ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ရွာတစ်ရွာတွင် ပြင်းထန်စွာ လှုပ်ခတ်ခဲ့သော မြန်မာ့ငလျင်ကြောင့် တွင်းများ ပေါ်ထွက်လာ

ဧပြီလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်ရှိ ရွာငယ်တစ်ရွာတွင် မတ်လ ၂၈ ရက်က မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် တွင်း ၆ တွင်း ထွက်ပေါ်လာခဲ့သည်ဟု The Strait Times သတင်းက ဧပြီ ၈ရက်တွင်ဖော်ပြသည်။ ခွန်ယွမ်မြို့ဘန်မဲဆူရင်ကျေးရွာတွင် တွေ့ရှိရသည့်တွင်းများသည် အချင်း ၂ မီတာမှ ၃၀ မီတာအထိ ရှိသည်။ ၎င်းတို့သည် လှုပ်ရှားနေသော မယ်ဟောင်ဆောင်ပြတ်ရွေ့ကြောတစ်လျှောက် မြောက်-တောင်ဘက်သို့ အစုလိုက်အပြုံလိုက်ဖြစ်နေကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။


တွင်းများအတွင်းရှိ မြေဆီလွှာတွင် ရွှံ့စေးနှင့် သဲများ ပေါင်းစပ်ပါဝင်ပြီး အတွင်းတွင် စုပုံနေသော ရေများသည် မဲညစ်နေသည်။ တွင်းများ၏နှုတ်ခမ်းများသည်ကတော့ပုံသဏ္ဍာန်ဖြစ်ပြီး၊ မြေလွှာအလွှာများသည် အောက်ဘက်တွင် အပျက်အစီးများအဖြစ်သို့ ဒေါင်လိုက်ပြိုကျသွားကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံတွင် ရစ်ခ်ျတာစကေး ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၄၀၀၀ နီးပါး သေဆုံးပြီး အဆောက်အဦ အများအပြား ပြိုကျပျက်စီးကာတွင်းများသည်နိုင်ငံတွင် ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်တွင်ဆောက်လုပ်ဆဲ မိုးမျှော်တိုက် ပြိုကျပြီး အလုပ်သမား ဒါဇင်နှင့်ချီ သေဆုံးခဲ့သည်။ အာဏာပိုင်များကတွင်းများအနီးတွင် နေထိုင်သူများအား ခြံစည်းရိုးနှင့် သတိပေးဆိုင်းဘုတ်များ ထားရန် ညွှန်ကြားထားသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *