ဧပြီ၈ရက်နေ့ နံနက် ၇ နာရီအထိ ပြင်းအား ၂ ဒသမ ၇ အဆင့်ရှိ နောက်ဆက်တွဲ လှုပ်ခတ်မှုမှာ ထိုင်းနိုင်ငံအပေါ် သက်ရောက်မှု မရှိခဲ့ကြောင်း အဆိုပါဌာနက အတည်ပြုခဲ့သည်။ (ဧပြီ ၇ မှ ၈ ရက်) အတွင်း ထိုင်းနိုင်ငံတွင် ငလျင် ၃၉ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း အဆိုပါဌာနက သတင်းထုတ်ပြန်ထားသည်။ ယင်းတို့အနက် ပြင်းအား ၁.၀ နှင့် ၂.၉ ကြားရှိ ငလျင် ၃၅ ကြိမ်၊ ပြင်းအား ၃.၀ နှင့် ၃.၉ ကြားတွင် လေးခုရှိသည်။ တစ်ချိန်တည်းတွင်၊ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) သည် မြို့တော်အတွင်း ငလျင်ဒဏ်သင့်သူများကို အကူအညီပေးရန်အတွက် လမ်းညွှန်ချက်ထုတ်ပြန်ထားသည်။