မေလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ကဗျာဆရာ၊ စာရေးဆရာ မောင်ခိုင်အောင် (ခေါ်) ဝါရင့်ရခိုင့်နိုင်ငံရေးသမား ဦးဦးလှစော ဟာ မေလ ၅ ရက် ညပိုင်း ၁၁ နာရီ ကျော်က ကွယ်လွန်သွားတယ်လို့ သူ့ရဲ့မိတ်ဆွေရင်းတချို့က အတည်ပြုတယ်လို့ BBC သတင်းကမေလ ၆ရက်မှာဖော်ပြပါတယ်။
မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်တဲ့သူဟာ ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်ရှိပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က ဆေးကုသမှုခံယူနေတဲ့ လည်ချောင်းကင်ဆာနဲ့ ဆေးရုံမှာကုသမှုခံယူနေရင်း ဆုံးပါးခဲ့တာလို့ သိရပါတယ်။
၂၀၂၁ နောက်ပိုင်းကာလမှာ ULA/AA (ရခိုင်အမျိုးသားအဖွဲ့ချုပ်) ရဲ့ နိုင်ငံရေးမှူးတာဝန်ယူထားတဲ့ ဦးဦးလှစောဟာ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်တစ်ဦးအဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။