ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်တွင်တိုက်ပွဲများပြင်းထန်နေသဖြင့် ထိုင်းနိုင်ငံထဲသို့ ဒုက္ခသည်များထပ်မံရောက်ရှိလာ

ဧပြီလ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

မြန်မာစစ်တပ်နှင့် KNLA တပ်ဖွဲ့တို့ ဧပြီလ ၁၈ ရက်မှစတင်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာဒုက္ခသည်များ ထိုင်းဘက်သို့ ပိုမိုဝင်ရောက်လာကြောင်း ထိုင်းတပ်မတော် Rachamanu Task Force မှ သတင်းထုတ်ပြန်ထားသည်ဟု Khaosod သတင်းက ဧပြီ ၁၉ ရက်ကဖော်ပြသည်။


ကော့ကရိတ်မြို့နယ်နှင့်ထိစပ်နေသည့်ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်မြို့နယ်နဲ့ ကီလိုမီတာ ၅၀ ခန့်အကွာ ဘန်တလွေတုံဒေသတွင် ဧပြီ ၁၈ရက်နေ့နံနက်ပိုင်းမှ စတင်၍ မြန်မာစစ်တပ်မှ ဗုံးကြဲလေယာဉ် (YAK-130 အမျိုးအစား) လေယာဉ်ကို အသုံးပြုခဲ့သည်။

ယင်းနောက် နေ့လယ် ၁၂း၃၀ နာရီခန့်တွင် KNLA တပ်ဖွဲ့ဝင်များ ဝိုင်းရံထားရာ နယ်စပ်မှ ၂ ကီလိုမီတာခန့်အကွာ ကရင်ပြည်နယ် မြဝတီမြို့နယ် ဘန်မောပါဆူတွင် မြန်မာစစ်သားများအား လက်တုံ့ပြန်သည့်အနေဖြင့် ဗုံးကြဲရန်အတွက် ဒရုန်းများဖြင့်ပျံဝဲခဲ့ကြသည်ဟုသတင်းကဆိုသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *