မေလ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မေလ ၆ ရက်နေ့တွင် သီရိလင်္ကာနိုင်ငံသား ၁၅ ဦးကို မြန်မာနိုင်ငံမြဝတီမြို့မှကယ်ဆယ်ရန်စီစဥ်နေကြောင်းသီရိလင်္ကာနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်ဟု အစိုးရ၏တရားဝင်သတင်းဌာန News LK ကမေလ၅ရက်တွင်ဖော်ပြသည်။
၎င်းတို့၏လေယဥ် လက်မှတ်ခများနှင့် ပြည်တွင်း သယ်ယူပို့ဆောင်ရေးစရိတ်များအား IOM Thailand မှ ပေးဆောင်မည်ဖြစ်သည်။ စီစဉ်မှုအားလုံးကို တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် လူဝင်မှုကြီးကြပ်ရေးတို့ ပူးပေါင်းညှိနှိုင်းပြီး MFA Thailand မှတဆင့် ဆောင်ရွက်ခဲ့ပါသည်။