မေလ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ရခိုင်ပြည်နယ်သို့ အရေးပေါ် ကယ်ဆယ်ရေး အကူအညီများ ပေးပို့ရန် လူသားချင်း စာနာထောက်ထားမှု စင်္ကြံအပေါ် အငြင်းပွားမှုများနှင့် ကန့်ကွက်မှုများကြားတွင် ဘင်္ဂလားဒေ့ရှ် အမျိုးသား လုံခြုံရေး အကြံပေး Khalilur Rahman က ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံနှင့် မည်သည့် ကြားခံစစ်ပွဲတွင်မှ ပါဝင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု BD News 24 သတင်းဌာနကမေလ ၅ရက်တွင်ဖော်ပြသည်။ မေလ ၄ရက်နေ့က ဒါကာမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကျွမ်းကျင်ပညာရှင်များ တက္ကသိုလ် (BUP) တွင် ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေး နှီးနှောဖလှယ်ပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ရိုဟင်ဂျာအရေးနှင့် ဦးစားပေးကိစ္စများအတွက် ကိုယ်စားလှယ်လည်းဖြစ်သည့် Khalilur က “ကျနော်တို့ကအမေရိကန်ကိုယ်စား ကြားခံစစ်ပွဲဆင်နွှဲမယ်ဆိုရင် ဘယ်သူက သားကောင်ဖြစ်မလဲ “ဟုလည်းပြောကြားသည်။ “တရုတ်က ဘာမှမပြောရင် တခြားနေရာတွေက ဘာလို့ မမှန်မကန် သတင်းတွေ တက်လာတာလဲ”ဟုလည်းသူကဆက်ပြောသည်။ ဘင်္ဂလားဒေ့ရှ်၏ အရှေ့ဘက် အိမ်နီးချင်း မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်မှ စတင်ကာ စစ်အစိုးရနှင့် သူပုန်တပ်ဖွဲ့များကြား ပြည်တွင်းစစ်ကြောင့် ပြိုကွဲနေခဲ့သည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ရက္ခိုင့်တပ်မတော်က ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကပ်လျက် ရခိုင်ပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်ခဲ့ပြီး မြန်မာစစ်အစိုးရက ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်းကိုသာ ထိန်းချုပ်ထားနိုင်ခဲ့သည်။ ရခိုင်ပြည်နယ်တွင် စစ်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေချိန်တွင် “ရခိုင်-အငတ်ဘေး ” ခေါင်းစဉ်ဖြင့် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) က လွန်ခဲ့သည့်နှစ် နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။ ရခိုင်ပြည်နယ်သည် မကြာမီကာလအတွင်း ငတ်မွတ်ခေါင်းပါးမှုအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပြီး ၂၀၂၅ ခုနှစ် မတ်လနှင့် ဧပြီလတို့တွင် ဒေသတွင်းစားနပ်ရိက္ခါထုတ်လုပ်နိုင်မှုသည်လူဦးရေ၏ ၂၀ ရာခိုင်နှုန်းသာ ဖြည့်ဆည်းပေးနိုင်မည်ဟု ခန့်မှန်းထားသည်။
ရခိုင်ပြည်နယ်တွင်မျိုးစေ့နှင့် ဓာတ်မြေသြဇာများ ရှားပါးခြင်း၊ ရာသီဥတုဆိုးရွားခြင်းနှင့် နေရာရွှေ့ပြောင်းခြင်းတို့ကြောင့် စပါးအထွက်နှုန်း လျင်မြန်စွာ ကျဆင်းနေပါသည်။ ကုန်သွယ်မှု ရပ်တန့်လုနီးပါး ဖြစ်နေသဖြင့် ယခုအခါ လူပေါင်း နှစ်သန်းခန့် ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်နှင့် ရင်ဆိုင်နေကြရသည်။ ရခိုင်နယ်မြေသည် ရက္ခိုင့်တပ်မတော် ထိန်းချုပ်မှုအောက်တွင် ရှိနေသော်လည်း ယင်းဒေသသို့ ဝင်ရောက်ခွင့် ပေးသည့် တစ်ခုတည်းသော ဆိပ်ကမ်းကို မြန်မာစစ်အစိုးရမှ ချုပ်ကိုင်ထားခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းသို့ ပြည်တွင်းနှင့် နိုင်ငံတကာ ကုန်စည်များ ဝင်ရောက်မှု ပိတ်ဆို့သွားကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဤအခြေအနေသည် လူတို့၏ဘဏ္ဍာရေးအကျပ်အတည်းနှင့် ကြီးမားသောငွေကြေးဖောင်းပွမှုတို့အပြင် ဝင်ငွေနှင့် ပြည်တွင်းစားနပ်ရိက္ခာထုတ်လုပ်မှု နှစ်ခုစလုံးတွင် သိသာထင်ရှားစွာ ကျဆင်းသွားခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ၏ ဒါကာသို့ သွားရောက် လည်ပတ်ပြီးနောက် “လူသားချင်း စာနာထောက်ထားမှု စင်္ကြံ” ဆိုင်ရာ စိတ်ကူးကိုဖေဖော်ဝါရီ ၇ ရက်က နယူးယောက်တွင် ဂူတာရက်စ်နှင့် ဆွေးနွေးရာတွင် အဆိုပြုထားသည့် လူသားချင်းစာနာထောက်ထားမှု လမ်းကြောင်းတွင် ဘင်္ဂလားဒေ့ရှ်၏ အခန်းကဏ္ဍကို ပထမဆုံး ထုတ်ဖော်ခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
