မေလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ပြိုကျခဲ့သည့်ထိုင်းနိုင်ငံ နိုင်ငံတော် စာရင်းစစ်ချုပ်ရုံး (SAO) အဆောက်အဦအတွက် စီမံကိန်းစီမံခန့်ခွဲရေးကုမ္ပဏီ PKW Joint Venture လက်အောက်ရှိ အင်ဂျင်နီယာ ၃၆ ဦးအနက် ၂၈ ဦးသည် စီမံကိန်းကြီးကြပ်မှုအစီရင်ခံစာတွင် ၎င်းတို့၏ လက်မှတ်များမှာအတုများဖြစ်ကြောင်း စုံစမ်းရေးမှူးများအား ပြောကြားခဲ့သည်ဟု Thai Enquire သတင်းကဖော်ပြသည်။ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) ၏ ပြောရေးဆိုခွင့်ရှိသူ ရဲမှူး Woranan Srilam က ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ သိမ်းဆည်းရမိသော စာရွက်စာတမ်းဘူး ၁၂၁ ဘူးအား တာဝန်ရှိသူများက ကနဦး ပြန်လည်စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပစ္စည်းများအား အုပ်စုသုံးစု ခွဲခြားထားပြီး ဖက်စပ်လုပ်ငန်းမှ စာရွက်စာတမ်းများ (ဆောက်လုပ်ရေး၊ ဝယ်ယူရေးနှင့် အကောင်အထည်ဖော်ရေးဆိုင်ရာ)၊ ကြီးကြပ်ရေးဆိုင်ရာ စာရွက်စာတမ်းများ (ဒီဇိုင်းပြောင်းလဲမှု အဆိုပြုချက်များအပါအဝင်) နှင့် SAO၊ ပရောဂျက်ပိုင်ရှင်ထံမှ စာရွက်စာတမ်းများဖြစ်ကြသည်ဆိုဟုဆိုသည်။စာရွက်စာတမ်းအများစုသည် အမှုနှင့်သက်ဆိုင်သည်ဟု ယူဆကြပြီး အသေးစိတ်စစ်ဆေးမှုခံယူရမည်ဖြစ်သည်။ မသက်ဆိုင်သောပစ္စည်းများ ပြန်လည်ပေးအပ်မည်ဟုလည်းသတင်းကဆိုသည်။ DSI သည် ရှင်းလင်းချက်များအတွက် စာရွက်စာတမ်းပိုင်ရှင်များကို ဆင့်ခေါ်မည်ဖြစ်ပြီး ၊နောက်ထပ်သက်သေများကို ခေါ်နိုင်သည်။
အဆိုပါ စုံစမ်းစစ်ဆေးမှုအား ပြည်သူ့လုပ်ငန်းဦးစီးဌာန၊ မှုခင်းသိပ္ပံဗဟိုဌာန၊ ထိုင်းစက်မှုစံနှုန်းဌာနနှင့် Bang Sue ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ စုံစမ်းစစ်ဆေးလျက်ရှိသည်။ရုပ်ပိုင်းဆိုင်ရာ အထောက်အထားများ—ကွန်ကရစ်နှင့် သံမဏိနမူနာများ—သည် ညံ့ဖျင်းသောပစ္စည်းများ သို့မဟုတ် ဒီဇိုင်းချို့ယွင်းချက်များကြောင့် ပြိုကျခြင်းရှိမရှိ ဆုံးဖြတ်ရန် ခွဲခြမ်းစိတ်ဖြာလျက်ရှိသည်။ စုံစမ်းရေးမှူးများက ဓာတ်လှေကား၏မဏ္ဍိုင်တွင် အရေးကြီးသော အထောက်အထားများ ပါနေသောကြောင့်ထိန်းသိမ်းထားရန်လည်းမေတ္တာရပ်ခံထားသည်။
ဧပြီလ ၂၉ ရက်မှ မေလ ၂ ရက်အတွင်း ဆင့်ခေါ်စာ ၄၀ ကို အင်ဂျင်နီယာချုပ်က ထုတ်ပြန်ခဲ့သည်။ လိုက်နာသူ ၃၆ ဦးအနက် ၂၈ ဦးက ၎င်းတို့လက်မှတ်များမဟုတ်ဟုငြင်းဆိုခဲ့ပြီး ၈ ဦးမှာ လက်မှတ်များကို အတည်ပြုခဲ့သည်။ ကျန် ၄ ယောက်မှာယခုအချိန်ထိပေါ်မလာကြသေးပါ။ အခြားနှစ်ဦးဖြစ်သည့် Somkiat Chusangsuk, Thailand of Engineering Institute လက်အောက်ရှိ အင်ဂျင်နီယာဌာန၏ ဥက္ကဋ္ဌနှင့် Chairit (ရှေ့ဆုံးကနံမည်ကိုထုတ်ဖော်မပြပါ)ကဆန္ဒအလျောက် ရောက်ရှိလာပါသည်။ စာရွက်စာတမ်းများတွင် စုစုပေါင်း အင်ဂျင်နီယာ ၅၁ ဦးကို တွေ့ရှိခဲ့သည်။ အခုအချိန်အထိ ၃၈ ဦးကို စုံစမ်းစစ်ဆေးရေးမှူးများကစုံစမ်းမေးမြန်းမည်ဖြစ်သည်။
ကျန် ၁၃ ဦးသည် လာမည့်အပတ်တွင်ရောက်ရှိလာမည် မျှော်လင့်ထားသည်။DSI ၏ စားသုံးသူကာကွယ်ရေးဌာနခွဲသည် အဆိုပါနေရာ၌တွေ့ရှိရသောအနီရောင်ဖုန်မှုန့် (လျှပ်စစ်မီးဖိုမှဖုန်မှုန့်) သည် တည်ဆောက်မှုတွင်အသုံးပြုသည့်သံမဏိနှင့်ဆက်စပ်မှုရှိမရှိကိုဆုံးဖြတ်ရန် စက်မှုလုပ်ငန်းဌာနနှင့်လည်းပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ DSI ညွန်ကြားရေးမှူး Yutthana Praedam သည် လာမည့်သီတင်းပတ်တွင် စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ အများပြည်သူအား ရှင်းလင်းပြောကြားမည်ဟုမျှော်လင့်ရသည်။ ဤအတောအတွင်း၊ PKW ပရောဂျက်မန်နေဂျာနှင့် ဆိုက်ကြီးကြပ်ရေးမှူး Somchai Sapyen တို့အာ အထူးသဖြင့် ပြန်လည်ပြင်ဆင်ထားသော ဓာတ်လှေကားအမာခံဒီဇိုင်းကို ၎င်းတို့၏ခွင့်ပြုချက်နှင့်ပတ်သက်၍ ဆက်လက်မေးမြန်းနေပါသည်။