မေလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
တာ့ခ်ခရိုင် မဲဆောက်မြို့၌ မေလအ ၆ ရက်နေ့ မနက် ၈ နာရီ ၁၈ မိနစ်က အင်္ကျီမပါသည့်သေနတ်သမားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါကြောင်းက Khaosod သတင်းကဖော်ပြသည်။
စိတ်အနှောက်အယှက်ဖြစ်နေပုံရသောယင်း အမျိုးသားသည် ပစ်ကပ်ထရပ်ကားကိုမောင်းနှင်လာပြီး မဲရမတ်မြို့တွင် နံနက် ၁ နာရီ ၃၀ ခန့်က ရိုင်ဖယ်သေနတ်ဖြင့် ကားပေါ်မှဆင်းလာကာ ရိုင်ဖယ်သေနတ်ဖြင့်တွေ့ရာမြင်ရာကိုကြုံရာကျပန်း ပစ်ခတ်ခဲ့သည်။
ပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ရူးသွပ်နေပုံပေါ်သည့်ယင်း အမျိုးသားအား ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။