“ရခိုင်တပ်မတော်၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ မြန်မာအစိုးရနဲ့ ဆွေးနွေးတိုင်ပင်ပြီးနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ ချဉ်းကပ်ခဲ့ပါတယ်”ဟုသတင်းစာရှင်းလင်းပွဲမှာ Khalilurက ပြောသည်။ ၎င်း၏ထုတ်ပြန်ချက်အပြီး သုံးပတ်ခန့်အကြာတွင် နိုင်ငံခြားရေးဝန်ကြီး Touhid Hossain က “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတစ်ခု” ပေးအပ်ရန် မြန်မာအစိုးရသည် “မူအရ ဆုံးဖြတ်ချက်” ချမှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဧပြီလ ၈ ရက်နေ့တွင် ပထမဆုံး အဆိုတင်သွင်းခဲ့သည်။ ၎င်း၏ ထုတ်ပြန်ချက်သည် နိုင်ငံရေးနယ်ပယ်တွင် အခြေအတင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပါတီများက ကြားဖြတ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရန် ဦးဆောင်ခဲ့သည်။
BNP ခေါင်းဆောင် Mirza Fakhrul Islam Alamgir က “လူသားချင်းစာနာထောက်ထားမှုစင်္ကြံ” နှင့်ပတ်သက်ပြီးအစိုးရ၏ဆုံးဖြတ်ချက်သည်ဘင်္ဂလားဒေ့ရှ်၏လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကိုခြိမ်းခြောက်လိမ့်မည်ဟုပြောကြားခဲ့သည်။ နိုင်ငံရေး ပါတီများမှ အတိုက်အခံများ နှင့် ရင်ဆိုင်ရချိန်တွင် အကြံပေး အရာရှိချုပ် ၏ သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး Shafiqul Alam က မြန်မာအစိုးရသည် ကုလသမဂ္ဂ သို့မဟုတ် အခြားသော အဖွဲ့အစည်း များနှင့် “လူသားချင်း စာနာထောက်ထားမှု စင်္ကြံ” ကို ဆွေးနွေးခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးစင်္ကြံတည်ဆောက်ရာတွင်ကုလသမဂ္ဂက ပါဝင်ဆောင်ရွက်မယ်ဆိုပါကဘင်္ဂလားဒေ့ရှ်နှင့်မြန်မာ အစိုးရနှစ်ရပ်စလုံးရဲ့ ခွင့်ပြုချက် လိုအပ်မည်ဟုဒါဿရှိကုလသမဂ္ဂရုံးက ပြောသည််။
မေလ ၂ရက်နေ့နှောင်းပိုင်းတွင် Shafiqul က Chattogram ၌ သတင်းထောက်များအား “ကုလက စတင်လုပ်ဆောင်ပါက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံကို ကျွန်ုပ်တို့သဘောတူပါသည်ဟုပြောကြားသည်။ “ကုလက ဆောင်ရွက်တဲ့အခါမှာ ဆုံးဖြတ်ချက်မချခင် မြန်မာအစိုးရနဲ့ ကျနော်တို့ အပါအဝင် သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံးကို တိုင်ပင်ဆွေးနွေးသွားမယ်”ဟုလည်းသူကဆိုသည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်သည် လူသားချင်းစာနာထောက်ထားမှုစင်္ကြံကို ကူညီဆောင်ရွက်ပေးရာတွင် ၎င်း၏အခန်းကဏ္ဍမှတစ်ဆင့် မြန်မာနိုင်ငံတွင်ကြားခံ” စစ်ပွဲ၌ ပါဝင်ပတ်သက်နေမည်ကို စိုးရိမ်မှုများ ထွက်ပေါ်လာခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အိန္ဒိယမီဒီယာတစ်ခုမှ ထုတ်ဝေသည့် ဆောင်းပါးတစ်ပုဒ်သည် သိသိသာသာ အာရုံစိုက်လာခဲ့သည်။ Khalilur က အဆိုပါစိုးရိမ်မှုများကို “ကောလာဟလများနှင့် သတင်းမှားများ” အဖြစ် ပယ်ချခဲ့ပြီး ဘင်္ဂလားဒေ့ရှ်သည် မြန်မာ၏ ပြည်တွင်းပဋိပက္ခသို့ ဆွဲငင်ခံနေရသည်ဟူသော အယူအဆကို ပယ်ချခဲ့သည်။“လူသားချင်းစာနာထောက်ထားမှုစင်္ကြံမှာ ဘယ်ပါတီနဲ့မှ သဘောတူညီမှု မရသေးဘူး”ဟုလည်း သူက ပြောသည်။