မေလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
အမေရိကန်ပြည်ထောင်စုကလူမှောင်ခိုကူးမှုနှင့် နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးသန်းရောင်းဝယ်မှုများနှင့်ဆိုက်ဘာလိမ်လည်မှုများကို နှိမ်နှင်းရန်အတွက်မြန်မာနိုင်ငံမှ စစ်ဘုရင်တစ်ဦး၊ ၎င်း၏သားနှစ်ဦးနှင့် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးတို့ကို ပစ်မှတ်ထားကာ ပိတ်ဆို့အရေးယူမှုအသစ်များကိုမေလ ၅ ရက်တွင် ချမှတ်လိုက်ကြောင်း ဘဏ္ဍာရေးဌာနက ပြောသည်ဟာ CNA သတင်းကမေလ ၆ရက်တွင်ဖော်ပြသည်။
ကရင်အမျိုးသားတပ်မတော်မှ စောချစ်သူနှင့် ၎င်း၏သားနှစ်ဦးဖြစ်သည့် စောထူးအယ်မူးနှင့် စောချစ်ချစ်တို့အပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါဌာနက ထုတ်ပြန်သည်။ စောချစ်သူ ဦးဆောင်သော ကရင်အမျိုးသား တပ်မတော်သည် ထိုင်း-မြန်မာနယ်စပ်တွင် ဆိုက်ဘာလိမ်လည်မှု အစုအဖွဲ့များ တည်ရှိရာ ဒေသကို ကာလရှည်ကြာ ချုပ်ကိုင်ထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ KNA ရုံးစိုက်ရာ နယ်စပ်မြို့ဖြစ်သော မြဝတီမြို့သည် မြန်မာစစ်အစိုးရနှင့် သူပုန်တပ်များ နှစ်စဉ် နယ်စပ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရရှသည့်ကုန်သွယ်ရေးဇုန်ကို ကိုင်တွယ်ထိမ်းချုပ်ထားသည့် အဓိကစစ်စခန်းကို ထိန်းချုပ်ရန်အတွက် တိုက်ပွဲများဖြစ်ပွားလာခြင်းဖြစ်သည်။
“KNA မှ စီမံဆောင်ရွက်သည့် ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများသည် ရာဇ၀တ်ဂိုဏ်းများနှင့် ၎င်းတို့၏လုပ်ဖော်ကိုင်ဖက်များအတွက် ဝင်ငွေဘီလီယံပေါင်းများစွာကို ရရှိစေပြီး အလိမ်ခံရသူသားကောင်များမှာ၎င်းတို့၏ ခက်ခက်ခဲခဲ ရှာဖွေထားသောစုဆောင်းငွေနှင့် လုံခြုံရေးအသိများကို ဆုံးရှုံးစေသည်” ဟု ဒုတိယဝန်ကြီး Michael Faulkender က ပြောကြားခဲ့သည်။ “ဘဏ္ဍာရေးဌာနသည် ဤကွန်ရက်များကို တိုက်ဖျက်ဟန့်တားရန်နှင့် ဤရာဇ၀တ်မှုအစီအစဥ်များမှ အကျိုးအမြတ်ရှာသူများကို တာဝန်ခံရန် ရနိုင်သောကိရိယာအားလုံးကို အသုံးပြုရန် ကတိပြုပါသည်။”ဟုထုတ်ပြန်ချက််ကဖော်ပြသည်။ မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် အပ်နှင်းခဲ့သော ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်၊မြန်မာ့ စစ်အာဏာရှင်များနှင့် ဆက်ဆံရေး သည် စောချစ်သူ၏ အာဏာကို တည်ဆောက်ရန် အထောက်အကူ ဖြစ်စေခဲ့သည်ဟုသတင်းကဆိုသည်။
ပုံစာ-စောချစ်သူရဲ့သား၂ဦး