DSI က China Railway ၏ ထိုင်းရှယ်ယာရှင်များအား ပြိုကျမှု စုံစမ်းစစ်ဆေးရေးတွင် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုထား

ဧပြီလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်မှုအတွင်း ပြိုကျခဲ့သည့် နိုင်ငံတော်စာရင်းစစ်ချုပ်ရုံး (SAO) ရုံးချုပ်ကို ဆောက်လုပ်ရန်အတွက် ကုမ္ပဏီအား ဘတ်ငွေ ၂.၁ ဘီလီယံတန် စာချုပ်ချုပ်ဆိုခဲ့သည်။ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) မှ China Railway Number 10 (Thailand) Ltd ၏ ထိုင်းအစုရှယ်ယာရှင် (၃)ဦးအား ဘန်ကောက်မြို့ Chatuchakမြို့နယ်ခွဲ ရှိ ပြိုကျသည့် အဆောက်အအုံနှင့် ပတ်သက်သည့် အချက်အလက်များကို စုံစမ်းစစ်ဆေးသူများထံ တင်ပြပေးရန် တောင်းဆိုထားသည်ဟု The Nation သတင်းကဧပြီ၈ရက်တွင်ဖော်ပြသည်။ မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်စဉ်အတွင်း ပြိုကျခဲ့သော နိုင်ငံတော်စာရင်းစစ်ချုပ်ရုံး (SAO) အတွက် ရုံးချုပ်အသစ် ဆောက်လုပ်ရန် ဘတ်ငွေ ၂.၁ ဘီလီယံတန် စာချုပ်ကို ကုမ္ပဏီက ပေးအပ်ခဲ့သည်။

အခင်းဖြစ်ပွားပြီးနောက် DSI မှ ကန်ထရိုက်တာများအား စုံစမ်းစစ်ဆေးမှုကို အထူးကိစ္စရပ်အဖြစ် လက်ခံခဲ့သည်။ ဧပြီ၇ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း DSI ပြောရေးဆိုခွင့်ရှိသူ Woranan Srilam က အာဏာပိုင်များထံမှ ပုန်းလျှိုးကွယ်လျှိုးနေမည့်အစား ကုမ္ပဏီ၏ အစုရှယ်ယာရှင်များသည် စုံစမ်းစစ်ဆေးသူများထံ သတင်းအချက်အလတ်များ ပေးပို့သင့်သည်ဟု ပြောကြားခဲ့သည်။ ကုမ္ပဏီ၏ ရှယ်ယာအများဆုံးပိုင်ဆိုင်သူမှာ တရုတ်နိုင်ငံမှ China Railway Number 10 Engineering Group ကုမ္ပဏီဖြစ်ပြီး ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ ကျန် ၅၁ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသား သုံးဦးဖြစ်သည့် Sophon Meechai၊ Prachub Sirikhaate နှင့် Manas Sri-anan တို့ကပိုင်ဆိုင်ကြသည်။

ငွေကြေးခဝါချမှု စွဲချက္များအတွက် ဆုံးဖြတ်ရန် စုံစမ်းစစ်ဆေးမှု တိုးချဲ့သွားမည်ဖြစ်ကြောင်း Woranan မှ ပြောကြားခဲ့သည်။ လေလံဆွဲရာတွင် လိမ်လည်မှုပြဿနာများ ပေါ်ပေါက်ပါက ငွေကြေးခဝါချမှုဥပဒေနှင့် ပတ်သက်သည့် ပြစ်မှု ၂၈ မျိုးကို ကျူးလွန်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ “အစုရှယ်ယာရှင်တွေက သံသယမဖြစ်သေးပေမယ့် ဒီလိုအကြီးစားစီးပွားရေးလုပ်ငန်းတွေမှာ သူတို့ရဲ့ ပါဝင်ပတ်သက်မှုကို စုံစမ်းစစ်ဆေးဖို့ ရည်ရွယ်ထားပါတယ်” ဟု Woranan မှ ပြောကြားခဲ့သည်။ အဆိုပါနေရာအား စုံစမ်းစစ်ဆေးမှုများနှင့်ပတ်သက်၍ DSI သည် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာဌာနများဖြစ်သည့် ပြည်သူ့ဆောက်လုပ်ရေးနှင့် မြို့ပြစီမံကိန်းနှင့် ထိုင်းစက်မှုစံနှုန်းဌာန (TISI) တို့နှင့်အတူ နယ်မြေစစ်တမ်းကောက်ယူရန် ပြင်ဆင်လျက်ရှိသည်။

“သို့သော် သက်ဆိုင်ရာအေဂျင်စီများသည် လက်ရှိတွင် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်နေသောကြောင့် သက်သေအထောက်အထားများနှင့် သက်သေဆိုင်ရာကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်ရာတွင်လည်း ပူးပေါင်းဆောင်ရွက်ရမည်” ဟု Woranan မှ ပြောကြားခဲ့သည်။ အဆောက်အအုံပြိုကျမှုတွင် အထောက်အကူဖြစ်စေသည်ဟု ယူဆရသည့် ဆောက်လုပ်ရေးပရောဂျက်တွင် အသုံးပြုသည့် သံမဏိတုံးများ၏ အရည်အသွေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို DSI က TISI သို့ တောင်းခံထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *